ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်

Thursday, September 11, 2014

HTC က 64-bit Processor တပ်ဆင်ထားသော Desire 820 ကို ကြေညာ


HTC က Desire 816 ၏ မျိုးဆက်ဖြစ်ပြီး 64-bit Processor တပ်ဆင်ထားသော ဒုတိယ ဖုန်းဖြစ်သည့် Desire 820 ကိုကြေညာလိုက်ပါသည်။

Desire 820 သည် Cortex-A53 Cores ရှစ်လုံးတပ် Octa-Core CPU ပါရှိသော Qualcomm Snapdragon 615 ကို အသုံးပြုထားသော ပထမဆုံး ဖုန်းဖြစ်ပါသည်။ Core လေးလုံးမှာ 1.5GHz နှင့် အခြား Core လေးလုံးမှာ 1.0GHz အမြန်နှုန်း ရှိပါသည်။ Adreno 405 GPU တပ်ဆင်ထားပါသည်။ SoC သည် 64-bit Architecture ကို အခြေခံထားပြီး 64-bit Processing ကို အသားပေးထားသော Android L သို့ အဆင့်မြှင့်တင်ပေးမည် ဖြစ်သည်။


Desire 820 တွင် ၅.၅ လက်မ 1280x720pixels Display တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13 MP နှင့် မျက်နှာချင်းဆိုင်တွင် 8 MP Camera တပ်ဆင်ထားပါသည်။ အရှေ့ဘက်တွင် BoomSound Speakers များပါရှိပါသည်။ Cat 4 LTE ဆက်သွယ်မှုကို အထောက်အပံ့ပေးပါသည်။

Desire 820 ကို စက်တင်ဘာလကုန်တွင် ရောင်းချမည် ဖြစ်သည်။ နိုင်ငံအချို့တွင် Dual-SIM အမျိုးအစားကို ၀ယ်ယူနိုင်မည်ဟု သိရပါသည်။ အဖြူ၊ အညို၊ အပြာနှင့် လိမ္မော်ရောင်များ ထုတ်လုပ်ပေးထားပါသည်။

Credit:Myanmar Digital Life Journal

No comments:

Post a Comment