ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်
Showing posts with label Flash Song ဆိုင်ရာ. Show all posts
Showing posts with label Flash Song ဆိုင်ရာ. Show all posts

Wednesday, September 3, 2014

Flash Song လေးတွေ ဖန်တီးဖို့ SWI Effect များ


Flash Song လေးတွေ ဖန်တီးနေတဲ့ သူငယ်ချင်းတွေရော၊ ခုမှ Flash Song လုပ်တာ ဝါသနာပါလာလို့ လုပ်ချင်တဲ့ သူငယ်ချင်းတွေ အတွက်ရော Flash Song တွေ ဖန်တီးဖို့ SWI Effect လေးတွေ အသစ်ပြန်တင်ပေး လိုက်ပါတယ်။ ဟိုအရင် ကျွန်တော် Google Code က တင်ပေးထားတာတွေက 2013 ကုန်ပြီဆိုတာနဲ့ ဒေါင်းလို့ မရနိုင်တော့ပါဘူး။
Google  က 2013 ကုန်တာနဲ့ Google Code ကို ဖျက်ပြီးတော့ Google Drive မှာပဲ Host လုပ်ဖို့ ပြောထားပြီး ပါပြီ။ ပြီးတော့ အရင်က တင်ပေးတုန်းက SWI Effect တွေကို WinRAR နဲ့ ချုပ်ပြီးတော့ တင်ပေးခဲ့တာပါ။ တစ်ချို့ကျတော့ WinRAR ဆော့ဝဲလ် မရှိလို့ ဖွင့်မရ သုံးမရ ဖြစ်နေတာတွေနဲ့ WinRAR ဆော့ဝဲလ်ကို Full Version မဟုတ်သေးတာတွေ သုံးနေတာတို့ ဆိုရင် ဖွင့်လိုက်တိုင်း ဝယ်ခိုင်းတဲ့ ဘောက်စ်က တက်နေတော့ စိတ်ပျက်ဖို့ ကောင်းပါတယ်။