Cloud Computing ဆိုတာ ဘာလဲ။
Cloud
Computing ဆိုတာကတော့ အင်တာနက်ရဲ့ နောက်ထပ် ပြောင်းလဲသွားမယ့်
အကြီးမားဆုံး ပြောင်းလဲမှု တစ်ခု ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့
အခြေခံအဓီပ္ပာယ်ဖွင့်ဆိုချက်အရတော့ အားလုံးသော ကွန်ပျုတာ စနစ်တွေကို
အင်တာနက်ကို အသုံးပြုပြီး ထောက်ပံ့ပေးနိုင်တဲ့ စနစ်တစ်ခု အဖြစ် အကြမ်းဖျင်း
ဖွင့်ဆိုနိုင်သလို မိမိရဲ့ အချက်အလက်တွေ ၊ ဒေတာတွေကို အင်တာနက် ရနိုင်တဲ့
ဘယ်လို နေရာမျိုးကနေ မဆို ရယူ အသုံးပြုနိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ
အချက်အလက် သိုလှောင်မှုတွေကို ပြုလုပ်ထားခြင်း ပဲ ဖြစ်ပါတယ်။ ဒီထက်
အများကြီး အဓိပ္ပာယ်ဖွင့်ဆိုနိုင်လို့ ရနိုင်သေးပေမယ့် ဒီလောက် နားလည်ထားယင်
အဆင်ပြေမယ် ထင်ပါတယ်။
ဒီထက် အဆင့်မြင့်တဲ့
လုပ်ဆောင်ချက်တွေကတော့ အလွန်မြင့်မားပြီး အဆင့်မြင့်တဲ့ နည်းပညာတွေကို
အသုံးပြုကာ မိမိပေးလိုတဲ့ သူ ၊ ရယူလိုတဲ့ သူတွေကို စီမံခန့်ခွဲမှု
ပြုလုပ်ထားတဲ့ စနစ် တစ်ခု ဖြစ်ပါတယ်။ ဒါကိုပဲ Cloud Computing လို့ ခေါ်ဆို
ခြင်း ဖြစ်ပါတယ်။ ဒီအထဲမှာ အချက်အလက်တွေ များစွာ ပါဝင်နေသလို
ကွန်ပျုတာအတွက် ထိန်းကျောင်းမောင်းနှင်ပေးမယ့် Software တွေ အပြင် platform
မတူတဲ့ ဘယ်လို device မျိုးကနေမဆို ဘယ်နေရာကို ရောက်ရောက် ၊
ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အလွယ်တကူ ရယူအသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ ဒါဟာ
Limited resources တွေကို ဖြေရှင်းမှုတစ်ခု အဖြစ်လည်း ရှုမြင်နိုင်ပါတယ်။
အဲဒီအထဲမှာ မိမိရဲ့ အချက်အလက်တွေ ၊ ဒေတာတွေကို အလွ ယ်တကူ
အခြားမသက်ဆိုင်သူတွေ ရယူခြင်းမရှိစေရန် encrypted form ပုံစံကို
အသုံးပြုကာ အဆိုပါ အချက်အလက်တွေအတွက်username နှင့် password တွေကို
အသုံးပြုကာ သိမ်းဆည်းထားခြင်းဖြစ်ပါတယ်။ ဥပမာ တစ်ခု ပြောရယင် ယခုခေတ်မှာ
အသုံးပြုမှု တွင်ကျယ်လာတဲ့ Internet TV တစ်နည်း Smart TV တွေကို နမူနာ
ကြည့်နိုင်ပါတယ်။ အင်တာနက် ချိတ်ဆက်ကာ သူရဲ့ Resources Center အတွင်းမှာ
ရှိတဲ့ အချက်အလက်တွေ ဒေတာတွေကို အလွယ်တကူ ရယူ
အသုံးပြုနိုင်ခြင်းပဲဖြစ်ပါတယ်။ဒါဟာ Cloud Computing ရဲ့ အခြေခံ
သဘောတရားပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့ သင့်ရဲ့ ကိုယ်ပိုင်
ကွန်ပျုတာမှာSoftware တွေကို install ပြုလုပ်စရာမလိုပဲ သင်ဟာ သူနဲ့
အလားသဏ္ဍန်တူတဲ့ အင်တာနက် အခြေပြု Application ကို Web Browser အသုံးပြုကာ
ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အချက်အလက်တွေ ဒေတာတွေကို
အသုံးပြုနိုင်သလို အဆိုပါ နက်ဝက်ဘ်ပေါ်မှာပဲ မိမိရဲ့ အချက်အလက်တွေ
ဒေတာတွေကို သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ကိုယ်ပိုင်
ကွန်ပျုတာမှာ အချက်အလက်တွေကို သိမ်းဆည်းဖို့အတွက် နေရာမလိုအပ်တော့သလို
ဖြစ်စေပြီး ဘယ်နေရာကို ရောက်ရောက် ရယူအသုံးပြုဖို့အတွက်
အဆင်သင့်ဖြစ်နေစေပါတယ်။ ဒါကြောင့်မို့ အဆုံးအစမရှိတဲ့ လွတ်လပ်မှုတွေကို
ရရှိနိုင်ပြီး သင်လိုအပ်တဲ့ အချိန်မှာ ထောက်ပံ့ပေးနိုင်ခြင်း ဖြစ်ပါတယ်။
ဆာဗာနက်ဝက်ဘ်ကို ဆက်သွယ်ပြီး ထိန်းချုပ်ပေးနိုင်ဖို့အတွက် လိုအပ်တဲ့
Terminal တွေတော့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး Cloud Computing ကိ
ုအသုံးပြုနိုင်ဖို့အတွက် အလိုအပ်ဆုံးအရာ တစ်ခုကတော့ ကမ္ဘာရဲ့ ဘယ်နေရာကို
ရောက်ရောက် အင်တာနက်မြန်နှုန်းကောင်းမွန်ဖို့ပဲ ဖြစ်ပါတယ်။ ဒါမှလဲ
မိမိလိုချင်တဲ့ အချက်အလက်တွေ ဒေတာတွေကို အလွယ်တကူ ရယူနိုင်မှာ ဖြစ်ပြီး
Cloud Computing ရဲ့ ပြီးပြည့်စုံ တဲ့ စနစ်တစ်ခုအဖြစ်ကို ရောက်ရှိနိုင်မှာ
ဖြစ်ပါတယ်။
Cloud Computing ရဲ့ Applications နှင့် လိုအပ်ချက်များ
Cloud
Computing ရဲ့ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ နည်းလမ်းနှစ်ခုရှိပါတယ်။
ဘာတွေလဲဆိုတော့ ငွေကြေးနှင့် သက်သာလွယ်ကူစေခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒီနက်ဝက်ဘ်တွေဟာ အလွယ်တကူ သိမ်းဆည်းနိုင်သလို အလွယ်တကူလည်း ရယူနိုင် တဲ့
အပြင် အချက်အလက်တွေ ဒေတာတွေကိုလည်း ပြုပြင်မှုတွေ ကို ပြုလုပ်နိုင်ပါတယ်။
သင်ဟာ အဲဒီ အချက်အလက်တွေကို ပြုပြင်ဖို့အတွက် ဘယ်အရာကိုမှ သင့်ရဲ့
ကိုယ်ပိုင် device တွေပေါ်မှာ တင်စရာ တစ်နည်း install ပြုလုပ်စရာ မလိုပါဘူး။
ထိုအပြင် ဘယ်လို ပရိုဂရမ်ကို မဆို update လုပ်စရာမလိုပဲ အလိုအလျောက်
update လုပ်ပေးမှာ ဖြစ်ပါတယ်။ ဘယ်လိုမျိုးပဲ ဖြစ်ဖြစ်
လုပ်ထုံးလုပ်နည်းများနှင့်အညီ မိမိရဲ့ အချက်အလက်တွေကို ရယူနိုင်မှာ
ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ တစ်ဦးတစ်ယောက်ချင်း အစ
ကော်ပိုရေးရှင်းတွေအဆုံး Cloud Computing ကို လူသိများလာစေခြင်းရဲ့ အဓိက
အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။ ထိုအပြင် Cloud Computing ဟာ
အလွန်ကြီးမားတဲ့ ငွေကြေးပမာဏတစ်ခုကို လျော့ချပေးနိုင်ခြင်းအတွက်ပဲ
ဖြစ်ပါတယ်။ သင်ဟာ ဒီစနစ်ကို အသုံးပြုချင်တယ်ဆိုယင် အသုံးပြုခွင့်ပေးထားသော
(သို့) ၀န်ဆောင်မှုပေးသော Service Provider တွေကို မိမိသိမ်းဆည်းလိုတဲ့
ပမာဏအတွက် ငွေကြေးကိုသာ ပေးဖို့လိုအပ်ပြီး ဒီအတွက်
ကိုယ်ပိုင်သိမ်းဆည်းထားတဲ့ သိုလှောင်မှု ၊ ထိန်းသိမ်းမှု ၊ backup စနစ်
တွေအပြင် ပါဝါသုံးစွဲမှုတွေကိုပါ လျော့ချနိုင်မှာ ဖြစ်ပါတယ်။ ထိုအပြင်
မြန်နှုန်းမြင့် data access တွေကို သင့်တင့်တဲ့ ဈေးနှုန်းတွေဖြင့်
ပေးထားတာကြောင့် ကော်ပိုရေးရှင်းတွေရဲ့ paper အခြေပြုလုပ်ဆောင်ချက်တွေကို
လျော့ချပေးနိုင်ပါသေးတယ်။
Cloud Computing စနစ်မှာ မြောက်များစွာသော
Applications တွေ ရှိပါတယ်။ သင်ဟာ ကိုယ်ပိုင် Cloud Computing စနစ်ကိုလည်း
တည်ဆောက်နိုင်ပါသေးတယ်။ Cloud Computing နက်ဝက်ဘ်တစ်ခုဟာ ကိုယ်ပိုင်
ကွန်ပျုတာတွေ အမြောက်အများကို သီးခြားစီ Access လုပ်ဆောင်နိုင်ပါတယ်။
Amazon နှင့် Google တို့ဟာ သူတို့ရဲ့ Cloud Computing စနစ်တွေ ကို
တစ်ဦးတစ်ယောက်ချင်းစီအတွက် သီခြားစီ အသုံးပြုနိုင်အောင်
တီထွင်ထားကြပါတယ်။ ဒါကြောင့် Cloud Computing ဆိုတာဟာ နက်ဝက်ဘ်တစ်ခုတည်းမှာ
အသုံးပြုယုံ ၊ အချက်အလက်တွေ ဝေမျှယုံသာ မဟုတ်ပဲ အခြား လုပ်ဆောင်နိုင်တဲ့
ဝန်ဆောင်မှု များစွာကို လုပ်ဆောင်နိုင်တယ်ဆိုတာ သိထားရပါမယ်။
Cloud Computing ရဲ့ အားသာချက်များ
ငွေကြေးကုန်ကျမှုကို လျော့ချနိုင်ခြင်း
Cloud
တစ်ခုဟာ လူတစ်ဦးတစ်ယောက်ချင်းစီအတွက် အမြဲတမ်းလိုအပ်နေသလျိုသ်အတမေန တွေ
အခြား သီးခြား ၀န်ဆောင်မှုတွေကို ကြီးမားမှုအလိုက်ရရှိနိုင်ပါတယ်။ ဒါပေမယ့်
အချိန်အများစုအတွက်ကတော့ အကျိုးရှိရှိ အသုံးချဖို့အတွက် မလုံလောက်ပါဘူး။
ဒီနေ့ခေတ်ရဲ့ နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအရ
လက်ရှိအသုံးပြုနေတာတွေဟာ မကြာမှီ outdated ဖြစ်သွားနိုင်သလို သူနေရာမှာ
အစားထိုး ၀င်လာနိုင်ပြီးအကောင်းဆုံး လုပ်ဆောင်နိုင်ဖို့အတွက်ကတော့ Cloud
Computing စနစ်ပဲ ဖြစ်ပါတယ်။
မြန်နှုန်း နှင့် အရွယ်အစား ပမာဏ
ကုမ္ပဏီတွေအများစုဟာ
သူတို့ရဲ့ အချက်အလက်တွေကို သိုလှောင်နိုင်ဖို့အတွက် အချိန်တွေ ၊ငွေတွေကို
အသုံးပြုပြီ့း hardware တွေကို ၀ယ်ယူခြင်း ၊ installation
ပြုလုပ်ခြင်းတွေကို ပြုလုပ်စရာမလိုတော့ပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒီအတွက် နက်ဝက်ဘ်အသုံးပြုမှုအတွက် အချိန်များစွာကို လျော့ချပေးနိုင်သလို
သူတို့အတွက် လိုအပ်ချက်တွေကိုလည်း စိတ်ပူပန်နေစရာ မလိုတော့ပါဘူး။ ထိုအပြင်
မြန်နှုန်းမြင့်မားမှုနှင့်အတူ မိမိလိုချင်တဲ့ အရွယ်အစားပမာဏတွေကိုလည်း
ရရှိနိုင်စေမှာ ဖြစ်ပါတယ်။
ဆန်းသစ်ပြောင်းလဲခြင်း
သူတို့ရဲ့
နောက်ခံ စီမံခန့်ခွဲမှုဆိုင်ရာတွေကို စိုးရိမ်ပူပန်နေစရာမလိုတဲ့အတွက်
ကုမ္ပဏီတွေဟာ မိမိတို့ရဲ့ ပြိုင်ဘက်တွေနှင့် သာလွန်ကောင်းမွန်သော
အာရုံစိုက်မှုကိုသာ ပြုလုပ်နိုင်မှာ ဖြစ်တာကြောင့် ဆန်းသစ်ပြောင်းလဲ
နိုင်ဖို့အတွက် အချိန်တွေ ပိုပြီး ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ပိုပြီး
လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်မှု ၊ တန်ဖိုးဖြတ်မှု နှင့်အတူ နောက်ဆုံး
သူတို့ရဲ့ ထုတ်ကုန်တွေနဲ့ ၀န်ဆောင်မှုတွေကို ခိုင်လုံတဲ့
အကြောင်းပြချက်တွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
နေရာစား သက်သာခြင်း နှင့် လွတ်လပ်ခြင်း
Cloud
Computing စနစ်တွေကို ၀န်ဆောင်မှုပေးသူတွေဟာ အသုံးပြုမယ်သူတွေအတွက်
လိုအပ်တဲ့ Infrasturuture တည်ဆောက်မှုတွေကို အနည်းဆုံး နှင့် အသက်သာဆုံး
ဈေးနှုန်းတွေ ဖြင့် ၀န်ဆောင်မှုပေးမှာ ဖြစ်သလို မိမိတို့ ကုမ္ပဏီတွေအတွက်
လိုအပ်တဲ့ Data Centre တွေကို ထားဖို့အတွက် နေရာတွေ မလိုအပ်တော့ပါဘူး။
ဒါကြောင့် နောက်ဆုံး ကုမ္ပဏီတစ်ခုက တစ်နေရာမှ တစ်နေရာကို
ပြောင်းမယ်ဆိုယင်တောင်မှာ အလွယ်တစ်ကူ ရွှေ့ပြောင်းနိုင်တဲ့ အနေအထားကို
ရောက်စေပါတယ်။
သက်သာချောင်ချိခြင်း
ဒီအချက်ကတော့
ကုမ္ပဏီတစ်ခုဟာ ဒီစနစ်ကို အသုံးပြုဖို့အတွက် မြန်နှုန်းမြင့် အင်တာနက်
စနစ်တစ်ခုပဲ လိုအပ်ပါတယ်။ လိုအပ်ချက်ကတော့ အထူးပြုလုပ်ထားတဲ့ အသုံးအဆောင်
ပစ္စည်းတွေ နှင့် အခြား ပြီးပြည့်စုံတဲ့ အချက်တွေကို ရရှိစေနိုင်ပါတယ်။
ငွေတောင်းခံလွှာပေါ်မှာလည်း အမှန်တကယ်ကျသင့်တဲ့ အခြေခံကုန်ကျမှုတစ်ခုကိုပဲ
တွက်ချက်ယူမှာ ဖြစ်တဲ့အတွက် ကုမ္ပဏီကို အရင်းအနှီး များစွာ
သက်သာစေမှာဖြစ်ပါတယ်။
ပြောင်းလွယ် ပြင်လွယ် ဖြစ်ခြင်း
အသုံးပြုသူတွေဟာ
သူတို့ပေးထားတဲ့ စံနှုန်းတွေကို မပြည့်မှီလို မိမိတို့ရယူထားတာတွေကို
ပြန်လည် ရုပ်သိမ်းမယ်ဆိုယင်လည်း အလွယ်တကူ ပြောင်းလဲနိုင်ပြီး အခြား
ဝန်ဆောင်မှု တစ်ခုနှင့် ချိတ်ဆက်ကာ အသုံးပြုနိုင်တဲ့ အတွက် မိမိတို့အတွက်
အင်တာနက်စနစ် ရရှိနေယင်ပဲ အားလုံး အဆင်ပြေနေပြီ ဖြစ်ပါတယ်။
Cloud Computing ရဲ့  အားနည်းချက်များ
Network Connection အပေါ်တွင် အမှီပြုလွန်းခြင်း
ဒီအချက်ကတော့
အတော်လေးကို အရုပ်ဆိုးအကြည်းတန်စေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ အမှန်တကယ်
ကောင်းမွန်ပြီး ပြီးပြည့်စုံတဲ့ အင်တာနက် ချိတ်ဆက်မှုရှိမှသာ ဒါတွေကို
ခံစားနိုင်မှာ ဖြစ်တဲ့ အတွက် ဖြစ်ပါတယ်။ နှေးကွေးတဲ့ အင်တာနက်
စနစ်မှာဆိုယင် အသုံးပြုသူတွေအတွက် စိတ်အနှောက်အယှက် ဖြစ်ယုံမကပဲ
ထုတ်ကုန်တွေကိုလည်း အောက်ခြေကို ရောက်သွားတဲ့အတွက် ဖြစ်စေပါလိမ့်မယ်။
သတင်းအချက်အလက်တွေရဲ့ ဥပဒေဆိုင်ရာ ပိုင်ဆိုင်မှုများ
Cloud
Computing စနစ်ကို ၀န်ဆောင်မှုပေးသူတွေဟာ သူတို့ ကုမ္ပဏီတွေက သတ်မှတ်ထားတဲ့
လုပ်ထုံးလုပ်နည်းများ နှင့် အခြေအနေများနှင့် စပ်လျင်ပြီး သတ်မှတ်ချက်များ
ရှိပါတယ်။ အသေအချာ ဖတ်မှတ် သိရှိနားလည်ထားဖို့ လိုအပ်သလို တကယ်လို
အခြေအနေတစ်ခုခုကြောင့် သတင်းအချက်အလက်တွေ ခိုးယူခံရမှု ၊ ဆာဗာတွေ ၊ backup
စနစ်တွေ တစ်ခုခု ချို့ယွင်းသွားယင် ဖြစ်ဖြစ် ဘယ်လိုမျိုး တာဝန်ယူမှုမျိုး
ရှိလာမလဲဆိုတာမျိုးတွေကို ဖြေရှင်းရနိုင်မှာ ဖြစ်ပါတယ်။
မိုးဆက်ကို ( TechSpace Journal )
Saturday, September 6, 2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment