မြန်မာ့အင်တာနက်သမိုင်း ( Myanmar Internet History )
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်
အင်တာနက်ဝန်ဆောင်မှုကို ၁၉၉၉ ခုနှစ်တွင်စတင်ဆောင်ရွက်ခဲ့သည်။ Data
အချက်အလက်များ ကိုတစ်နေရာမှ တစ်နေရာသို့ ပေးပို့နိုင်ရန်ပြည်တွင်းပြည်ပ
တဲလက်စ်လုပ်ငန်းကို၁၉၈၀ ခုနှစ်တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်
ခဲ့ပါသည်။ကွန်ပျူတာဖြင့် ကြေးနန်းပို့ခြင်းလုပ်ငန်း ကို (၁-၄-၉၃)
နေ့တွင်စတင် ဆောင်ရွက်ခဲ့ပါသည်။ Packet Switching System ကို
ရန်ကုန်မြို့တွင် လိုင်း (၃၀၀)၊မန္တလေးမြို့တွင် လိုင်း (၈၀) နှင့် Mail Box
(၅၀၀) ဖြင့် စတင်အသုံးပြုရန် အတွက် ၉-၄-၉၆ ရက်နေ့တွင် ဆီးမင်းကုမ္ပဏီနှင့်
လက်မှတ်ရေးထိုးခဲ့ပါသည်။ ကွန်ပျူတာအချင်းချင်း Data
အချက်အလက်များပေးပို့ခြင်း လုပ်ငန်းကို Packet Switching Exchange
အသုံးပြု၍ (၁၂-၁၁-၉၇) နေ့မှ စတင်၍ အသုံးပြုခဲ့ပါသည်။ ကွန်ပျူတာအချင်းချင်း
စာပေးပို့ ခြင်းလုပ်ငန်း (Electronic Mail System) ကို X.400 E.Mail စနစ်
အသုံးပြု၍ (၁၂-၁၁-၉၇) နေ့မှ စတင်အသုံးပြုခဲ့ပါသည်။
အင်တာနက်ဆက်သွယ်ရေးစနစ်ကို
၅-၃-၉၈ ရက်နေ့တွင် UNIQCOM CO; ဖြင့် စီမံကိန်းစာချုပ်၊
လက်မှတ်ရေးထိုးခဲ့ပါသည်။ အင်တာ နက်စက်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းကို
၁၄-၉-၉၈ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ၉-၃-၉၉ ရက်နေ့တွင်
ပြီးစီးခဲ့ပါသည်။ ၂၂-၃-၉၉ ရက်နေ့တွင် အင်တာနက်ဆက်သွယ်ရေးစနစ်ကို
စတင်အသုံးပြုခဲ့ပါသည်။ အင်တာနက် ဆက်သွယ်ရေးစနစ်အား
အစိုးရအဖွဲ့ရုံးများကိုသာ စတင်အသုံးပြုခွင့် ပေးခဲ့ပါသည်။ ၁-၁-၂၀၀၀
ရက်နေ့တွင် Y2K ပြဿနာကြောင့် Packet Switching စနစ်မှ
ဝန်ဆောင်မှုပေးထားသည့် X-400 အီးမေးလ်စနစ်ကို အင်တာနက်အီးမေးလ်စနစ်သို့
ပြောင်းလဲပေးခဲ့ပါသည်။ သုံးစွဲမှုစနစ်များ အင်တာနက် ၀န်ဆောင်မှု
စတင်ပေးစဉ်ကာလတွင် Data Transmission Speed (56 kbps) ရရှိသော Dial Up
လိုင်းနှင့် Data Transmission Speed (19.2 kbps) ရရှိသော Packet Switching
လိုင်းကို အသုံးပြု၍ အင်တာနက် ကြည့်ရှုခြင်း၊ အီးမေးလ်အပို့/အယူ
ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ မြန်နှုန်းမြင့် အင်တာနက်
ဝန်ဆောင်မှုဖြစ်သည့် E1 လိုင်း၊ Fiber ၊ ADSL စနစ်နှင့် Satellite စနစ်များ
စတင်သုံးစွဲလျှက် ရှိပါသည်။ ADSL စနစ်သည် ရိုးရိုး Copper
တယ်လီဖုန်းလိုင်းကို အသုံးပြု၍ တယ်လီဖုန်း ဆက်သွယ်မှုအပြင် မြန်နှုန်းမြင့်
အင်တာနက် ချိတ်ဆက်မှုကိုပါ ဆောင်ရွှက်ပေးနိုင်သည့်စနစ် ဖြစ်ပါသည်။
သုံးစွဲသူများသည် အနိမ့်ဆုံး Speed(256 kbps) မှ အမြင့်ဆုံး Speed (2 MB)
အထိရရှိနိုင်ပါသည်။ အထက်ပါနည်းလမ်းများအပြင် MPT Satellite Terminal ကို
အသုံးပြု၍ ဂြိုလ်တုမှတဆင့် အင်တာနက်ချိတ်ဆက်ရန် ဆောင်ရွက်ပေးလျက်ရှိရာ
သုံးစွဲသူများ အနေဖြင့် တယ်လီဖုန်းလိုင်း၊ ဖိုင်ဘာလိုင်း မရှိသော်လည်း
မြန်နှုန်းမြင့် အင်တာနက် ဆက်သွယ်မှု စနစ်ကို ဂြိုလ်တုဆက်သွယ်မှုစနစ်မှ
အသုံးပြုနိုင်ပါသည်။
သတင်းအချက်အလက်နှင့်နည်းပညာဌာန အနေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော GMS စီမံကိန်းလုပ်ငန်းများတွင် -
(က) အင်တာနက်ဝန်ဆောင်မှုအသစ် (New ISP)တည်ဆောက်ခြင်း
(ခ) မျိုးဆက်သစ်ကွန်ယက်စနစ် (NGN) စနစ်တည်ဆောက်ြခင်း
(ဂ) အင်တာနက်စနစ်သုံးမြို့တော်ကွန်ယက် (IP Metro) တည်ဆောက်ခြင်း (ဃ) ကေဘယ်တီဗွီစနစ် (CATV) တည်ဆောက်ခြင်း
(င) ကြိုးမဲ့စနစ်သုံး အင်တာနက်ကွန်ယက် (Wi Fi) တည်ဆောက်ခြင်း
(စ) အင်တာနက်စနစ်သုံးစွဲနိုင်ရန်ကွန်ယက် (Access Network) တည်ဆောက်ခြင်း များပါဝင်ပါသည်။
မဲခေါင်ဒေသသတင်းအချက်အလက်နှင့်ဆက်သွယ်ရေး
အမြန်ဆက်ကြောင်းလုပ်ငန်း တည်ဆောက်ရေး စီမံကိန်းအရ ရန်ကုန်မြို့တွင်
ဟံသာဝတီ ISP အသစ်တည်ဆောက်ခြင်းလုပ်ငန်းအပြင်၊ ဟံသာဝတီ National Gateway
နှင့် IXP စီမံကိန်းလုပ်ငန်းများအား ၀န်ကြီးဌာန
ရန်ပုံငွေဖြင့်ထပ်မံတိုးချဲ့ ဆောင်ရွက်ခဲ့ပါသည်။ဟံသာဝတီ National Gateway
အား ၂၀၀၈ ခုနှစ်၊ ဧပြီလတွင် စတင်တည်ဆောက်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ
(၆) ရက်နေ့ (၅) လ အကြာတွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။NGN(Softwitch)
Network အား ရတနာပုံတယ်လီပို့မှ နေပြည်တော်သို့ ဇန်န၀ါရီလ၊ ၂၀၀၉ အတွင်း
စက်ပစ္စည်းများအား ပြောင်းရွှေ့တပ်ဆင်ပြီးစီးပြီဖြစ်ပါ၍ ၀န်ကြီးဌာနများသို့
IP Phone ၀န်ဆောင်မှုများ ပေးလျှက် ရှိပါသည်။ဟံသာဝတီ NGN(Softwitch)
Network ကို ဖွင့်လှစ်ထားပြီးဖြစ်ပါ၍ Internet Service Provider များအတွက်
နိုင်ငံတကာသို့ ချိတ်ဆက်ခြင်း၊ အချင်းချင်း ချိတ်ဆက်ခြင်း၊ လိုအပ်သော
Bandwidth ငှားရမ်းခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးခြင်း၊ လိုအပ်သော
ဝန်ဆောင်မှုများအား ဆောင်ရွက်ပေး ခြင်းတို့ကို လုပ်ဆောင်ပေးနိုင် မည်
ဖြစ်ပါသည်။ National IP Backbone လုပ်ငန်းအတွက်
ရန်ကုန်-နေပြည်တော်မန္တလေးတွင် မြန်မာ့မီးရထား ဖိုင်ဘာကို အသုံးပြု၍
လည်းကောင်း၊ လက်ရှိ MOD ၏ DWDM Fiber Network ကို အသုံးပြု၍သော်လည်းကောင်း
10 Gigabit High Speed ဆက်ကြောင်းတည်ဆောက်ခြင်း လုပ်ငန်းကို
အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်ပါသည်။
Saturday, September 6, 2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment