ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်

Thursday, September 11, 2014

MyChat App စတင်ဖြန့်ချိသည့် ပထမတစ်ပတ်အတွင်း သူငယ်ချင်းဖွဲ့ရန် ကမ်းလှမ်းမှုပေါင်း ၇၀,၀၀၀ ကျော်ရှိ


MyChat App စတင်ဖြန့်ချိသည့် ပထမတစ်ပတ်အတွင်း သူငယ်ချင်းဖွဲ့ရန် ကမ်းလှမ်းမှုပေါင်း ၇၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်ထားပေးသော စတစ်ကာများဖြင့် အသုံးပြုနိုင်မည့် MyChat အခမဲ့ Messaging App အား စတင်ဖြန့်ချိပြီး နှစ်ပတ်အတွင်း ပြည်ပနိုင်ငံများကပါ အသုံးပြုလာကြောင်း၊ ထိုင်း၊ ဗီယက်နမ်၊ တောင်ကိုးရီးယား၊ မလေးရှားနှင့် အမေရိကန် အစရှိသောနိုင်ငံများတွင်ပါ အသုံးပြုလာကြကြောင်း MyChat မှ သတင်းထုတ်ပြန်သည်။


MyChat စတင်သည့် ပထမနေ့တွင် ၂၄ နာရီအတွင်း စတစ်ကာပို့မှုပေါင်း ၁၀၀ ကျော်ရှိကြောင်း၊ ဦးရွှေရိုးနှင့် ဒေါ်မိုး စတစ်ကာသည် လူကြိုက်အများဆုံးနေရာတွင် ရှိနေပြီး ဖိုးသာထူးနှင့် ဖိုးဝရုပ်တို့မှာ ဒုတိယနှင့် တတိယနေရာတွင် ရှိကြောင်း သိရသည်။ MyChat ကို သြဂုတ်လ ၂၇ ရက်တွင် စမ်းသပ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး Android ဖုန်း၊ Tablet များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ APP ကို Google Play, My Store, One Mobile Market တို့တွင် ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit:Internet Journal

No comments:

Post a Comment