ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်

Sunday, April 5, 2015

Dragon Blade (2015) မြန်မာစာတန်းထိုး

 
 Dragon Blade (2015) မြန်မာစာတန်းထိုး


အားလုံးမျှော်လင့်နေတဲ့ Dragon Blade (2015)မြန်မာစာတန်းထိုး လာပါပြီ..
 ဇာတ်လမ်းကတော့  (ဂျက်ကီချမ်း)ဟာတရုတ်ကာကွယ်ရေးတပ်ရဲ့
ခေါင်းဆောင် Huo An အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး
ရွှေမှောင်ခိုလုပ်သူတွေအဖြစ် အကောက်ကြံခံရကာ..
Wild Geese  မြို့တော်သစ်တည်ဆောက်ရေးကို  ရဲဘက်အဖြစ် အပို့ခံရပါတယ်..
 အဲဒီအချိန်မှာပဲ ရောမနန်းတွင်းအရှုပ်တော်ပုံကြောင့် ရောမ စစ်သူကြီး Lucius (John Cusack) နဲ့ 
 အစ်ကိုဖြစ်သူရဲ့ လုပ်ကြံမှုကြောင့် မျက်စိ ၂ လုံးစလုံး ကွယ်နေရှာတဲ့ မင်းသားလေး Publius ဟာ 
သူတို့မြို့ကနေ ထွက်ပြေးလာကြရင်း စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်ချက်တွေကြောင့်
Huo An  (ဂျက်ကီချမ်း) ရောက်နေတဲ့ Wild Geese မြို့သစ်ကို သိမ်းယူဖို့ ကြိုးစားကြပါတယ်။
 တရုတ်အရာရှိနဲ့ တပ်တွေဟာ ရောမတွေ လက်ထဲကို အလွယ်တကူနဲ့ ကျသွားပေမဲ့
  ရဲဘက်အဖြစ် အပို့ခံရတဲ့ Huo An (ဂျက်ကီချမ်း) က ဦးဆောင်ပြီး 
ရောမစစ်သူကြီးနဲ့ တစ်ယောက်ချင်း တိုက်ကြပါတယ်။
 တိုက်နေကြတုန်း သဲမုန်တိုင်းကျလာတာမို့ Huo An က မတိုက်ကြဘဲ
 ငြိမ်းငြိမ်းချမ်းချမ်း လက်နက်ချပြီး မြို့ထဲဝင်လိုက်ခဲ့ရင် 
လိုအပ်တဲ့အကူအညီတွေ ပေးမယ်လို့ ကမ်းလှမ်းပါတယ်။
ဒီလိုနဲ့ ရောမတွေလည်း မြို့သစ်ထဲရောက်ပါတယ်။
 လိုအပ်တဲ့ အကူအညီတွေပေးပြီး နောက်တစ်နေ့မှာ မြို့သစ်ကနေ ထွက်ခွာခိုင်းပါတယ်
အဲဒီညမှာပဲ သူတို့  ၂ ယောက် မိတ်ဆွေတွေ ဖြစ်သွားခဲ့ပြီး..
မနက်ဖြန် ရောမ တွေ ထွက်ခွာမှာမို့  ရောမ စစ်သူကြီး Lucius ပြောတဲ့
((ဒီနေ့ မင်းမိတ်ဆွေတယောက်ရရင် မနက်ဖြန် တယောက်ဆုံးရှုံးမယ်)) ဆိုတဲ့
စကားကို ကျနော် သိပ် သိပ်သဘောကျမိတယ်..

 Huo An နဲ့ Lucius ဟာ မိတ်ဆွေကောင်းတွေဖြစ်ခဲ့တယ်..။
ဖြစ်ချင်တော့  အဲဒီအချိန်မှာပဲ တရုတ်ဘုရင်ဆီကနေ
 မြို့သစ်တံတိုင်းကို ၁၅ ရက်အတွင်း အပြီးဆောက်ဖို့ အမိန့်ရောက်လာတယ်..
ပုံမှန်ဆိုရင် ၁၅ ရက်နဲ့ ဘယ်လိုမှ မပြီးနိုင်တဲ့ ကိစ္စပါ..
  Huo An က ရောမတွေက ကူညီဆောက်ပေးဖို့ကမ်းလှမ်းပါတယ်
 Lucius ရဲ့ သူ့လက်ထောက်ကို ပါရှားဘုရင်ဆီပို့ပေးဖို့ သဘောတူရပါတယ်..
 ရောမတွေက အဲဒီအချိန်မှာကတည်းက သင်္ချာနဲ့ ဂဲသြမေတြီကို 
ကျွမ်းကျင်နေကြပြီ ဖြစ်တဲ့အပြင် ပိုမိုကောင်းမွန်လွယ်ကူမြန်ဆန်တဲ့ 
အင်ဂျင်နီယာနည်းပညာကို တတ်နေကြပြီမို့ မြို့သစ်မှာ ဆက်နေခွင့်ပြု ပြီး 
ရောမတွေရဲ့ အကူအညီနဲ့ မြို့သစ်ကို သတ်မှတ်ချိန်အတွင်း ပြီးအောင်ဆောက်လိုက်နိုင်ပါတယ်။
 Lucius နဲ့ Huo An တို့လည်း တကယ့်မိတ်ရင်းဆွေရင်းတွေ ဖြစ်သွားကြပါတယ်
အဲဒီအချိန်မှာပဲ ရောမမှာ အဖေကိုသတ်ပြီး အာဏာသိမ်းတဲ့ Tiberius ဟာ သူတို့နောက်ကို စစ်တပ်နဲ့ လိုက်လာပါတယ်။
 တကယ်တော့ သူ့အာဏာအတွက် အန္တရာယ်ရှိတဲ့ သူ့ရဲ့ညီ မင်းသားငယ်  Publius  ကိုဖမ်းဆီးရင်း 

ကုန်သွယ်ရေးအတွက် အရေးပါတဲ့ Silk လမ်းကြောင်းကို သိမ်းပိုက်ဖို့ပါ..
နောက်တော့ Lucius နဲ့ Huo An တို့ အဖမ်းခံရပါတယ်..
အဲဒီနောက်မှာ လူမျိုးစု ၃၆ စု တို့နဲ့ Silk လမ်းကြောင်းပေါ်က 

တိုက်ပွဲတွေ.. စသည့်...စသည့်...
မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်ကြဖို့ တိုက်တွန်းပါရစေ..
ဇာတ်လမ်းဟာ ပုံမှန် ရုပ်ရှင်ကားတွေထက်သာတဲ့ အချက်ကတော့
ငြိမ်းချမ်းရေးကို အလေးပေးပြီး တင်ပြထားတဲ့အချက်ပါ..
ဒီဇာတ်ကားကတော့ လက်ရှိ HDTS အဆင့်ပဲထွက်သေးတာဖြစ်ပေမယ့်
ရုပ်သံ အကြည်ဖြစ်နေပါပြီ..HDTS အင်္ဂလိပ်စာတန်းကို ဘာသာပြန်ထားတာမို့
မူရင်းနဲ့ လုံးဝ ကွက်တိတော့ ဖြစ်ချင်မှဖြစ်မှာပါ..ဒါပေမယ့်
Admin:K.M.A ကိုယ်တိုင် နေမကောင်းတဲ့ ကြားက ကြိုးစားပြီး
ဇာတ်လမ်းကိုအများနားလည်အောင် ဘာသာပြန်ပေးထားပါတယ်..
အခုကတော့ တရုတ်စာတန်း ရော အင်္ဂလိပ်စာတန်းပါ ပါနေလို့
စာတန်းတွဲရတာ စိတ်တိုင်းမကျလို့

အတော်လေးအချိန်ကုန်ခဲ့ရပါတယ်..
ဘာဖြစ်ဖြစ် အားလုံးအဆင်ပြေကြရင် ကျေနပ်ပါတယ်..

ပုံမှန်အတိုင်းပဲ pCloud ကနေ 
ဖိုင်ဆိုဒ်အကြီး အသေး ၂ မျိုးနဲ့ တင်ပေးလိုက်ပါတယ်..
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့


No comments:

Post a Comment