ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်

Sunday, April 5, 2015

Troy DC (2004) မြန်မာစာတန်းထိုး


Troy DC (2004) မြန်မာစာတန်းထိုး

Troy ဆိုတာနဲ့ ထရိုဂျန်မြင်းရုပ်ကြီးကို တန်းမြင်ကြမှာပါ..
ပြီးရင်တော့ ခေါမသူရဲကောင်း Achilles ကို ထပ်မြင်ပါလိမ့်မယ်..
 ဒီကားကတော့ အချစ် နဲ့ စစ်အပေါ် အလေးပေး
 ဖော်ကြူးထားတဲ့ ဇာတ်ကားကောင်းတကားပါ..
ဒီဇာတ်ကားမှာ ခေါမသူရဲကောင်း Achilles အဖြစ် Brad Pitt က..
Achilles ရဲ့ ဇာတ်ရုပ်ကို အပိုအလိုမရှိ သရုပ်ဆောင်ထားပြီး..
စစ်ပွဲဖြစ်ရအောင်လှ တဲ့ မင်းသမီး Helen အဖြစ် မင်းသမီးချော
Diane Kruger က သရုပ်ဆောင်ထားပါတယ်..
Troy ရဲ့ သူရဲကောင်း Hector အဖြစ် Eric Bana ..
အဓိကဇာတ်ဆောင်ဖြစ်တဲ့ Paris အဖြစ် Orlando Bloom တို့
သရုပ်ဆောင် ထားပါတယ်..
ဒီတော့ ဒီဇာတ်ကားမကြည့်ခင် Troy ပုံပြင်လေး
အရင်ပြောကြည့်ရအောင်...
 ဂရိတွေကနေ Troy ထရွိုင် မြို့ထဲကို ကြီးမားတဲ့ ထရိုဂျန်မြင်းကိုလုပ်၊
 အထဲမှာ စစ်သားတွေထည့်ပြီး ၁ဝ နှစ် တိုက်နေခဲ့တဲ့စစ်ပွဲကို
 အောင်နိုင်ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းနဲ့ ဒဏ္ဍာရီပုံပြင်ပါ..
 မူရင်းကတော့ လက်တင်  epic  ကဗျာရှည်ကြီးကနေလာတယ်။
 သြဂတ်စ်တပ် လက်ထက်ကဖြစ်တယ်။
 Homer' ရဲ့ Odyssey ကဗျာရှည်ကြီးကနေ ယူတာဖြစ်မယ်။ 
 ထရိုဂျန်စစ်ပွဲ ဖြစ်ခဲ့တာကတော့ ပီလိယပ်စ် နဲ့ သည်းတစ် ခေါ်တဲ့
 ပင်လယ်နတ်သမီးနှစ်ပါးကနေစတယ်။ 
သူတို့ကနေ မင်္ဂလာပွဲကို Eris  ခေါ်တဲ့ ဝိရောဓိမင်းသမီး ကို 
မဖိတ်ခဲ့တော့ မင်္ဂလာပွဲကိုဖျက်ဆီးတယ်။
 စားပွဲပေါ်မှာ ရွှေပန်းသီးတလုံး တင်လိုက်တယ်။
ဟာရာ ၊ အက်သီနာ နဲ့ အဖရိုဒိုက် တို့က ပန်းသီးကိုရချင်ကြတယ်။
ဇီးယပ်စ် မင်းကြီးကနေ ထရွိုင် မင်းသား ပဲရစ် ကို
 တရားသူကြီးလုပ်ဘို့ ဆုံးဖြတ်တယ်။
ဟားမီးစ် တွေက ပဲရစ် ဆီသွားကြတယ်။
 ဟာရာ က သူ့ပါဝါ အက်သီနာ က သူ့စည်းစိမ် နဲ့ အဖရိုဒိုက် က
 လောကကြီးမှာ အချောဆုံးမိန်းမ တာဝန်ယူလိုက်ကြတယ်။
ပဲရစ် က အဖရိုဒိုက်စ် ကိုရွေးလိုက်တယ်။
 အဲဒီတော့ ဟယ်လင် မင်းသမီးကို ပဲရစ် က ရတယ်။
        ပြဿ     နာက ဟယ်လင် ဟာ အပျိုမဟုတ်ဘဲ၊ 
မနဲလော့စ် ရဲ့ဇနီးဖြစ်နေတယ်။
ပဲရစ် က ဟယ်လင် ကိုဖမ်းခေါ်ဆောင်ဖို့ရာ စီစဉ်တယ်။ 
ပရောဟိတ် ကက်ဆန်ဒရာ နဲ့ ဟယ်လင်းနပ်စ် တို့အပြင် 
သူ့အမေ ဟီကျူဘား တို့က အဲလိုမလုပ်ဖို့ပြောသေးတယ်။
 နားမထောင်ခဲ့ဘူး...စပါတာ ကိုရောက်တော့ 
ပဲရစ် ကို ဟယ်လင် ယောက်ျား မနဲလော့စ် က
 တော်ဝင်ဧည့်သည်လို ဆက်ဆံတယ်။ 
ဒါပေမဲ့ ဟယ်လင် ကိုရအောင်ခိုးသွားတယ်။ 
 ထရွိုင် ရောက်တော့ ဟယ်လင် နဲ့ လက်ထပ်ပွဲကျင်းပတယ်။
မနဲလော့စ် ဟာ သူ့မိန်းမကိုပြန်ရရေးအတွက် စီမံချက်ချတော့တယ်။
  Achilles (ဇာတ်ကားထဲမှာတော့မင်းသား Brad Pitt သရုပ်ဆောင်) ပါမှသာ
 ထရွိုင် ကိုနိုင်မယ်လို့ နိမိတ်ဖတ်တာမို့ စည်းရုံးတော့တယ်။
 စစ်ပွဲ ၉ နှစ်ကြာပါပြီ၊ ထရွိုင် ကို မနိုင်သေးဘူး..။
 မြို့ထဲကိုမဝင်နိုင်သေးဘူး..
 Odysseus  ဆိုသူရဲ့ အကြံဥာဏ်ပေးခဲ့တယ် 
သူက အက်သီနာ ပြည်ရဲ့ ဘုရင် သူကနေ တချိန်မှာ 
ထရိုဂျန်မြင်းရုပ် လို့ နာမည်တွင်လာမဲ့ အလွန်ကြီးမားတဲ့ 
သစ်သားမြင်းရုပ်ကြီး တည်ဆောက်စေတယ်။
 မြင်းရုပ်ဗိုက်ခေါင်းထဲမှာ စစ်သားတွေ
 ခိုအောင်းနေနိုင်အောင်စီမံတယ်။ 
ထရွိုင် ကိုဝိုင်းရံထားတဲ့ ရေတပ်ကို ဆုတ်ခွါဟန်ပြုလိုက်တယ်။
ဆီနွမ် ဆိုသူကိုချန်ထားခဲ့တယ်။
 ဂရိတွေလာမေးတော့ သူ့ကိုချန်ထားရကောင်းလားဆိုပြီး 
စိတ်ဆိုးဟန် ဆောင်တယ်... ထရိုဂျန်မြင်းရုပ် ဟာ 
အန္တ္တရာယ်မရှိဘူးလို့ အယုံသွင်းတယ်။ 
ဂရိတွေကယုံပြီး ထရိုဂျန်မြင်းရုပ်ကြီး ကို မြို့ထဲဆွဲသွင်းယူကြတယ်။
 မြင်းရုပ်ကြီးမြို့ထဲရောက်တဲ့ညမှာ ဂရိတွေ အောင်ပွဲခံ
သောက်စားမူးနေကြချိန် ဆီနွမ် က မြင်းရုပ်ထဲက
 စစ်သားတွေကို ထွက်လာနိုင်အောင်လုပ်ပေးတယ်။
အဲဒီအချိန်မှာ မူးနေတဲ့ ဂရိတွေကို အငိုက်တိုက်ကြတော့တယ်..။
အဲဒီမှာပဲ ကျော်ကြားလှတဲ့ ခေါမ သူရဲကောင်း Achilles 
ဖနောင့်မြားမှန်ရာကနေ နောက်ဆုံးကျဆုံးခဲ့တယ်...။

ဒါကတော့ Troy နဲ့ ပါတ်သက်တဲ့ ဖတ်ဖူးတာလေးကို 
ဖောက်သယ်ချလိုက်တာပါ...ဒါကတော့ ပုံပြင်ထဲမှာပါ..
ရုပ်ရှင်ကတော့ ပုံပြင်ထက်ပိုပြီး သက်ဝင်ခံစားရပါတယ်..။
ရုပ်ရှင် အညွန်းတော့ အရသာပျက်မှာစိုးလို့မပြောတော့ပါဘူး..။
pCloud ကနေဖိုင်ဆိုဒ် အကြီး အသေး ၂ မျိုးနဲ့ တင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့


ဇာတ်ကားက ၃ နာရီဆိုတော့ ဆိုဒ်ကတော့ကြီးတယ် 
  Download 1.8 GB 
  DOWNLOAD
    
 


ကျေးဇူးတင်ပါတယ် 
 ချမ်းငြိမ်း-မှော်ဝန်း 
  http://www.channyein.org/  

No comments:

Post a Comment