ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်
Showing posts with label ပြည်တွင်း နည်းပညာသတင်းများ. Show all posts
Showing posts with label ပြည်တွင်း နည်းပညာသတင်းများ. Show all posts

Monday, October 6, 2014

Galaxy Note 4 အောက်တိုဘာ တတိယပတ်တွင် စတင်ရောင်းမည်


ဆမ်ဆောင်း၏ ထုတ်ကုန်သစ် တစ်ခုဖြစ်သော Galaxy Note 4ကို အောက်တိုဘာလတတိယပတ်အတွင်း ပြည်တွင်း၌ စတင်ဝယ်ယူနိုင်မည်ဟု ဆမ်ဆောင်းမြန်မာရုံးခွဲမှ သတင်းရရှိသည်။

‘‘အောက်တိုဘာ တတိယ ပတ်လောက်မှာ ပြည်တွင်းကို ရောက်ဖို့ရှိပါတယ်။ စပြီးရောင်း တဲ့အချိန်မှာ အထူးအစီအစဉ် တွေနဲ့လည်း ပြုလုပ်ပေးသွားဖို့ ရှိပါတယ်’’ဟု ဆမ်ဆောင်းမြန်မာ မှ တာဝန်ရှိသူ ဦးဇာနည်ဝင်းထက် ကပြောသည်။

Galaxy Note 4 ကို ပြည် တွင်း၌ ကျပ် ခုနစ်သိန်းကျော်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဈေး နှုန်းအတိအကျကိုမူ မကြာမီ သတ်မှတ်ပေးမည်ဟု ဆိုသည်။

 



Wednesday, September 24, 2014

ဖုန်းမုဆိုးများရဲ့ သားကောင် အဖြစ်မှ ကင်းဝေးစေရန်


ဒီကနေ့အတွက်တော့ မိတ်ဆွေများကို တစ်ခုလောက် သတိပေး အကြံပြုစာလေး ရေးပေးချင်ပါတယ် ခင်ဗျာ။ဘာလဲဆိုတော့ ခုတစ်လော မြန်မာပြည်မှာကော မြန်မာနိုင်ငံသားအများစုရှိတတ်တဲ့နေရာတွေမှာ အလုပ်ကို လက်ကြောတင်းတင်းမလုပ်ကြပဲ ဖုန်းလေးတွေကို လက်ကနေကိုင်ပီး ပါးစပ်က အရည်တရွှန်းရွှန်းနေအောင် ပြောဆိုပီး မ၀ယ်ချင့်ဝယ်ချင်အောင် ကလီကမာတွေပြော၊ကျနေအောင်ပြောပီး ရိုးသားတဲ့ အခြေခံလူတန်းစားတွေ၊ ဖုန်းအကြောင်းနားမလည်တဲ့လူတွေကို ပစ်မှတ်ထားကာ ဂွင်ဆင်ပီး စနစ်တစ်ကျ ပိပိရိရိလိမ်နေကြပါတယ်။
ဒါနဲ့ပတ်သက်လို့ ကျနော့်အနေနဲ့ ရသမျှ ဖုန်းနဲ့ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို တင်ပြချင်ပါတယ်။ ဟိုတစ်ရက်က kalang က ကျနော့်သူငယ်ချင်း အလုပ်လုပ်တဲ့ နေရာနားက စားသောက်ဆိုင်တစ်ခုမှာ နီပေါမလေးတစ်ယောက် ရပ်နေချိန် အထက်ကပြောခဲ့တဲ့ ဂွင်သမားက ရောက်လာပီး Iphone တစ်လုံးထုတ်ပြတယ်။
သူငွေလိုနေလို့ ၈၀၀ ပဲပေးပါ ဆိုပြီး ဖုန်းအစစ်ကြီးကို နီပေါမလေးလက်ထဲကို ထိုးထည့်တယ်။အဲမှာ တဖက်ကလဲ စိတ်ပါပီးတော့ သူ့သူငယ်ချင်းကို လှမ်းခေါ်ပြီး ယူရမလားဆိုပီး မေးတော့ သူငယ်ချင်းကလဲ အိုကေတယ် အစစ်ကြီးပေါ့ ယူထားလိုက် ဆိုပြီး အကြံပေးတော့တယ်ဗျ။ဒါနဲ့ ကောင်မလေးက ဈေးဆစ်လိုက်တော့တယ်။ ဈေးကို ခေါ်ထားတဲ့ ၈၀၀ ထက်လျော့ပေးနိုင်သမျှ လျော့ပေးအုံးပေါ့။
အဲမှာ ဆရာက လုပ်ငန်းစတာပဲ ။ စဉ်းစားအုံးမယ်ဆိုပြီး ဖုန်းကို အိတ်ထဲထည့်လိုက်တယ် ။ပီးတော့ ခဏအကြာမှာ အိုကေ ၅၀၀ ပဲပေးဆိုပြီး အရောင်းအ၀ယ်ဖြစ်သွားတယ်။အဲမှာ ကောင်မလေးကလဲ ၀မ်းသာအားရဖြစ်ပီး ငွေ အကျေချေလိုက်တော့တာပဲ။ဒီမှာတင် ဆရာလဲ လုပ်ငန်းပီးလို့ ကပျာကယာ ဆိုင်ထဲကနေ လစ်တာပါပဲ။
ဒီပုံစံနဲ့ ဖုန်းအတု ကြီး ကောင်မလေးလက်ထဲ ဘယ်အချိန် ဘယ်လိုရောက်သွားလဲ ဆိုတာ မိတ်ဆွေတို့ စဉ်းစားနိုင်လောက်ပါပီ။ဈေးဆစ်ပြီး စဉ်းစားနေတဲ့ အချိန် အိတ်ထဲမှာပဲ အလှည့်အပြော့င်း လုပ်သွားတာ။နဂိုထဲက ငနဲတွေမှာ ဖုန်းက အတုတစ်လုံး အစစ်တစ်လုံး ပါလာပြီးသား။အဲတာကို ရိုးရိုးလေး လှည့်ကွက် ဆင်သွားတာဗျ။
ကဲ ကိုယ်ရွှေ မြန်မာ တို့လဲ အဲလို အလိမ်မခံရအောင် ဘယ်လိုကာကွယ်မလဲဆိုတာကို တော့ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားသဗျာ။ သေချာကြည့်ပီး ကိုယ့်မိတ်ဆွေတွေကိုလဲ လက်ဆင့်ကမ်း သတိပေး လက်တို့ လိုက်ကြပါအုံးခင်ဗျာ။ သိပီးသားသူတွေအတွက် ရည်ရွယ်တာမဟုတ်ပဲ မသိရှိသေးတဲ့ မိတ်ဆွေများအတွက် သာရည်ရွယ်ပါတယ်ခင်ဗျာ။ အားလုံးမင်္ဂလာပါ။
source; Zaya Chitsan
ကိုရင် ဒိပ္ပ အကောင့်မှကူးယူဖော်ပြသည်

Sunday, September 21, 2014

Telenor Myanmar ရဲ့ SIM Card တွေမှာ Facebook အခမဲ့သုံးနိုင်တဲ့ Facebook Zero




Telenor Myanmar ရဲ့ SIM Card တွေမှာ Facebook အခမဲ့သုံးနိုင်တဲ့ Facebook Zero ဆိုတဲ့ feature ပါဝင်ပါတယ်။ Facebook Zero ဆိုတာကတော့ Facebook ရဲ့ Mobile site ဖြစ်တဲ့ m.facebook.com ကိုအခြေခံထားတဲ့ feature ဖြစ်ပါတယ်။ Status တင်ခြင်း ၊ News Feed များကိုကြည့်ရှုခြင်း ၊ Facebook Message များကို reply ပြန်ခြင်း ၊ Friend တွေရဲ့ wall ပေါ်မှာဝင်ရောက်ရေးသားခြင်းများကိုပြုလုပ်နိုင်မှာပါ။ ပုံတွေတော့ ကြည့်လို့မရပါဘူး ။ Facebook Zero ကိုအသုံးပြုလိုရင်တော့ Telenor Myanmar SIM Card ထည့်သွင်းအသုံးပြုထားတဲ့ မိမိတို့ Mobile ဖုန်းရဲ့ Web Browser မှာ http://zero.facebook.com/ လို့ရိုက်ပြီး Facebook ကို အခမဲ့အသုံးပြုနိုင်မှာပါ။ မည်သည့် Data Charges မှကျသင့်မှာမဟုတ်ပါဘူး။

Saturday, September 13, 2014

ဖုန်းဝင်လာတိုင်း ကြော်ငြာ ၁ဝ စက္ကန့် ကြည့်ရုံဖြင့် နေ့စဉ် ပိုက်ဆံရနိုင် မည့် ဆော့ဝဲ


ဖုန်းဝင်လာတိုင်း ကြော်ငြာ ၁ဝ စက္ကန့် ကြည့်ရုံဖြင့် နေ့စဉ် ပိုက်ဆံရနိုင် မည့် အစီအစဉ်ကို ယခုလ ဒုတိယ အပတ်တွင် လုပ်ဆောင်မည်ဟု VMG TELECOMS မှ သိရသည်။
အဆိုပါ အစီအစဉ်ကို စက်တင် ဘာလ ၁၁ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး နေ့စဉ် ဝင်ငွေ ရရှိလို သူများ အနေ ဖြင့် Cash for Call အက်ပလီကေးရှင်း တစ်ခုအား မိမိ မိုဘိုင်းဖုန်းတွင် ထည့် သွင်းထား ရမည်ဖြစ်ကြောင်း သိရသည်။
Cash For Call အက်ပလီကေး ရှင်းကို အွန်လိုင်း Play Store တွင် ဝင် ရောက် ဒေါင်းလုတ် ရယူနိုင်သလို ဝက်ဘ်ဆိုက် တွင်လည်း ဒေါင်းလုတ် ရယူနိုင် မည် ဖြစ်ကြောင်း၊ ဖုန်းတစ်ခါ လာတိုင်း ကြေငြာ ၁ဝ စက္ကန့် ကြည့်ရုံ ဖြင့် မြန်မာ ကျပ်ငွေ ၅ ကျပ် ရရှိမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။
”မိသားစု ဖုန်းတွေပဲ လာလာ၊ သူ ငယ်ချင်း ဖုန်းတွေပဲ လာလာ၊ ဘယ်ဖုန်း မဆို တစ်ခါ ကိုင်ရုံ နဲ့ ငွေရမှာပါ။ တစ်နေ့ ဘယ်နှစ်ကြိမ် လာလာ တစ်ခါကိုင် ၅ ကျပ်ရမှာပါ။ ဥပမာ အိမ်က အမေဆက် တဲ့ဖုန်း၊ ကိုယ့်ဖုန်းကို ဝင်လာတယ်။ ဖုန်း ဝင်လာတာ နဲ့ ကြော်ငြာပေါ်မယ်။ ဒါကို ချက်ချင်း မကိုင်ဘဲ ၁ဝ စက္ကန့် ကြည့်ပြီးမှ ကိုင်ပြီး ကိုယ့်အမေ နဲ့ ကိုယ်ဖုန်း ပြော လိုက်ရုံနဲ့ ပိုက်ဆံ ရမှာပါ” ဟု ၄င်းက ဆက်ပြောသည်။
၁ဝ စက္ကန့်မပြည့်ဘဲ ဖုန်းကိုင်မည် ဆိုပါက သတ်မှတ်ငွေ ရရှိမည်မဟုတ် ကြောင်း၊ မိမိ ရရှိထားသည့် ပိုက်ဆံ အရေ အတွက်ကို ဖုန်းအတွင်း ထည့်သွင်း ထား သည့် Cash For Call အက်ပလီကေး ရှင်းတွင် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
” Android ဖုန်းတွေပဲ ရမှာပါ။ ခလုတ်နှိပ်ရတဲ့ ဖုန်းတွေ ကတော့ ဒီ စနစ်ကို ရမှာ မဟုတ်ပါဘူး။ အဓိကတော့ ကြော်ငြာတွေ ကို အိမ်မှာ TV မှာ မကြည့်ဖြစ်တဲ့ သူတွေ ကြည့်နိုင်မယ်”ဟု VMG TELECOMS မှ ဒါရိုက်တာ ဦးအောင်ထွန်းက ပြောသည်။
မိမိ ရရှိထားသည့် ငွေများကို ထုတ် ယူမည် ဆိုပါကလည်း Cash For Call အက်ပလီ ကေးရှင်းတွင် ဝင်၍ ငွေထုတ် ရန် စာသားအား နှိပ်ရမည် ဖြစ်ကြောင်း၊ ယင်း သို့ ပြုလုပ်သည် နှင့် တစ်ပြိုက်နက် ကုမ္ပဏီတွင် ဖုန်းနံပါတ် နှင့် အီးမေးလ်ရောက် ရှိလာမည် ဖြစ်ပြီး ငွေထုတ်ပေးမည့် အစီ အစဉ်များကို ဖုန်းခေါ်၍ ဖြေကြားပေး သွား မည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
”ဘဏ်မှာ ထုတ်ချင်ရင်လည်း ရပါတယ်။ ကိုယ့်ထုတ်မယ့် ဘဏ်ကို ငွေ လွှဲပေးမှာပါ။ ဒါမှမဟုတ် ငွေဖြည့်ကတ် ပဲ ထည့်သွင်းပေးပါ ဆိုရင်လည်း ဖုန်းထဲ ရိုက် ထည့်ပေး သွားမှာပါ”ဟု ၄င်းက ဆက် ပြောသည်။
ကျပ် ၃ဝဝ ပြည့်ပါက Coke အအေး ဘူး တစ်ဘူးဖြင့် လဲလှယ်နိုင်ကြောင်း စက်တင်ဘာ ၁၁ ရက် နေ့မှ ရက် အကန့်သတ် မရှိ လုပ်ဆောင် သွားမည်ဖြစ် ကြောင်း ယင်း ကုမ္ပဏီ မှ သိရသည်။
ဆော့ဝဲကိုအောက်ကလင့်ကနေဒေါင်းလိုက်ပါ
  DOWNLOAD

Thursday, September 11, 2014

တယ်လီနောမှ ဆင်းမ်ကတ်ဖြန့်ဝေမှု မန္တလေးမှစတင်မည်ဟု သိရ


တယ်လီနောမှ တစ်မိနစ်ပြောဆိုနှုန်းထား ၂၅ ကျပ်ထက်မပိုသော ဆင်းမ်ကတ်မျာ:ကို ၁,၅၀၀ ကျပ်ထက်မပိုသည့် ဈေးနှုန်းဖြင့် မြန်မာနိုင်ငံအတွင်း ဖြန့်ချိရာတွင် မန္တလေးမြို့မှ စတင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၀ ရက်၊ နံနက် ၁၀ နာရီခွဲမှက မန္တလေးစက်မှုဇုံ ကနောင်ခန်းမတွင် တယ်လီနောနှင့် စက်မှု၊ စီးပွားရေးလုပ်ငန်းစုများအတွက် သီးသန့်ဝန်ဆောင်မှုများအကြောင်း လာရောက်ရှင်းလင်း မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။


MyChat App စတင်ဖြန့်ချိသည့် ပထမတစ်ပတ်အတွင်း သူငယ်ချင်းဖွဲ့ရန် ကမ်းလှမ်းမှုပေါင်း ၇၀,၀၀၀ ကျော်ရှိ


MyChat App စတင်ဖြန့်ချိသည့် ပထမတစ်ပတ်အတွင်း သူငယ်ချင်းဖွဲ့ရန် ကမ်းလှမ်းမှုပေါင်း ၇၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်ထားပေးသော စတစ်ကာများဖြင့် အသုံးပြုနိုင်မည့် MyChat အခမဲ့ Messaging App အား စတင်ဖြန့်ချိပြီး နှစ်ပတ်အတွင်း ပြည်ပနိုင်ငံများကပါ အသုံးပြုလာကြောင်း၊ ထိုင်း၊ ဗီယက်နမ်၊ တောင်ကိုးရီးယား၊ မလေးရှားနှင့် အမေရိကန် အစရှိသောနိုင်ငံများတွင်ပါ အသုံးပြုလာကြကြောင်း MyChat မှ သတင်းထုတ်ပြန်သည်။