အားလုံးပဲမင်္ဂလာပါ... ကျနော် တင်ပြမယ့် နည်းလမ်းလေးကတော့ တကယ်လို့  Windows 10 ကို အစမ်းသုံးတယ်.. လက်ရှိအသုံးပြုနေတဲ့ Windows 8 (သို့  ) Windows 7 ကိုလည်း ပစ်မထားရက်ဘူးဆိုရင် ဘယ်လို Computer တစ်လုံးမှာ Dual Boot လုပ်ပြီး Windows နှစ်ခုလုံးကို ဘယ်လို အသုံးပြုရမယ် ဆိုတာလေးပါ...Windows 10 ကို install လုပ်ဖို့ အတွက် partition ပမာဏ ကို အနည်းဆုံး 20 GB ပေးရပါမယ်။ကဲ စကြစို့ 
အရင်ဆုံး လိုအပ်လာတဲ့ Windows 10 preview ISO File ကို ဒေါင်းဖို့  အတွက် preview.windows.com ကို အရင် သွားပါ ။အောက်ပါပုံအတိုင်းရောက်သွားပါမယ်.. Ger Started ကို နှိပ်ပြီး Live Mail/hot mail ဖြင့် sign in ၀င်ပါ။ တကယ်လို့  Mail မရှိသေးဘူးဆိုရင် Sign Up နဲ့  ၀င်ရပါမယ်...
sign in ၀င်ပြီးသွားရင် install Technical Preview ကို နှိပ်ပါ...































