ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်

Thursday, April 16, 2015

I Fine Thank You, Love You (2014) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကတော့ ရုံတင်ကတည်းက အောင်မြင်မှုရရှိခဲ့တဲ့ ထိုင်းအချစ်ဟာသဇာတ်ကားဖြစ်ပါတယ်။
ကျွန်တော်လဲ နှစ်သက်မိတဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ကိုယ်တိုင်ပဲ ဘာသာပြန်တင်ဆက်လိုက်ပါတယ်။
မူရင်း ထိုင်းဘာသာကို Indonesia စာတန်းထိုးပြောင်း ၊ Indonesia ကနေ English စာတန်းထိုးပြောင်း English စာတန်းထိုးကိုမှ မြန်မာဘာသာပြန်ထားခြင်းဖြစ်ရာ လိုအပ်ချက်များရှိခဲ့ပါက ကျွန်တော် Nyeinsaeya Aung ရဲ့ အားနည်းချက်သာဖြစ်ကြောင်း ကြိုတင်ဝန်ခံထားချင်ပါတယ်။

ဇာတ်လမ်းကတော့ အင်္ဂလိပ်သင်ယူဖို့ ကြိုးစားနေတဲ့ အမျိုးသားတစ်ဦးနဲ့ အင်္ဂလိပ်စာဆရာမလေးတစ်ယောက်ရဲ့ အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတာပါ။
ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေအားလုံးပီပြင်ကြပြီး ဟာသရသမြောက်အောင် သရုပ်ဆောင်ထားကြပါတယ်။ တကယ်ကို ပေါ့ပေါ့ပါးပါး ပျော်ရွှင်ကြည်နူးဖွယ်ကြည့်ရမယ့်ဇာတ်ကားပါ။
တစ်နေ့တာ ပင်ပန်းမှုတွေကို ဒီဇာတ်ကားနဲ့ အပန်းဖြေနိုင်ပါတယ်။
ဇာတ်ကားရဲ့ အဆုံးမှာ Bonus သီချင်းတွေထည့်ပေးထားပါတယ်...အဆုံးထိကြည့်ကြည့်ပါ။
(Blu-ray မထွက်သေးတဲ့အတွက် လက်ရှိအကြည်ဆုံး DVDrip Version နဲ့ပဲစာတန်းထိုးလိုက်ပါတယ်။
Blu-ray ထွက်ရင် ထပ်တင်ပေးပါ့မယ်။)

File size...900MB  
Quality....DVD-Rip Retail
Format...mp4
Duration....02:05:25
Subtitle....Myanmar Subtitle (Hardsub)
Encoder....Nyeinsaeya Aung

Download and Watch (pCloud Link)

Download and Watch 360p Small File Size(400MB)

http://www.channelmyanmar.com/

No comments:

Post a Comment