ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်
Showing posts with label မြန်မာစာတန်းထိုး ဇာတ်ကားများ. Show all posts
Showing posts with label မြန်မာစာတန်းထိုး ဇာတ်ကားများ. Show all posts

Monday, September 7, 2015

Monkey King: Hero Is Back (2015) မြန်မာစာတန်းထိုး



2015 July 10 ရက်နေ့ကမှ ရုံတင်ထားတဲ့ စွန်းဝူခုန်း ကာတွန်းကားသစ်လေး......
ဝင်ငွေအများဆုံး ၂၀၁၅ကာတွန်းအဖြစ်နဲ့ မှတ်တမ်းရေးထိုးခဲ့တဲ့ ဇာတ်ကားလေးပါ
ဒီဇာတ်ကားလေးကတော့ အထူး Animation တွေနဲ့ မွန်းမံပြင်ဆင်ထားပြီး ယခင် စွန်းဝူခုန်းကားတွေနဲ့ တူညီခြင်းမရှိဘဲ

ချစ်စဖွယ်ကောင်လေးငယ်တစ်ဦးကို ပါဝင်စေပြီး ရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပါတယ်
၂၀၁၅ရဲ့ အကြည့်သင့်ဆုံးကာတွန်းကားဖြစ်ပြီး IMDb rating 7.8 ရရှိထားတဲ့ဇာတ်ကားလေးပါ။

Myitkyina
KNT Entertainment Group

File Size 565.1MB

 File Size 1GB

Friday, August 28, 2015

Shankar's I(2015) မြန်မာစာတန်းထိုး

ချစ်သူနှစ်ဦးရဲ့ ခိုင်မြဲမှုသင်္ကေတမှာရုပ်ရည်က အဓိကကျနေပါသလား။သင်သာဆိုလျှင်ကောရုပ်ရည် ပျက်ယွင်းသွားတဲ့ချစ်သူကိုပစ်ခွာမသွားဘဲအချစ်စစ် ကိုဖော်ကျူးနိုင်မလား မိတ်ဆွေ။ ဒီဇာတ်ကား မှာတော့ အချစ်စစ် ကိုဖွဲ့ဆိုပြထားပြီးIMDB  7.8 /10  ရထားတဲ့အတွက် လည်းဇာတ်ကားကောင်းအနေနဲ့ရော အချစ်ရဲ့အဓိပ္ပါယ်ကို ပြောပြပေးစွမ်းမယ့်ဇာတ်ကားကောင်းလေးအဖြစ်ရောသတ်မှတ်ထားမိပါတယ်။

(ဇာတ်လမ်းအကျဉ်း)

ဇာတ်လမ်းအစမှာတော့သတို့သမီးကို ရုပ်ဆိုးဆိုး ခါးကုန်းကုန်းရွတ်တွနေတဲ့သူတစ်ဦးက ဖမ်းခေါ်သွားခဲ့ခြင်းမျိုးနဲ့အစပြုထားပါတယ်။တကယ်တမ်းတော့ဖမ်းယူသွားခဲ့သူဟာ သာမန်သူမဟုတ်ခဲ့ပါဘူး။
သူဟာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိထားတဲ့လင်ဂီချန် ဆိုသူပါ။ကောင်မလေးကလည်း
ဒိုင်ယာဆိုတဲ့ မော်ဒယ်လ်ချောလေးတစ်ဦးဖြစ်ပါတယ်။အတိတ်မှာဖြင့် လင်ဂီချန်ဟာမစ္စတာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိခဲ့ပြီးMR.INDIA ဆိုတဲ့ကာယဗလမောင်ဆုကိုပါယှဉ်ပြိုင်ရယူရန် ရည်မှန်း ထားခဲ့တဲ့သူပါ။အချစ်ရေးမှာလည်းသူဟာ ဒိုင်ယာ ဆိုတဲ့မော်ဒယ်မလေးကိုစွဲလမ်းမိပြီး ရုပ်မြင်သံကြားဖန်သားပြင်မှတိတ်တခိုး ချစ်ခင်နေမိခဲ့တာပါ။တစ်နေ့မှာတော့ လင်ဂီချန်ဟာ
ဒိုင်ယာ ရှိနေတဲ့ရိုက်ကွင်းနေရာဆီလာရောက်ပြီးဒိုင်ယာကိုတောင် လာမိတ်ဆက်ခဲ့ပါတယ်။ တစ်ဖက်မှာလည်းဒိုင်ယာဟာ ချောမောလှတဲ့မိန်းကလေးဖြစ်တာကြောင့်ဂျွန် ဆိုတဲ့ မင်းသားကလည်း
ချစ်ရေးဆိုခဲ့ပါသေးတယ်။ဒိုင်ယာကတော့ ငြင်းပယ်လိုက်ပါတယ်။ဒါကြောင့်ဂျွန်ဟာ ဒိုင်ယာနဲ့ပတ်သက်တဲ့
ရှုတင် အားလုံးကိုဖျက်ပြီး ဒိုင်ယာကိုကလဲ့စားချေလိုက်ပါတယ်။အဲ့ဒီနောက် ဒိုင်ယာရဲ့ရှုတင်တွေနည်းပါးလာပြီးဒိုင်ယာဟာ လင်ဂီချန်နဲ့ သရုပ်ဆောင်ရန် အကြံရခဲ့ပါတယ်။ လင်ဂီချန်အနေနဲ့လည်း ၀မ်းပန်းတသာလက်ခံပြီးဒိုင်ယာနဲ့အတူ သရုပ်ဆောင်ခဲ့ကြတယ်။
သို့သော် အချစ်ရေးဘက်တွင်လည်း မ၀ံ့ရဲသောလင်ဂီချန်အတွက်တော့ သရုပ်ဆောင်မှုတွေကလည်း
မပီပြင်ခဲ့ပါဘူး။ဒါကြောင့် ဒါရိုက်တာရဲ့အကြံပေးချက်အရဒိုင်ယာဟာ လင်ဂီချန်ကို ချစ်သူအယောင်ဆောင်တွဲခဲ့ပြီးသရုပ်ဆောင်ပီပြင်စေခဲ့ပါတယ်။သို့သော်ဤကဲ့သို့ ချစ်သူ အယောင်ဆောင် ထားခြင်းအားလင်ဂီချန်သိခဲ့လေသောအခါ ----။ဘာတွေဆက်ဖြစ်လာမလဲ။ချစ်တတ်လွန်းသူအတွက်
အပေးဆပ်ခံနှလုံးသားကိုဖဲ့ကျိုးခံရခြင်းကနာကျည်းမှုတွေများ သန္ဓေတည်စေခဲ့မလားဆိုတာ
ဝမ်းနည်းဖွယ် ကြည့်ရှုရဦးမှာပါ။လင်ဂီချန် အတွက်ပေးဆပ်မှုတွေက ၀မ်းနည်းမှုဖြစ်ခဲ့သလို
မနာလို ရန်သူတွေလည်းပေါ်ပေါက်လာခဲ့ပါတယ်။လင်ဂီချန် ဟာ ဗလမောင်ပြိုင်ပွဲတုန်းက
ရာဗီးဆိုတဲ့သူနဲ့ ပြဿနာဖြစ်ခဲ့ဖူးပါသေးတယ်။ရာဗီးကတော့ အခဲမကြေနိုင်ဘဲ အငြိုးထားခဲ့ရာမှ
(သူကဲ့သို့ လင်ဂီချန် အားဖယ်ရှားလိုသူ)မင်းသားဂျွန်နဲ့တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှုကတော့လင်ဂီချန် အတွက်အကြီးမားဆုံးသောအန္တရာယ်ကြီး ဖြစ်စေခဲ့ပါတယ်။အဲဒီနောက်လင်ဂီချန်ရဲ့နေ့ရက်တွေဟာဘယ်လိုများဖြစ်ပေါ်စေခဲ့မလဲဆိုတာလည်း
ရင်မောဖွယ် ကြည့်ရှုရမှာပါ။ဒီဇာတ်ကားမှာတော့နောက်ကျောဓားထိုးတတ်တဲ့ မိတ်ဆွေအတု အယောင်တွေ ကိုဖယ်ရှားသင့်ကြောင်းအသိပေးခဲ့အပြင်ချစ်ခြင်းမေတ္တာ သစ္စာတရားတွေနဲ့လူ့နှလုံးသားအကြောင်းလည်း
ဖွင့်လှစ်ပြပေးခဲ့တယ်။ကျွန်တော့်အတွက်တော့ဒီဇာတ်ကားလေးမှာ မထင်မှတ်ရခဲ့တဲ့မြှုပ်ကွက်တစ်စုံက ရင်ဘတ်အရှိုက်ကိုထိမှန်စေခဲ့ပါတယ်။အတိတ်နဲ့ပစ္စုပ္ပန်ကို တစ်လှည့်စီပြသပေးရင်း
စိတ်ကိုနှိုးဆွစေခဲ့တယ်။မိတ်ကပ်ပညာအလွန်ကောင်းမွန်ပြီးဇာတ်အိမ်ဖွဲ့ပုံခိုင်မာလွန်းတာကြောင့်တသသကျန်ရစ်စေမယ့်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ထို့အပြင်
လင်ဂီချန် တစ်ယောက်ရဲ့နေ့စွဲရက်တွေကခါးကုန်းကုန်းနဲ့ ရွတ်တွသူတစ်ဦးဖြစ်အောင်
မည်သို့ များပြောင်းလဲစေခဲ့တာလဲ။ဒိုင်ယာ နဲ့ လင်ဂီချန်တို့ရဲ့ အချစ်ရေးကရောမည်သို့ရှေ့ဆက်ကြမလဲ။လင်ဂီချန်အတွက်တော့ မမြင်နိုင်တဲ့အန္တရာယ်
မည်သူတွေက ဇာတ်လမ်းရဲ့အဓိက ရန်သူဖြစ်လာစေခဲ့မလဲ။လင်ဂီချန်ရဲ့ လှည့်ကွက်ဆန် တုံ့ပြန်လက်စားချေမှုကရောဘယ်လိုမျိုးလဲ ဆိုတာစိတ်လှုပ်ရှားစွာ မြင်တွေ့ရဦးမှာပါ။ဒါ့ပြင်
လင်ဂီချန် အတွက် ကံကြမ္မာက တဖန်ပြန်လည်မျက်နှာသာပေးဦးမလား။
အရင်လို အခြေအနေ ပြန်ကောင်းလာခဲ့မလားဆိုတာကတော့ဇာတ်ကားလေးကြည့်ရင်း
ခန့်မှန်းကြည့်ရှုလိုက်ကြစို့နော်။





File Size             : 980 MB
Quality               : Blu Ray 720P
Format               : Mkv
Running Time   : 2hr 50 Minute
Genre                :Action, Romance, Thriller         
Encoder            : Joker.phs

Download And watch With Pcloud Link

(ဇာတ်ကားအညွှန်းအား Channel Myanmar ပရိသတ် မောင်အောင်ပိုင်ဖြိုးမှရေးသားတင်ဆက်ပါသည်။)

http://www.channelmyanmar.com/

Ninja Assassin (2009) မြန်မာစာတန်းထိုး

Korea မင်းသား Rain ပါဝင်ထားတဲ့ Ninja ဇာတ်ကားဖြစ်ပါတယ်။
IMDb Rating(6.4/10) ရရှိထားပါတယ်။
မြန်မာစာတန်းထိုးကိုတော့ ညီလေး ကသာသားလေး မှရေးသားပေးခဲ့ပါတယ်။

File size...940MB  
Quality....Blu-ray Rip 720p
Format...Avi
Duration....01:39:00
Subtitle....Myanmar Subtitle (Hardsub)
Encoder....Kyaw Swar Win

Download and Watch (pCloud Link) 

http://www.channelmyanmar.com/

The Runner (2015) မြန်မာစာတန်းထိုး

 2015 မှာထွက်ရှိထားတဲ့ နီကိုလပ် ကေ့ခ်ျ ရဲ့ နောက်ဆုံးဇာတ်ကားသစ်ဖြစ်ပါတယ်..ဒါရိုက်တာ Austin Stark က

ရိုက်ကူးတင်ဆက်ထားပြီးတော့ IMDb Rate က 4.5 ရရှိထားပါတယ်..Drama ဇာတ်လမ်း
အမျိုးအစားဖြစ်ပြီး နီကိုလပ် ကေ့ခ်ျရဲ့ ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်
Rating တွေ နည်းနေတာတော့သတိထားရမှာပါ

Filesize : 838 MB
Quality : WEB-DL
Format : mp4
Running Time : 1h 30m
IMDb Rate : 4.5
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK

Download And Watch With Pcloud Link 



http://www.channelmyanmar.com/

About Cherry (2012) မြန်မာစာတန်းထိုး 18+

 Director: Stephen Elliott ရိုက်ကူးတင်ဆက်ထားပြီးSeptember 21, 2012 (USA) မှာရုံတင်ခဲ့တဲ့ ဖော်ချွတ်အလှပြ ဓါတ်ပုံရိုက်ပြီး ဘ၀ ကို အသက်မွေးတဲ့မိန်းကလေး တစ်ယောက်အကြောင်း ရုပ်ရှင်ဇတ်ကားလေးပါ....
အိန်ဂျယ်လီနာ ဟာ အ၀တ်လျှော် ပင်မင်းဆိုင်မှာ အလုပ်လုပ်တဲ့မိန်းကလေးပါ သူ့မှာ ကြည့်ရှုရမယ့် အရက်ဂျိုးကပ် နေတဲ့ အမေနဲ့အရွယ်မရောက်သေးတဲ့ ညီမလေး တစ်ယောက် ရှိပါတယ်သူတို့ က အရက်စွဲနေတဲ့ အမေယူထားတဲ့ ပထွေးနဲ့ နေရပါတယ်အိန်ဂျယ်လီနာ မှာလဲ အိမ်မှာ မနေရဲလောက်အောင်ပါပဲအလုပ်က ပြန်လာပြီး အရက်မူးနေတဲ့ ပထွေးက မကောင်းကြံမှာစိုးလို့ညည ညီမလေးဖြစ်သူကို ဖက်ပြီး အိပ်ရပါတယ် ညီမဖြစ်သူကိုလဲ စောင့်ရှောက်ရင်းကိုယ့်ကိုကိုယ်လဲ ကာကွယ်နေရတာပေါ့...တစ်ရက်မှာတော့ ကလပ်မှာ ဂစ်တာ တီးတဲ့ အိန်ဂျယ်လီနာ ရဲ့ ရည်းစားကနေဖော်ချွတ် ဓါတ်ပုံရိုက်ဖို့ ကမ်းလှမ်းလာပြီး ဒေါ်လာ ၅၀၀ ပေးမယ်လို့ ဆိုပါတယ်မိသားစု အတွက် ငွေလိုနေတဲ့ အိန်ဂျယ်လီနာ တစ်ယောက်လက်ခံ ဓါတ်ပုံရိုက်ပြီး နောက် အမေ နဲ့ ညီမလေး က သိသွားလို့အရှက်ရတယ်လို့ ပြောလာပါတယ် သူမ အနေနဲ့ ထိုပိုက်ဆံတွေကိုမိသားစုအတွက်သုံးတာ ဖြစ်ပြီး ယခုလို မိသားစုကနေ အရှက်ရတယ်ပြောလာတဲ့အတွက်ဝမ်းနည်းပြီး သူငယ်ချင်းဖြစ်သူ နဲ့ တစ်ခြားမြို့မှာ အိမ်ငှားနေရင်းအလှပြ ဓါတ်ပုံရိုက် အဖွဲ့နဲ့ စပ်ဆက်လို့ လိင်အတု လုပ်ပြီး
အွန်လိုင်းတင်ရောင်းတဲ့ အဖွဲ့နှင့် ချိတ်မိကာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပါတော့တယ်
အိန်ဂျယ်လီနာ တစ်ဖြစ်လဲ ချယ်ရီ ဖြစ်လာမယ့် အလှပြ မိန်းကလေး တစ်ယောက်ရဲ့
ဘ၀မှာ အချစ်တွေ ဘ၀တွေ မိသားစု တွေ နဲ့ ဘယ်လိုရင်ဆိုင်ရတယ်ဆိုတာ
ဒီဇတ်ကားလေးကို ကြည့်ရှုရင်း သိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်...
(သစ်ဆန်းခန့်)
Download Link






http://www.channelmyanmar.com/

Monday, August 17, 2015

The Raid 2 (2014) မြန်မာစာတန်းထိုး



ဒီဇာတ်ကားက အင်ဒိုနီးရှား သည်းထိတ်ရင်ဖို မှုခင်း အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။
အံ့သြစရာကောင်းတာကတော့ Rating တွေ အများကြီးရရှိထားတာပါပဲ။
IMDb Rating (8/10)... Rotten Tomatoes (79%) ...Metacritic (71%) ထိရရှိထားပါတယ်။
အာရှဇာတ်ကားတွေထဲမှာတော့ တော်တော်လေးကောင်းတဲ့ အက်ရှင်ဇာတ်ကားဆိုတာ ငြင်းလို့မရပါဘူး။
၂၀၁၁ ခုနှစ်က ထွက်ခဲ့တဲ့ The Raid: Redemption ရဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ ..........
လူဆိုးဂိုဏ်း ခေါင်းဆောင်တွေ၊ စိတ္တဇ ဝေဒနာသည်တွေနဲ့ ပြည့်နေတဲ့ အဆောက်အဦကြီးထဲမှာ တိုက်ခိုက်ပြီး

ထွက်ခွာလာတဲ့နောက်ပိုင်း ဂျာကာတာ ရဲသား ရမ်ဟာ အရာအားလုံးဟာ ပြီး
ဆုံးသွားခဲ့ပြီ၊ သူဟာ သာမန်ဘ၀မှာ နေထိုင်နိုင်ပြီလို့ စဉ်းစားပါတယ်။ သူကြုံခဲ့ရတဲ့ တိုက်ခိုက်မှုကြီးမှာက ရဲနဲ့

လူဆိုးတွေရဲ့ အလောင်းတွေဟာ အခန်းတစ်ခုလုံး ပြည့်မတတ်ပါပဲ။ ဒီလိုအခြေအနေကို ကြုံတွေ့ခဲ့ရတော့ ရမ့်အနေနဲ့

ထပ်ပြီး အမှားတွေ မလုပ်ချင်တော့ဘူး။
သူ့ရဲ့ ပြိုင်ဘက်တွေဟာ ဖြုံလောက်တယ်ဆိုပေမဲ့ ဒီအဆောက်အဦထဲမှာတော့ ကြမ္မာငင်သွားခဲ့ရပါတယ်။ ဒါပေမဲ့

သူ့မိသားစုကတော့ အန္တရာယ်ရှိနေပါပြီ။ ရမ့်အနေနဲ့ သူ့ဇနီးနဲ့ မွေးကင်းစအရွယ် သားငယ်ကို ကာကွယ်ဖို့သာ

ရွေးချယ်စရာ ရှိပါတော့တယ်။ ဒါကြောင့် သူဟာ ဒုစရိုက်လောကကို လျှို့ဝှက်ဝင်ရောက်ရ ပါမယ်။ ခြစားနေတဲ့

နိုင်ငံရေးသမားတွေနဲ့ ရဲတွေဆီကို ပြိုင်ဆိုင်နေတဲ့ အင်အားစုတွေကို အဆင့်ဆင့် ၀င်ရောက်ရမှာပါ။ ရောက်ပြီဆိုမှ

သူတို့ရဲ့ အပြုအမူတွေကို ရပ်တန့်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ရမ်ရဲ့ ရှည်လျားတဲ့ ခရီးကြမ်းကြီးကို

စတင်ခဲ့ပါတယ်။ ဒီခရီးဟာ သူ့ရဲ့ ကိုယ်ပိုင်ဘ၀ကနေ ကွဲထွက်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ ယုဒါ့အဖြစ်

တာဝန်ပေးအပ်ခံရတယ်။ ထောင်ထဲမှာတော့ သူဟာ နာမည်ကြီး လူဆိုးဂိုဏ်းမှာ အခရာတစ်ဦးရဲ့သား ယူကိုရဲ့

ယုံကြည်မှုကိုရရှိခဲ့ပြီး လူဆိုးဂိုဏ်းနဲ့ ဆက်သွယ်ဝင်ရောက်တယ်။
နောက်ပိုင်းမှာတော့ ဆိုးဆိုးရွားရွား အခြေအနေမှာ ရောက်ရှိနေတဲ့ အဖွဲ့အစည်းကြီးကို အဆုံးသတ်သွားစေဖို့

ဘ၀တစ်ခုလုံး ပုံအောပြီးကြမ်းကြမ်းရမ်းရမ်း ဆောင်ရွက်သွားတာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဇာတ်ကားကောင်းလေးအဖြစ် တော်တော်များများက ရွေးချယ်မှတ်ချက်ပေးထားတာကို

တွေ့ရလို့အက်ရှင်ကားတွေကြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် တင်ဆက်လိုက်ပါတယ်။
အောက်ကလင့်မှာဒေါင်းပါ။

File size...(1.1GB) 
Quality...BD-Rip 720p

Format...mp4
Duration....02:30:27
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(690MB)

(ရုပ်ရှင်အညွှန်းကို people.com.mm မှကူးယူဖော်ပြပါသည်။)

>>>Nyeinsaeya Aung<<<

http://www.channelmyanmar.com

The White Haired Witch of Lunar Kingdom (2014)မြန်မာစာတန်းထိုး




ဒီဇာတ်ကားလေးကိုတော့ ကျနော်ကြိုက်လွန်းလို့
မြန်မာစာတန်းထိုးပြီး တင်ပေးလိုက်ပါတယ်..
တရုတ် Fantasy ဇာတ်ကားတွေ နှစ်သက်တဲ့ကျနော့်အတွက်ကတော့
ဒီဇာတ်ကားလေးကို တော်တော်ကြိုက်မိတယ်ဗျာ..
ဒီဇာတ်ကားမှာ ဘယ်သူက ပိုချစ်သလဲဆိုတာမျိုးကိုအဖြေမထုတ်သလို
ကျနော်ဆိုရင် မြန်မာစာတန်း ရေးရင်းမျက်ရည်ဝဲ တဲ့အထိခံစားရပါတယ်..
မြန်မာစာတန်းထိုးနဲ့ မကြည့်ရသေးရင် ကြည့် ကြည့်ဗျာ..
The Four နဲ့ဘာမှ မဆိုင်အောင်ကောင်းတဲ့ ဇာတ်ကားပါ.. 
 YouTube ကရော pCloud  ကနေပါ တင်ပေးထားပါတယ်..
အဆင်ပြေရင် ကျနော့်ရဲ့ ချမ်းငြိမ်း-မှော်ဝန်း Pages လေးကိုလည်း

Girl House (2014) မြန်မာစာတန်းထိုး (18+)




ဒီဇာတ်ကားလေးကတော့ အသက် ၁၈ နှစ် ပြည့်ပြီးတဲ့
သူငယ်ချင်းတွေ လက်လွှတ်မခံသင့်တဲ့..
Horror, Thriller အမျိုးအစားဖြစ်ပြီး
အသက်ရူမှားလောက်တဲ့ ဇာတ်ဝင်ခန်းတချို့ရယ်
လူသတ်တဲ့ အခန်းတွေပါတာရယ်ကြောင့်
ကလေးတွေ ကြည့်ဖို့ လုံးဝလုံးဝ မသင့်ပါ...။
ဇာတ်လမ်းကတော့ ....
ကောလိပ်ကျောင်းသူတဦးဖြစ်တဲ့ ကိုင်လီ ဟာ
ဖခင်ဆုံးပါးသွားတာမို့ ကျောင်းဆက်တတ်ဖို့
အခက်အခဲတွေ့နေတဲ့ အချိန်မှာ
အွန်လိုင်းက ဖျော်ဖြေရေး ၀က်ဆိုဒ် တခုဖြစ်တဲ့
Girl House ကနေ ကမ်းလှမ်းခံရပါတယ်..
Girl House ဆိုတာကတော့ အိမ်ကြီးတလုံးမှာ
ရေချိုးခန်းပါမကျန် ကင်မရာတွေတတ်ဆင်ပြီး
အမျိုးသမီးတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေသာမက
လိင်ဖျော်ဖြေရေးအသွင်တွေနဲ့ပါ
 အွန်လိုင်းမှာ တိုက်ရိုက်တင်ဆက်ရတဲ့အလုပ်ဖြစ်တယ်..။
အဲဒီအချိန်မှာပဲ ကိုင်လီ နဲ့ မူလတန်းကတည်းက
အတူတတ်ခဲ့တဲ့ သူငယ်ချင်းတယောက်နဲ့ 
ကျောင်းမှာ ပြန်ဆုံကြတယ်..။
တချိန်ထဲမှာပဲ ကိုင်လီ ဟာအွန်လိုင်းက
ပရိတ်သတ်တယောက်ဖြစ်တဲ့ လပ်ဗာဘွိုင်း နဲ့
ပါတ်သတ်မိပါတယ်..
လပ်ဗာဘွိုင်း ဟာငယ်စဉ်ကသူ့ကို သရော်စော်ကားခဲ့တဲ့
မိန်းကလေးတယောက်ကို သတ်ခဲ့တဲ့
စိတ္တဇလူသတ်သမားတယောက်ဖြစ်တယ်...
အဲဒီနောက်မှာတော့...
မကြည့်သေးတဲ့ သူငယ်ချင်းတွေနဲ့ လူငယ်တွေ
လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးပါ..
vidzi ကနေတိုက်ရိုက်ကြည့်နိုင်အောင်တင်ပေးထားသလို
pCloud ကနေဖိုင်ဆိုဒ် အကြီး အသေး ၂ မျိုးနဲ့ တင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့


 

Friday, August 14, 2015

Green Chair-Love Conceptually (2013) မြန်မာစာတန်းထိုး (18+)

 Profile

    Movie: Green Chair 2013 - Love Conceptually, 2013
    Revised romanization: Noksaekuija 2013 - Reobeu Keonsebchueolri
    Hangul: 녹색의자 2013 - 러브 컨셉츄얼리
    Director: Park Chul-Soo
    Writer: Park Chul-Soo, Seo Kyung-Sook
    Producer: Ryoo Hyun-Jin
    Cinematographer: Lee Eun-Kil
    World Premiere: October, 2013 (Busan International Film Festival)
    Release Date: October 31, 2013
    Runtime: 97 min.
    Genre: Romance / Drama
    Distributor: Mountain Pictures
    Language: Korean
    Country: South Korea

Plot
Moon-Hee studied in the USA before returning to South Korea. She now runs an art institute. Moon-Hee has lived separately from her husband, because her husband doesn't want to divorce. Moon-Hee has an intimate relationship with her long-time lover In-Gyu and Professor Yoon.
Meanwhile, Moon-Hee’s  student Joo-Won always draws Moon-Hee’s face during class. When Joo-Won was young, his grandmother took him to a wedding. There, he saw Moon-Hee for the first time in a wedding dress. Joo-Won fell in love with her at first sight. To finally meet her, he takes her class.

File size...(800MB)
Quality...HD-Rip 720p
Format...mkv
Duration....01:37:33
Subtitle....Myanmar Subtitle (Hardsub)
Encoder....Nyeinsaeya Aung

Download and Watch HD 720p (pCloud Link)


http://www.channelmyanmar.com/

Tuesday, August 11, 2015

Unfriended (2015) မြန်မာစာတန်းထိုး

 Director: Leo Gabriadze ရိုက်ကူးတင်ဆက်ထားပြီးApril 17, 2015 (USA) မှာ ရုံတင်ပြသခဲ့တဲ့ Social Network ကိုအသုံးပြု၍ လူသတ်ခဲ့တဲ့ စိတ်ကူးယဉ် ဆန်ဆန် ဇတ်ကားလေးပါ...
ဇတ်လမ်း ကြာမြင့်ချိန်  1h 23m ခန့် ရှိပြီး Horror, Thriller အမျိုးအစားဖြစ်ပါတယ်ဇတ်လမ်းပုံစံလေးကတော့..တစ်ည မှာ Blaire နဲ့ Mitch တို့ စုံတွဲဟာ Skype မှ Chat နေကြပါတယ်..Jess ရယ် Adam Ken ရယ် Val တို့ဟာလဲ Group Chat နဲ့ ၀င်လာကြပါတယ်
သူငယ်ချင်းတို့ စကားပြောနေတုန်း Group Chat ထဲ Billie227 နာမည်နဲ့ အကောင့်တစ်ခု
Profile Picture မပါပဲ ၀င်လာခဲ့လို့ အားလုံး အံ့အားသင့်နေကြပါတယ် တစ်ယောက်ယောက် များ နောက်နေကြသလားပေါ့...သိပ်မကြာခင်ပဲ အဲ့ဒီတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့
ကျောင်းသူ Laura Barns ဖြစ်နေပါတယ်...ဒါနဲ့ သူတို့ အုပ်စု ဟာလဲ Laura Barns အကောင့်ကို တစ်ယောက်ယောက် Hacked လုပ်ပြီးအသုံးပြုချိန်းချောက်နေတယ်လို့ သံသယ ရှိလို့ Online မှာ အဖြေရှာကြပါတယ်...ဒီနေရာမှာ တစ်ခုပြောချင်တာကတော့ Skype & Facebook တို့ Gmail & အခြား
Software များစွာ အသုံးပြုပုံတွေ ပါဝင်လို့ နည်းပညာပိုင်း အားနည်းသူတွေ နားမလည်သလို
ဖြစ်နိုင်ပါတယ် နားလည်တဲ့သူတောင် မျက်စိနောက် ခေါင်းရှုပ်စေတဲ့ ဇတ်ကားမျိုးပါ...အထူးအဆန်းတွေကို မြင်ကြရမှာပါ Skype Group ကနေ Laura Barns ကိုထုတ်မရတာတွေ Facebook မှာ Laura Barns ကို Report လုပ်မရUnfriend လုပ်မရ ဖြစ်တာတွေက အထူးအဆန်းတွေပါပဲ...
သေသွားတဲ့ သူတစ်ယောက်က သူတို့ကို ဆက်သွယ်ပြီး သူတို့ Computer တွေဖုန်းတွေထဲက Data တွေ ဆွဲယူသွားပါတယ် ပြီးတော့ တစ်ယောက်ချင်းကို လိုက်သတ်ပါတယ်သူတို့ကို အဲ့ဒီလို ဖြစ်စေတာ သေသွားတဲ့ Laura Barns လား ဒါမှမဟုတ် အခြား တစ်ခုခုလားဆိုတာတော့ Download ဆွဲပြီး ဆက်ကြည့်ကြပါ...တစ်ခု သေချာတာ ခုတလော ခေတ်စားနေတဲ့ Social Network တွေပေါ်
မြင်နေရတဲ့ PA လုပ်ပြီး တိုက်ခိုက်နေတာတွေ မသင့်တော်အောင် ပုံတွေ ဖြတ်ညပ်ကပ်တွေ
သူငယ်ချင်း အချင်းချင်း စနောက်ရာကနေ လက်လွန်သွားတာတွေ က အစ မလုပ်သင့်ဘူးဆိုတာ
ဒီဇတ်ကားလေး ကြည့်ပြီးရင် နားလည်သွားပါလိမ့်မယ်...ကျနော် ဒီဇတ်ကားကို အစအဆုံး ကြည့်ပြီးနောက် Skype . Facebook . Twitter . Googleအစသဖြင့် Social Network တွေ့ နဲ့သာ ဇတ်ကားတစ်ခုလုံး ပြီးသွားပေမယ့် ဆင်ခြင်စရာတစ်ချို့ ကိစ္စတွေကိုတော့ သင်ယူလိုက်ရပါတယ်...

ကြည့်လိုက်ပါ ဘာပဲ ဖြစ်ဖြစ် တစ်ခုခုတော့ ရအောင်ယူလိုက်ပါ...

( Movie Review By Thit San Khant )


Filesize : 887 MB
Quality : 1080p
Format : mp4
Running Time : 1hr 23 min
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK

Download And Watch with Pcloud Link

http://www.channelmyanmar.com/

The Bow 2005 (မြန်မာစာတန်းထိုး) 18+

 ဒီကားလေးက စကားပြောခန်း များများစားစားမပါဘူးဗျအဲ့ဒီ ဇတ်ကားထဲက အဓိက သရုပ်ဆောင် ကလေးမလေးကလဲ တစ်ကားလုံးစကားမပြောသွားဘူး...ဒါပေမယ့် အသံတိတ်လေးတွေ ကြည့်ရတာလဲ တန်ပါ တယ်..တံငါသည် အဖိုးကြီးတစ်ယောက်ဟာ ကလေးမလေးတစ်ယောက်ကို ငယ်ငယ် ထဲကမွေးစား လာခဲ့ပါတယ် လှေပေါ်မှာပဲ ထားတယ် သူစိမ်းယောင်္ကျားလေးတွေနဲ့ ပေးမတွေ့ပါဘူး
လှေပေါ်ကို လာလည်တဲ့ ငါးဖမ်းသူတွေက ကလေးမလေးကို ရိသဲ့သဲ့လုပ်ရင်လဲမျှားနဲ့ ပစ်ပြီး ဆုံးမလေ့ ရှိပါတယ်...လူတွေ အတင်းပြောကြတာကတော့ အဖိုးကြီးက ကလေးမလေးနဲ့ ညားနေ ကြတာလို့ ပြောလေ့ရှိကြတယ်..ကလေးမလေးကလဲ တစ်ခြား သူစိမ်းတွေက ရိသဲ့သဲ့ လာလုပ်ရင်မျှားနဲ့ ပစ်ပြီး ဆုံးမတယ် အကပ်မခံဘူးပေါ့..ဒါပေမယ့် တစ်ရက်မှာတော့ လှေပေါ်ကို ငါးဖမ်းအဖွဲ့နဲ့ ကောင်လေးတစ်ယောက်ပါလာတယ်အဲ့ဒီကောင်လေးကို ကလေးမလေးက မြင်မြင်ချင်း ချစ်သွားတဲ့အခါကလေးမလေးကို အူတိုတဲ့ အဖိုးကြီးနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ

Download ဆွဲကြည့်လိုက်ကြနော်..

18+ ဖြစ်လို့ ကလေးသူငယ်များ မိသားစု နှင့် အတူကြည့်ရန် မသင့်တော်ပါ...


(သစ်ဆန်းခန့်)
DOWNLOAD


http://www.channelmyanmar.com/

Saturday, August 1, 2015

Jandara The Beginning (2013) မြန်မာစာတန်းထိုး ၁၈+++


IMDb Rating 5.8/10 Jan Dara အဖြစ် Pee Mark ၇ဲ့ နာမည်ကျော်မင်းသား Mario Maurer ကပါဝင်သရုပ်ဆောင်ထားတာပါ Jandra = အမှိုက်ကောင်လေး သင် ဒီကားကိုကြည့်မယ်ဆိုရင်တော့ ဖခင်မေတ္တာဟာ ဘာလဲဆိုတာကို အရင်ဆုံး နားလည်အောင် သိထားသင့်တယ်လို့ထင်ပါတယ်။ မွေးကတည်းက မိခင်ဆုံးပါးသွားပြီး ဖခင်ဖြစ်သူရဲ့ မုန်းတီးခြင်းကိုခံ ခဲ့ရတဲ့ ဂျန် အဘွားဖြစ်သူရဲ့ ကယ်တင်မှုကြောင့် မွေးမွေးပြီးခြင်း အသက်ဘေးကလွတ်ခဲ့ရတဲ့ဂျန် မိခင်ဖြစ်သူရဲ့ ညီမ၀မ်းကွဲ အဒေါ်ဖြစ်သူရဲ့ ပြုစုစောင့်ရှောက်မှုကြောင့် လူလားမြောက်ခဲ့ရတဲ့ ဂျန် ဆိုတဲ့ကောင်လေး ၁၉၁၅ ခုနှစ် မုန်တိုင်းထန်တဲ့ ညတစ်ည ဘန်ကောက်မြို့ ဗလန်ပူးအိမ်တော်ကြီး မှာ ပျားပန်းခေတ်မျှအလုပ်ရှုပ်နေကြတဲ့ အလုပ်သမားများနဲ့ မခံမရပ်နိုင်နာကျင်မှုကို အံတုပြီး မိမိ၏ ရင်သွေးကို မွေးဖို့ ကြိုးစားနေတဲ့ အိမ်တော်ရဲ့ သခင်မ ဒါရာ ဟာ သူ၏ သားလေး ဂျန် ကို မွေးမွေးပြီးခြင်း လောကကြီးကို ကျောချုင်းစွန့်ခွာသွားခဲ့ပါတယ်။

မိန်းမဖြစ်သူကို ဆုံးရှုံလိုက်ရတဲ့ ဖခင်ဖြစ်သူ ၀စ်စနန်ဒီချာ က ဂျန် အား သတ်ပြစ်ရန်ကြိုးစားခဲ့သော်လည်း ဘွားအေဖြစ်သူ၏ကယ်တင်မှုကြောင့် လောကကြီးတွင်ဆက်လက်ရှင်သန်ခွင့်ရခဲ့ပြီး ဖခင်ဖြစ် သူ၏ အမုန်းတရားကို မွေးမွေးပြီးခြင်းလက်ခံရရှိလိုက်ပါတယ်။ မိခင်ဖြစ်သူ၏ ညီမ၀မ်းကွဲ အဒေါ်ဖြစ်သူ ၀က်ဒ် ၏ ပြုစုမှုကြောင့်လူလားမြောက်ခဲ့ရပါတယ်။ ဖခင်ဖြစ်သူ ၀စ်စနန်ဒီချာ ဟာ မိန်းမဖြစ်သူ သေဆုံးပြီး အစောပိုင်းတွင် ငြိမ်နေခဲ့သော်လည်း ဗလန်ပူးအိမ်တော်ကြီး ၏ အုပ်ချုပ်သူ မိန်းမ၏ ဘွားအေ ခရီးထွက်နေချိန်မှာတော့ ဗလန်ပူးအိမ်တော်ကြီးအား သိမ်းပိုက်ရန်ကြိုးစားပါတော့တယ်……………………

သူ၏ အမိန့််မနာခံသော အစေခံယောကျာ်းများအား အလုပ်ထုပ်ပြစ်ပြီး အစေခံမိန်းမများအား အပျို/အအို မရွေးဘဲ သူ့နည်းသူ့ဟန်ဖြင့် စည်းရုံးသိမ်းသွင်းပါတော့တယ် နောက်ပိုင်းတွင် အိမ်ကြီးတခုလုံးအား သိမ်းပိုက်ပြီး မရီးဖြစ်သူ ၀က်ဒ် အားသိမ်းပိုက်ရန်ကြံစည်ရာ အမေ တဖြစ်လဲ အဒေါ်ဖြစ်သူ ၀က်ဒ်က ဂျန်၏ နောင်ရေးအတွက် ဘယ်လိုပင်ဖြစ်ဖြစ် ဂျန် ၏အသက်အား ရန်မရှာရန် ကတိတောင်းခံပြီး သူမ၏ ဘ၀ဖြင့် အလဲအထပ်ပြုလုပ်လိုက်ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာချိန်မှာတော့ ဖခင်ဖြစ်သူရဲ့ မုန်းတီးနှိပ်စက်မှုတွေကြောင့် စိတ်ဒဏ်ရာများစွာရရှိခဲ့တဲ့ ဂျန်ဟာ မမျှော်လင့်ထားဘဲ ဖအေတူမအေကွဲညီမဖြစ်သူ ကာအော ရဲ့ အရွယ်ရောက်ချိန်မှာ သူငယ်ချင်းဖြစ်သူနဲ့ ဖြစ်ပျက်နေကြပုံကိုတွေ့မြင်ပြီး ဘယ်လိုဖြစ်သွားမလဲ……………..

 ငယ်ရွယ်စဉ်ကတည်းက ဖခင်ဖြစ်သူ နဲ့ အစေခံမိန်းမတွေရဲ့ ဖောက်ပြန်မှုတွေကို တွေ့မြင်ဖူးထားတဲ့ ဂျန်ကကော ဘယ်လို လက်တည့်စမ်းမှုတွေပြုလုပ်မလဲ ဖခင်ဖြစ်သူရဲ့ ရည်းစားဟောင်းကို ဖခင်ဖြစ်သူက အိမ်ကို ခေါ်ဆောင်လာတဲ့ အခါမှာကော ဂျန်နဲ့ဘယ်လိုတွေဖြစ်ကြမလဲ ဖခင်ဖြစ်သူ ၀စ်စနန်ဒီချာ ကကော ဘယ်လို အသုံးချခံခဲ့ရသလဲ ဘွားအေဖြစ်သူကကော ဘယ်လို လှည့်ကွက်တွေပြုလုပ်ထားခဲ့သလဲ ဆိုတာကိုတော့ CM ပရိတ်သက်ကြီးအနေနဲ့ ဆက်လက်ရှုစားရမှာပါ (တခုအကြံပြုခြင်တာကတော့ ဒီကားဟာ ဆင်ဆာ အခန်းတွေပါတဲ့ အတွက် မိသားစုဖြင့် အတူကြည့်ရန်မသင့်တော်ဘဲ ၁၈နှစ်အထက်များသာ ကြည့်ရှုသင့်ကြောင်းကိုတော့ အကြံပြုလိုပါတယ်)


Movie Download Link

Small File Size Download Link
(ဒီကားအတွက် ဇာတ်ကားအညွန်းရေးသူကတော့ ကသာသားလေးဖြစ်ပြီး ဘာသာပြန်သူကတော့ Little Neoပဲ ဖြစ်ပါတယ်။အားပေးတဲ့လူများရင်တော့ ဒီကားနဲ့ နောက်ဆက်တွဲ Jan Dara The Finale ကို ဆက်တင်ပေးသွားပါမယ်)

@Joker
http://www.channelmyanmar.com/

Tuesday, July 28, 2015

Naked Ambition 3D(၂၀၁၄) မြန်မာစာတန်းထိုး ၁၈++++





Wyman Chan ဟာ ဟောင်ကောင် မဂ္ဂဇင်းတစ်စောင်မှာ လိင်အသားပေး ဝတ္ထုတွေ ရေးတဲ့ စာရေးဆရာဖြစ်ပါတယ်။ သူ့ချစ်သူ Cecilia Jik ဟာ အောင်မြင်တဲ့ အချစ်ဝတ္ထု စာရေးဆရာမ ဖြစ်ပါတယ်။ လိင်အသားပေး ဝတ္ထုတွေကို အရင်လို မဂ္ဂဇင်းမှာ မဖတ်ကြတော့ပဲ အင်တာနက်ပေါ်မှာ အလွယ်တကူ ရလာတဲ့အခါ Wyman ဟာ အလုပ်ပြုတ်သွားပါတော့တယ်။ အလုပ်မရှိတဲ့ Wyman ဟာ လိင်ဖျော်ဖြေရေး ခွေတွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ လျှောက်ကြည့်ရင်း လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ အဆက်အသွယ် ရှိတဲ့ သူငယ်ချင်းတစ်ယောက် ကောင်းမှုနဲ့ လိင်ဖျော်ဖြေရေး ဇာတ်ကားတွေ ရိုက်ကူးဖို့ အကြံရပါတယ်။

Wyman ဟာ သူ့သူငယ်ချင်းတွေနဲ့ အတူ ဂျပန်မှာ လိင်ဖျော်ဖြေရေး ဇာတ်ကား ရိုက်ကူးထုတ်လုပ်ဖို့ စိတ်ကူးပြီး ထွက်လာခဲ့ပါတယ်။ သူတို့ရဲ့ အဆက်အသွယ် Shodaiko Hatoyama က သူတို့အတွက် နေရေးထိုင်ရေး အဆင်ပြေစေဖို့နဲ့ စကားပြန်အဖြစ် ဆောင်ရွက်ပေးပါတယ်။ ဂျပန်မှာ ဇာတ်ကားရိုက်ဖို့ စီစဉ်ထားတဲ့ Wyman ဟာ ဂျပန် AV မင်းသမီးတစ်လက်ဖြစ်တဲ့ Yui Tatsumi နဲ့ ရိုက်ကူးဖို့ ဂျပန်အမျိုးသား သရုပ်ဆောင်ကိုလည်း ငှားရမ်းထားပါတယ်။ ဒါပေမယ့် အမျိုးသားသရုပ်ဆောင်ရဲ့ လှုပ်ရှားမှုတွေကို အားမရတဲ့ Wyman နဲ့ သူငယ်ချင်းတွေဟာ အမျိုးသားသရုပ်ဆောင်ကို ဝိုင်းအပြစ်တင်ကြပါတယ်။ အမျိုးသား သရုပ်ဆောင် စိတ်ဆိုးသွားတဲ့ အတွက် ရိုက်ကွင်းက နှုတ်ထွက်သွားပြီး အမျိုးသားသရုပ်ဆောင်နေရမှာ ပါဝင်ဖို့ လူရွေးကြပါတယ်။ နောက်ဆုံးတော့ အဖွဲ့ခေါင်းဆောင် Wyman ပဲ မဲပေါက်သွားပါတယ်။



Wyman ဟာ သရုပ်ဆောင်ဖို့ မဝံ့မရဲ ဖြစ်နေတာကြောင့် Yui Tatsumi က ဦးဆောင်လှုပ်ရှားပါတယ်။ ဒီကားဟာ AV ဇာတ်ကားတစ်ကား ဖြစ်မလာပဲ အမျိုးသားတစ်ယောက် လိင်အကြမ်းဖက်ခံရတဲ့ ဟာသဇာတ်ကား ဆန်ဆန် ဖြစ်သွားတာကြောင့် Wyman ဟာ ဂျပန်အမျိုးသမီးတွေကြားမှာ အလွန်နာမည်ကြီးသွားပါတယ်။ ဒါကြောင့် သူ့ချစ်သူ Cecilia က အိမ်ပေါ်က ဆင်းသွားခဲ့ပြီး သူလည်း ဂျပန်က နောက်ထပ်ကမ်းလှမ်းမှုတွေ ထပ်မံလက်ခံ ရရှိပါတယ်။ Hatoyama ဟာ Wyman ရဲ့ မန်နေဂျာအဖြစ် ဆောင်ရွက်ပေးပြီး Wyman လည်း Mario Ozawa အဖြစ် နာမည်ကြီးလာပါတယ်။ Hatoyama က Wyman ကို ယောက်ျားတို့ တတ်အပ်တဲ့ ပညာတွေ သင်ကြားပေးဖို့ Taka Kato ဆိုတဲ့ ဆရာဆီပို့ပေးပါတယ်။ ဆရာဆီကနေ ကျောင်းဆင်းပြီးနောက်မှာ AV ဇာတ်ကားသစ်ကို Nozomi Aso နဲ့ ရိုက်ကူးပါတယ်။ ဒီဇာတ်ကားမှာလည်း Wyman ဟာ အောင်မြင်ခဲ့ပြီး လူကြိုက်များလာခဲ့တာကြောင့် ကုမ္ပဏီ အများအပြားက ကမ်းလှမ်းလာခဲ့ပါတယ်။ ပြဿနာက သူသွားလေရာမှာ အမျိုးသမီး ပရိသတ်တွေ များပြားလာတာပါပဲ။

Hatoyama ဟာ တကယ်တော့ သူ့ရဲ့ ပိုက်ဆံတွေ ယူပြီး ထွက်ပြေးသွားတဲ့ သူ့ချစ်သူကို မျှော်လင့်နေသူပါ။ Wyman ကြောင့် သူလည်း အဆင်ပြေလာခဲ့ပေမယ့် သူ့ချစ်သူက နောက်တစ်ကြိမ် ပြန်ရောက်လာပြီး ငွေတွေယူပြီး ထွက်ပြေးပြန်ပါတယ်။ Hatoyama ခမျာ ကြွေးရှင်တွေကို ပြန်ဆပ်ဖို့ စုဆောင်းထားသမျှ နောက်တစ်ကြိမ် ပြန်လည်ဆုံးရှုံးရပြန်ပါတယ်။ Wyman ဟာ သူနဲ့ အတူတူတွဲရိုက်မယ့် AV မင်းသမီးအသစ် Noriko Waiyama က ရိုက်ကွင်းက ထွက်ပြေးတာကြောင့် လိုက်ပြီး ချော့ရပြန်ပါတယ်။ မင်းသမီးသစ်နဲ့ ရိုက်ကူးရေး အဆင်ပြေအောင် ညှိနှိုင်းမှု အောင်မြင်သွားတဲ့အချိန်မှာ သူ့ရည်းစား Cecilia က ဟောင်ကောင်ကနေ ဂျပန်ကို လိုက်လာပါတယ်။ ဖြေရှင်းမရတဲ့ ပြဿနာပေါင်းများစွာနဲ့အတူ Wyman ဟာ လိင်ဖျော်ဖြေရေး သရုပ်ဆောင်လောကရဲ့ ဘုရင်နေရာအတွက် ပြိုင်ဖက်တစ်ယောက် ပေါ်လာပါတော့တယ်။ သူတို့နှစ်ယောက် ဘယ်လို ယှဉ်ပြိုင်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါ။

Mario Ozawa တစ်ဖြစ်လဲ Wyman Chan အဖြစ် မင်းသား Chapman To နဲ့ သူ့ရဲ့ အေးဂျင့် Shodaiko Hatoyama အဖြစ် အဆိုတော် သရုပ်ဆောင် Josie Ho က ပါဝင်သရုပ်ဆောင်ထားတဲ့ Naked Ambition 2 (3D) ဟာ 3D နဲ့ ထွက်လာတဲ့ လိင်အသားပေး ဇာတ်ကားတွေအနက် 3D Sex and Zen: Extreme Ecstasy  ပြီးရင် ဒုတိယမြောက် ဇာတ်ကားဖြစ်ပါတယ်။ ပထမကားဖြစ်တဲ့ Naked Ambition နဲ့ ဆက်စပ်မှု သိပ်မရှိလှပဲ ဂျပန်မှာ အဓိက ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။ ဒါရိုက်တာ Lee Kung Lok ရိုက်ကူးပြီး ဟောင်ကောင်ကြိုက် ထိပ်တန်း AV မင်းသမီးချောတွေဖြစ်တဲ့ Yui Tatsumi ၊ Nozomi Aso ၊ Anri Okita ၊ Kana Yume ၊ Tsukasa Aoi နဲ့ Twins အဖွဲ့မှ အဆိုတော် Charlene Choi က ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်ကူညီထားပါတယ်။ ဟောင်ကောင်မှာ ပထမဆုံး ဖျော်ဖြေပွဲလုပ်ခဲ့တဲ့ အဖော်အချွတ် မင်းသမီး Maiko Yuki နဲ့ မင်းသားကြီး Louis Koo တို့ကလည်း ပါဝင်သရုပ်ဆောင်ထားပြီး AV အသားပေး ဟာသဇာတ်ကား ဖြစ်ပါတယ်။  IMDb မှာတော့ Rating 4.8 ပဲ ရထားပြီး ဒေါ်လာ ၃.၂ သန်း ကုန်ကျတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

  ၁၈ နှစ်အထက်သာ ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပြီး လိင်အသားပေး ဟာသဇာတ်ကွက်တွေနဲ့ ဖန်တီးထားတာမို့ မိသားစုကြည့်ရှုဖို့ မသင့်တော်ပါဘူး။ ဟာသကား ဖြစ်ပေမယ့် လိင်အသားပေးခန်းတွေ ဖောဖောသီသီ ပါဝင်ပြီး Charlene Choi ကတော့ ကွန်ပြူတာ အထူးပြုလုပ်ချက်နဲ့ ဖန်တီးထားတဲ့ အခန်းပဲ ပါဝင်ပါတယ်။ American Pie လို ဇာတ်ကားမျိုးလို့ ပြောလို့ရပါတယ်။ ဂျပန် Adult Video လုပ်ငန်းရဲ့ တစိတ်တပိုင်းကို ရိုက်ကူးပြသထားပြီး ဟာသသက်သက်အနေနဲ့ ကြည့်မယ်ဆိုရင်တောင် လိင်အသားပေးခန်းတွေ အတော်လေး ပါဝင်ပါတယ်။ ဟောင်ကောင် ဟာသကားတွေ နှစ်သက်သူတွေလောက်ပဲ ကြည့်ရှုသင့်တယ်လို့ အကြံပြုပါရစေ။



DOWNLOAD 390 M



DOWNLOAD 750 M

http://www.channelmyanmar.com/

Saturday, July 25, 2015

Men In Black( ၁+၂+၃) မြန်မာစာတန်းထိုး

ဒီတစ်ခါတော့ လူကြိုက်များပြီးသား အက်ရှင်ဟာသကားလေး တင်ပေးလိုက်ပြီဗျို့ M.I.B (Men In Black) ဆိုတဲ့ အဖွဲ့အစည်းဟာ အစိုးရနဲ့မသက်ဆိုင်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး သူတို့ဟာ ကမ္ဘာမြေကြီးရဲ့ မူမမှန်တဲ့ ဖြစ်ရပ်တွေကို တိတ်တဆိတ်ထောက်လှမ်းပြီး ပြည်သူတွေကို အသိမပေးတဲ့အဖွဲ့ဖြစ်ပါတယ်။နယူးယောက်မြို့ တစ်နေရာ ရဲ့ မြေအောက်မှာ ရုံးစိုက်ပါတယ်။M.I.B က agentတွေမှာ neutralyzerလို့ ခေါ်တဲ့ ကိရိယာ တစ်မျိုးရှိပြီး agent တွေရဲ့ ဂြိုဟ်သားတွေနဲ့ ပတ်သတ်တဲ့ အသိ တွေကို ဖျောက်ပစ်ဖို့ သုံးတာပါ။ M.I.Bအနေနဲ့ ဂြိုဟ်သား တော်တော်များများကို ရှာတွေ့ထားပြီး ၁၅၀၀ ဝန်းကျင်ရှိကာ အများစုမှာ နယူးယောက်မြို့ ပတ်ဝန်းကျင်တွင် ကျင်လည်နေကြပါတယ်။

တစ်ညမှာတော့..... M.I.B က Agent K (Tommy Lee Jones) နဲ့ Agent D (Richard Halmiton) တို့ဟာ နယူးယောက်မြို့ ပေါ်ကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို သယ်ဆောင်လာတဲ့ ကုန်တင်ကားကို ကြားဖြတ် တိုက်ခိုက်ပါတယ်။အကြောင်းရင်းက အဲ့ ကား ထဲမှာ လူဟန်ဆောင်ထားတဲ့ ဂြိုဟ်သားငနဲတစ်ကောင် ပါလာလို့ပါ။ရုန်းရင်းဆန်ခတ် တွေ အပြီးမှာ Agent Dဟာ သူ့ကိုယ်သူ အသက် အတော်ကြီးနေမှန်း သိသွားပြီး အနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ကို neutralyzerနဲ့ ဂြိုဟ်သား တွေနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေဖျောက်ပေးဖို့ agent K ကို တောင်းဆိုလိုက်ပါတော့တယ်။ ဒီအချိန်မှာပဲ James Edwards (Will Smith) က နယူးယောက်ရဲ့ ရဲအရာရှိတစ်ယောက်။ ခါးပိုက်နှိုက်တစ်ယောက်ကို လိုက်ဖမ်းရင်း မူမမှန် လူသားတွေ ကို စတင်သတိထားမိလာချိန်။ Agent Kနဲ့ တွေ့ဆုံမိပြီး M.I.B အဖွဲ့ဝင်ဖြစ်ဖို့ ကမ်းလှမ်းခြင်းခံလိုက်ရပါတော့တယ်။ စမ်းသပ်မှုတွေ ကို ကျော်ဖြတ်ရင်း Agent J လို့ သတ်မှတ်ခြင်းခံလာရပါတယ်။Agent J M.I.Bကို ရောက်လာပြီးနောက်ပိုင်း ဂြိုဟ်သားတွေ ဘယ်လို တစ်စခန်းထလာတယ် ဘယ်လို အခက်အခဲတွေ ကြုံလာရတယ်ဆိုတာကိုတော့…………..

MIB 1 Download Link>>>>>DOWNLOAD  (670 MB)



MIB 2 Download Link>>>>>DOWNLOAD   (600 MB)



MIB 3 Download Link>>>>>DOWNLOAD  (775 MB)



(ဇာတ်ကားအညွန်းရေးသူကတော့ Kaung Myat Thuပဲ ဖြစ်ပါတယ်

ref:http://www.channelmyanmar.com/

Fast and Furious (1 To 7) Complete Package မြန်မာစာတန်းထိုး



(1) The Fast and the Furious (2001) မြန်မာစာတန်းထိုး >>>Download and Watch DVDrip (1.3GB)
(2) 2 Fast 2 Furious (2003) မြန်မာစာတန်းထိုး >>>Download and Watch DVDrip (1.3GB)
(3) Fast and Furious:Tokyo Drift(2006) မြန်မာစာတန်းထိုး >>>Download and Watch DVDrip (1.2GB)
(4) Fast & Furious (2009) မြန်မာစာတန်းထိုး >>>Download and Watch Bluray 720p (1.1GB)
(5) Fast Five (2011) မြန်မာစာတန်းထိုး >>>Download and Watch DVDrip (1.5GB)

(6) Fast & Furious 6 (2013) မြန်မာစာတန်းထိုး >>>Download and Watch DVDrip (1.5GB)

(7) Furious 7 (2015) မြန်မာစာတန်းထိုး >>>Download and Watch HDrip 1080p (1.3GB)
             Furious 7 (2015) မြန်မာစာတန်းထိုး >>>Download and Watch HDrip 720p (800MB)


ref;http://www.channelmyanmar.com/

Tuesday, July 21, 2015

The Lazarus Effect (2015) မြန်မာစာတန်းထိုး

သေသွားပြီးသား လူနာကို အသက်ပြန်ရှင်လာစေမယ့် နည်းလမ်းတွေ့သွားတဲ့ ဆေးသုတေသနလုပ်သူတစ်စုအကြောင်း ဇာတ် အိမ်တည်ထားတဲ့ သဘာဝလွန် သည်းထိတ်ရင်ဖို အမေရိကန် ဇာတ်ကားသစ်အကြောင်း ဖော် ပြပေးလိုက်ပါတယ်။
 2015 ခုနှစ်မှ ထွက်ရှိထားပြီးIMDb Rating ကတော့ 5.2 ရရှိထားပါတယ်...

ဆေးသုတေသနပညာရှင် တွေဖြစ်တဲ့ ဖရန့်နဲ့ သူ့ချစ်သူ ဇိုး တို့ဟာ ကိုမာဖြစ်နေတဲ့ လူနာတွေ ကို ပြန်သတိရလာအောင် လုပ် နိုင်ဖို့ သေပြီးသား လူနာတွေကို အသက်ပြန်ရှင်နိုင်ဖို့ဆိုပြီး သုတေ သနတစ်ခုလုပ်ထားပါတယ်။ သူ တို့စုံတွဲနဲ့အတူ နစ်ကို၊ ကလေးဆို တဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ဗီဒီယိုသမား အီဗာတို့ဟာ သုတေသနပြုချက် အောင်မြင်မှု ရှိ၊ မရှိကို မကြာခင်ကမှသေသွား တဲ့ ခွေးတစ်ကောင်နဲ့ စမ်းသပ်ခဲ့ ပြီး မှတ်တမ်းတင်ထားခဲ့ပါတယ်။ ခွေးထဲကို သုတေသနလုပ်ထားတဲ့ သွေးရည်ကြည် ထည့်လိုက်ပြီး နောက်မှာတော့ နဂိုမူရင်းစိတ် တွေပျောက်ပြီး ထူးဆန်းတဲ့ အပြု အမူတွေလုပ်လာကာ ဦးနှောက်သွေးကြောတွေရဲ့ ဖွဲ့စည်းပုံတွေပါ ပြောင်းကုန်တာတွေ့ခဲ့ရပါတယ်။ အဲဒီနောက်တော့ ဖရန့်နဲ့အဖွဲ့ဟာ သူတို့ရဲ့ စမ်းသပ်လေ့လာမှုကို ဆက်လုပ်နေရင်း တစ်ရက်မှာတော့ ဇိုးဟာ ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ ဇိုးကို အဆုံးရှုံးမခံလိုတဲ့ ဖရန့်ဟာ သူစမ်းသပ်ထားတဲ့ သွေးရည်ကြည်ကို ဇိုးကိုယ်ထဲကို ထည့်သွင်းပြီး အသက်ပြန်ရှင်လာဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုဟာ အောင်မြင်သလိုလိုရှိ ပေမယ့် တဖြည်းဖြည်းထူးခြားလာတဲ့ဇိုးကို တစ်ဖွဲ့လုံးသတိထားမိလာကြပါတယ်။

တစ်ရက်မှာတော့ အခန်းထဲဝင်လာတဲ့ နစ်ကို ကိုဇိုးက ခြောက်လှန့်ခဲပြီး သူ့ရဲ့ စိတ်စွမ်းအားနဲ့ နစ်ကိုကို ဗီရိုထဲပစ်ထည့်ပြီး စိတ်နဲ့ဆွဲညှစ်ကာ သတ်ပစ်ခဲ့ပါတယ်။  နောက်ပိုင်းမှာ ဇိုးဟာ ကလေး၊ ဖရန့်နဲ့ အီဗာတို့ကိုပါ သတ်ပစ်ခဲ့ပြီး ဆေးတွေ အကုန်လုံး သူ့ကိုယ်ထဲထိုးသွင်းခဲ့သလို သေသွားတဲ့ သူ့သူငယ်ချင်းတွေထဲကိုလည်း ထိုးလိုက်တဲ့အခါမှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါဦး။

ဒီဇာတ်ကားက သဘာဝလွန်ဖြစ်နေလို့ ဝေဖန်မှုတွေရှိပေမယ့် ဇာတ်လမ်းသစ်တစ်ခုအနေနဲ့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်တာ ပိုကောင်းပါတယ်။ ဖရန့်အဖြစ် မာ့ခ်ဒျူပလက်စ်၊ ဇိုးအဖြစ် အိုလီ ဗီယာဝိုင်းလ်၊ ကလေးအဖြစ် အီ ဗန်ပီတာ၊ အီဗာအဖြစ် ဆာရာ ဘိုလ်ဂါ၊ နစ်ကိုအဖြစ် ဒေါ်နယ်ဂ လိုဗာတို့က ပါဝင်သရုပ်ဆောင် ထားတာပါ။

(ရုပ်ရှင်အညွှန်းကို 7daydaily မှ ပြန်လည် တင်ပြပါသည် )

(Blu-ray 720p အကြည်ကို ဖိုင်ဆိုဒ်အသေးဖြင့်တင်ဆက်ထားပြီးကြည်ကြည်လင်လင်ကြည့်ရှုနိုင်မည်
ဖြစ်ကြောင်းအာမခံပါသည် )

Filesize : 535 MB
Quality : Blu-Ray720p
Format : mkv
Running Time : 1 hour 23 minutes
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK

Download With Pcloud Link 

http://www.channelmyanmar.com

Saturday, July 18, 2015

The Karate Kid (2010) မြန်မာစာတန်းထိုး

2010 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ The Karate Kid ဇာတ်ကားမှာ မင်းသားကြီး Jackie Chan နဲ့ Jaden Smith
တို့အတူတူပူးတွဲသရုပ်ဆောင်ထားကြပါတယ်...Justin Bieber နဲ့ Jaden Smith တို့ တွဲဖက်သီဆိုထားတဲ့
Never Say Never ဆိုတဲ့သီချင်းဟာလည်း..ကမ္ဘာတစ်ဝန်းမှာအောင်မြင်ကျော်ကြားခဲ့ပြီး ပရိတ်သတ်တို့
ရဲ့နှစ်ခြိုက်မှုများစွာလည်းရရှိခဲ့ပါတယ်..

ဒီဇာတ်ကားမှာမင်းသားဂျက်ကီချန်းရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကိုအားလုံးတွေ့မြင်ရမှာဖြစ်ပါတယ်..
ဒီဇာတ်ကားမှာပြောခဲ့တဲ့စကားလုံးတွေက အကြိုက်ဆုံးစကားလုံးကိုပြောရမယ်ဆိုရင်
*ဘ၀မှာ လဲကျနေတဲ့အခါ ပြန်ထနိုင်အောင်ကြိုးပမ်းရမယ်* စကားလုံးဖြစ်ပါတယ်..
ကိုယ့်ထက်အင်အားကြီးတဲ့သူဖြစ်ပါစေ..ဘယ်တော့မှအရှုံးမပေး..ပြန်လည်ရဲရဲဝင့်ဝင့်ရင်ဆိုင်ကာ
အရှုံးမပေးတတ်တဲ့စိတ်ဓါတ်ကိုပြသသွားတာပဲဖြစ်ပါတယ်..

ဇာတ်လမ်းအညွှန်းဟာဆိုရင်ဖြင့် ..............

ဒရေးပါကာ တို့မိသားစုဟာ တရုတ်ကိုပြောင်းရွေ့လာတဲ့အမေရိကန်မိသားစုပဲဖြစ်ပါတယ်..ပတ်ဝန်းကျင်
အသစ်.ဘာသာစကားအခက်အခဲများစွာကြုံတွေ့နေရပါတယ်..မစ္စတာဟန်ကတော့ သူတို့နေတဲ့တိုက်
ခန်းရဲ့ အောက်နားမှာနေပြီး အင်္ဂလိပ်စကားကောင်းကောင်းမွန်မွန်ပြောနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်
ရောက်ရောက်ချင်းနေ့မှာပဲဒရေကကောင်မလေးတစ်ယောက်နဲ့သူငယ်ချင်းဖြစ်ချင်လို့မိတ်ဆက်စကားပြောနေတာကို လူငယ်တစ်စုက၀င်ပြီးသောင်းကျန်းပါတယ်..
ဘာအကြောင်းမှမသိသေးပဲ ကွန်ဖူးလည်းမတတ်တဲ့ဒရေ တစ်ယောက်
တော်တော်အထိုးခံလိုက်ရပါတယ်..ဒီလိုနဲ့အကြိမ်ကြိမ်အခါခါ ပြသနာတွေတက်..ဒရေကလည်း
မကျေနပ်တာနဲ့ တစ်ရက် ကျောင်းက ပွဲတော်တခုမှာ သိုင်းလေ့ကျင့်နေတဲ့ အဲ့ဒီကောင်လေးတို့တစုကို
ရေနဲ့လောင်းပြီးထွက်ပြေးပါတော့တယ်..မိသွားလို့ ၀ိုင်းထိုးကြိတ်နေတဲ့အချိန်မှာ မစ္စတာဟန် (ဂျက်ကီချန်း)
ရောက်လာပြီး ကလေးတွေကိုပြန်ဖို့ပြောပါတယ်..မစ္စတာဟန်ကိုပါဝိုင်းထိုးကြလို့ ပြန်တိုက်ခိုက်လိုက်ပါတယ်
ပြီးတော့မှ ဒရေသိလာရတာက ထိုလူငယ်အုပ်စုက နဂါးနီ သိုင်းသင်တန်းကျောင်းက အတော်ဆုံး
ကလေးတွေဆိုတာပါပဲ..နဂါးနီသင်တန်းကျောင်းဆရာ နဲ့ မစ္စတာဟန် တို့ထိုကိစ္စအတွက်ကြောင့်
ကတောက်ကဆ ဖြစ်ပြီး သိုင်းပြိုင်ဖို့လုပ်ကြပေမယ့် မစ္စတာဟန်က မတိုက်ခိုက်ချင်ပါဘူး...
သူ့ရဲ့သင်တန်းသားတွေကို ဒရေကို မနှောက်ယှက်ဖို့ပြောခိုင်းပြီး လာမယ့်လူငယ်သိုင်းပြိုင်ပွဲမှာ
ဒရေ လာရောက်ယှဉ်ပြိုင်မယ်လို့ ပြောခဲ့ပါတယ်.....အဲ့ဒီ့နောက်မှာတော့ မစ္စတာဟန်ဟာ
ဒရေကို ကွန်ဖူးပညာတွေစတင်သင်ပေးပါတော့တယ်....

ဆက်လက်ကြည့်ရှုကြပါ

( ဒေါင်းတဲ့ မူရင်းက BrRip720p ရဲ့ကွာလတိအပြည့်အ၀မရှိတဲ့အတွက် ဖိုင်ဆိုဒ်အသေးအကြည်
တင်ပေးလို့မရနိုင်တာနားလည်ပေးကြပါ )

Filesize : 940 MB
Quality : BrRip720p
Format: mp4
During : 2:12:34
Subtitle : Myanmar Subtitle ( Hardsub )


Encoder : LK

DOWNLOAD


http://www.channelmyanmar.com/

SET UP

DOWNLOAD

ref;မြန်မာစာတမ်းထိုးကားများ wai lin

From Vegas to Macau II (2015) မြန်မာစာတန်းထိုး



ပိတ်ရက်လေးမှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ စိတ်ကူးထားသူတွေအတွက် အခု လောလောဆယ် ရုံတင်နေတဲ့ ဟောင်ကောင်အက်ရှင်ကားလေး ကြည့်ရအောင် ဖော်ပြပေးလိုက် ပါတယ်။
မြန်မာပရိသတ်တွေနဲ့ ရင်း နှီးပြီးသားဖြစ်တဲ့ ဟောင်ကောင် နေအောင်လို့ လူသိများသူ ချောင် ယွန်ဖတ်ခေါင်းဆောင် ပါဝင် ထားတာမို့ အက်ရှင်ဇာတ်လမ်း ကောင်းကြိုက်သူတွေ နှစ်သက် ဦးမယ်ထင်ပါတယ်။ ဒီဇာတ်ကား က ဒုတိယမြောက်ဇာတ်လမ်းအ ဖြစ် ထွက်ရှိလာတာမို့ ပထမ ဇာတ်လမ်းကို ကြည့်ဖူးသူတွေက တော့ အရင်ဇာတ်လမ်းနဲ့ ယှဉ် ကြည့်ဖို့အတွက် မဖြစ်မနေ မြည်း စမ်းကြည့်သင့်ပါတယ်။
မင်းသားချောင်ယွန်ဖတ်က သူမတူအောင် ကျွမ်းကျင်လှတဲ့ ဖဲလိမ်သမား ကင်အဖြစ် သရုပ် ဆောင်ထားပါတယ်။ တချို့ပြကွက်တွေက အထူးပြုလုပ်ချက်တွေများလွန်းပေမယ့် ကြည့်လို့တော့ အဆင်ပြေမှာပါ။
ကင်ရဲ့ ခေါင်းကိုင်သားဖြစ် တဲ့ ဗင်းဆင့်ဟာ လူဆိုးလောက ထဲမ၀င်ဘဲ ရဲဝန်ထမ်းဘ၀ကို ရွေး ချယ်ခဲ့တာကြောင့် ကင်နဲ့ သဘော ထား ကွဲလွဲခဲ့ပါတယ်။ ဗင်းဆင့် ဟာ အင်တာပိုလ်အဖွဲ့ထဲကိုဝင် ပြီး DOA ဆိုတဲ့ လူဆိုးဂိုဏ်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေ တာမို့ ကင်ကိုပူးပေါင်းဆောင် ရွက်ပေးဖို့ အကူအညီတောင်းခံ တာကြောင့် ကင်တစ်ယောက် ငြင်းမရဘဲ ကူညီဖြစ်ခဲ့ပါတယ်။
ပထမဇာတ်လမ်းမှာ DOA ရဲ့ စီအီးအို မစ္စတာကို သေဆုံးခဲ့ တာကြောင့် ဒီဇာတ်လမ်းမှာတော့ လေဒီဘော့စ်အွိုင်က စီအီးအိုနေ ရာ ဆက်ခံကာ တရားမ၀င် ကာစီ နိုကစားဝိုင်းတွေ ဆက်လုပ်ခဲ့ပါ တယ်။ ဗင်းဆင့်တို့အဖွဲ့ဟာ ပိုက် ဆံသန်းနဲ့ချီပြီး အလွဲသုံးစားလုပ် ထားလို့ ဘန်ကောက်မှာ ပုန်းခိုနေ တဲ့ DOA အဖွဲ့ရဲ့ စီနီယာစာရင်း ကိုင် မာ့ခ်ကို လက်ဝယ်ရရေး ကြိုး ပမ်းပါတော့တယ်။
ဒါကြောင့်မို့ ကင်လည်း ဗင်း ဆင့်ကို ကူညီဖို့အတွက် ဘန် ကောက်ကို လိုက်သွားခဲ့ပြီး ကင် ရဲ့ လောင်းကစားအရည်အသွေး တွေဟာ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ် အတွက် အသုံးတည့်ခဲ့ပြန်ပါ တယ်။ တရုတ်အက်ရှင်ကားတွေ ရဲ့ ထုံးစံအတိုင်း အတိုက်အခိုက် အက်ရှင်ပြကွက်တွေရဲ့ သွက် လက်မြန်ဆန်မှုတွေကို ပရိသတ် အကြိုက်တွေ့မယ် ထင်ပါတယ်။
ဒီလိုနဲ့ တိုက်ရင်းခိုက်ရင်း ကင်တစ်ယောက် အချစ်နဲ့တွေ့ သွားခဲ့ပါတယ်။ သူကတော့ DOA အဖွဲ့ဝင် မော်လီဖြစ်တာကြောင့်ကင်ရဲ့ အချစ်ဇာတ်လမ်းက ဘာဖြစ်သွားမှာလဲ။ DOA အဖွဲ့ကို အပြတ်ရှင်းချင်တဲ့ ဗင်းဆင့်တို့အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေ အရာထင်မှာလားဆိုတာကတော့ ရုပ်ရှင်အရသာ ပေါ့သွားမှာစိုးလို့အကုန်မပြော တော့ဘူးနော်။ ချောင်ယွန်ဖတ် နဲ့အတူ နစ်ခ်ချန်၊ ကာရီနာလူ၊ ရှန်ယွဲ့တို့က ပါဝင်သရုပ်ဆောင် ထားကြပါတယ်။
(ရုပ်ရှင်အညွှန်းကို 7daydaily.com မှကူးယူဖော်ပြပါသည်။)

File size...(999MB)
Quality...HDrip 720p
Format...mp4
Duration....01:50:14
Subtitle....Myanmar Subtitle (Hardsub)
Encoder....Nyeinsaeya Aung

Download and Watch 720p HD (pCloud Link)

Download and Watch 360p Small File Size(500MB)

ref:http://www.channelmyanmar.com

Friday, July 17, 2015

Er Tha Tiger(2012) မြန်မာစာတန်းထိုး



ဒီကားလေးက IMDB 5.3 ရထားတဲ့ကားလေးပါမြန်မာလိုကတော့တစ်ခါတုန်းက ကျားတစ်ကောင် ရှိခဲ့ သည် တဲ့အိန္ဒိယ နဲ့ ပါကစ္စတန် သူလျှိုတွေကြားရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပါTiger (ဆလက်မန်ခမ်း) ဟာ အိန္ဒိယ အထူးစပိုင်တစ်ဦးဖြစ်ပြီးRAW အဖွဲ့အစည်းရဲ့ လက်အောက်မှာ လုပ်ကိုင်ရ သူဖြစ် ပါတယ် ။သူရဲ့ လုပ်ငန်းမှာ ပါကစ္စတန် သူလျို ISI များအားနှိမ်နင်းရမည်ဖြစ်ပါတယ်တစ်နေ့မှာတော့ သူ့ဆရာ goyi ရဲ့
Mission အရ ပါကစ္စတန် ရဲ့အကြောင်းအစကို လိုက်ပြီး ရှာဖွေရတော့တယ်ဒီတစ်ခါမှာတော့ Tiger ဟာပရော်ဖက်ဆာ တစ်ဦးဆီ သွားပြီးပါကစ္စတန် သမိုင်းကြောင်းကို စတင်စုံးစမ်းခဲ့ပါတယ် ထိုပရော် ဖက်ဆာမှာ မည်သူ့မှ တပည့်အဖြစ် လက်မခံခဲ့သလိုTiger ဟာလည်း ငြင်းပယ်ခံခဲ့ပါတယ်Tiger ဟာ တပည့်အဖြစ် လက်ခံပေးရန်အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးZoya ဆိုတဲ့မိန်းကလေး တစ်ဦးနှင့် လည်း  တွေ့ဆုံခဲ့ပါသေးတယ်ဒီနေရာမှာတော့ zoya (ကတ်ထရီနာ ကေ့ဖ်) အကြောင်း လည်း ပြောပြချင်ပါတယ်Zoya ဟာ ပရော်ဖက်ဆာကို ပြုစုစောင့်ရှောက်နေသူတစ်ဦးဖြစ်ပြီး
အက သင်တန်းတစ်ခုမှာ တက်ရောက်နေသူပါဒီဇာတ်လမ်းမှာတော့Tiger. တစ်ယောက် ပရော်ဖက်ဆာ တပည့်အဖြစ်တွေ့ရဦးမည်လောပါကစ္စတန် သမိုင်းကြောင်းကို စုံစမ်းနိုင်မည်လောTiger နှင့် zoya တို့၏ ဘ၀တို့ရှေ့ဆက် မည်သို့ဖြစ်နေမည်နည်း ဟုလျှို့ဝှက်ဆန်ဆန် မေးထုတ်ရမှာပါImdb 5.3 ရထားသည့်အတွက်အတော်အသင့် ကောင်းမွန်တဲ့ ဇာတ်ကားကောင်းလို့ ပြောရမှာပါဒါကြောင့် channel. Myanmar ပရိသတ်ကြီးလည်းကြည့်ရှုခံစားကြည့်ပါဦးလို့

Movie Download Link

(ဇာတ်ကားအညွန်းရေးသူကတော့ Tear Cryပဲ ဖြစ်ပါတယ်)

@joker

ref;မြန်မာစာတန်းထိုးဇာတ်ကားများ