ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်

Monday, September 8, 2014

အလှဆုံး 3D Text စာလုံးများ ဖန်တီးခြင်း

ဒီလို အလွယ်ဆုံးနဲ့ အလှဆုံး 3D စာလုံးတွေကို ဖန်တီးဖို့ ရှာတွေ့ခဲ့တာကတော့.. ကျနော့် သူငယ်ချင်း တစ်ယောက်က Blog တစ်ခု စလုပ်ရင်း.. သူ့ Blog မှာအသုံးပြုဖို့ စာလုံးတွေကို 3D ဒီဇိုင်းနဲ့ စိတ်ကြိုက်ဖန်တီးချင်လို့.. သူကလည်း Photoshop ကိုစပြီးလေ့လာခါစပဲ ရှိသေးတယ်ဆိုတော့ ကျနော့်ဆီမှာရောက်လာတဲ့အခါ စိတ်ကူးပေါ်လာတာနဲ့ Google ကနေ အင်တာနက်ပေါ်လိုက်ရှာမိပါတယ်..။ ဒါနဲ့ပဲ ဒီဆိုဒ်လေးကို ရောက်သွားခဲ့တယ်..။ စမ်းသုံးရင်း ၊ စမ်းသပ်ရင်း စာလုံးဒီဇိုင်းတွေ အများကြီးလုပ်ယူလို့ ရတဲ့အပြင် လိုင်းပေါ်မှာတင် မိမိတို့ရဲ့ ပုံလေးတွေကိုပါ ပြုပြင်ယူလို့ ရတဲ့အတွက် ကျနော် အတော်လေး သဘောကျမိပါတယ်..။ ကျနော့် Blog ကိုနေ့စဉ် လာလည်နေတဲ့ သူငယ်ချင်းတွေပါ အလွယ်ဆုံး အသုံးပြုလို့ ရအောင် အဲ့ဒီဆိုဒ်လေးမှာ ကျနော် ဖန်တီးထားတဲ့ ပုံလေးတွေနဲ့ အောက်မှာ အသုံပြုပုံကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ Photoshop နဲ့ဆိုရင် စာလုံးဒီဇိုင်းတခုရဖို့ အဆင့်တွေ အများကြီးနဲ့ အချိန်တွေ အများကြီး ပေးရပါတယ်..။ ဒီဆိုဒ်လေးမှာ   ဆိုရင်တော့ အချိန်ကုန် သက်သာပြီး အလွယ်ကူဆုံးနဲ့ စာလုံးတွေကို အလှဆုံး ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ 3D စာလုံးလေးတွေ ဖန်တီးချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဝင်ပြီး မိမိတို့ရဲ့ နာမည်လေးတွေကို ကျနော် ပုံမှာ ပြထားတဲ့အတိုင်း ဖန်တီးယူလို့ ရသွားမှာ ဖြစ်ပါတယ်..။ အားနည်းချက် တခုကတော့ မြန်မာလို အသုံးပြုလို့ မရပါဘူး..။ အင်္ဂလိပ်လိုနဲ့ပဲ အဆင်ပြေပါတယ်..။
 

မူရင်းဆိုဒ် - မူလ စာမျက်နှာသို့..
 
အောက်ကလင့်တွေကလည်း အပေါ်ကနဲ့ ဆိုဒ်တခုထဲပါပဲ..။ 3D စာလုံးတွေကို ဖန်တီးဖို့ အပေါ်က လင့်မှာ လိုက်ရှာစရာ မလိုအောင်လို့ အောက်ကလင့်တွေကနေ အလွယ်ဝင်သွားလို့ ရပါတယ်..။ 
 
 
 
မူလစာမျက်နှာ မှာတော့ အောက်ကအတိုင်း မြင်ရမှာပါ..။ မိမိတို့ အသုံးပြုလိုတဲ့ စာလုံး ဒီဇိုင်းတွေကို ရှာပြီး တချက်ကလစ်လိုက်ရင် နောက်ထပ်စာမျက်နှာမှာ စာလုံးတွေ ဖန်တီးဖို့ အဆင်သင့် ဖရိန်တွေ ပေါ်နေပါပြီ..။
ေေ
အောက်မှာ ပြထားတဲ့ ပုံတွေအတိုင်း မိမိတို့ ဖန်တီးလိုတဲ့ ဒီဇိုင်းတွေကို တချက်စီ နှိပ်သွားလိုက်ယုံပါပဲ..။


Text နေရာမှာ နာမည်ရေးပြီး အောက်ကဝိုင်းပြထားတဲ့ နေရာတွေမှာ ပြုပြင်ပေးလို့ ရပါတယ်..။ ကျနော်ကတော့ ဘာမှ မပြင်ပါဘူး..။ ကျနော့် နာမည်ရေးပြီး သူပေးထားတဲ့ အတိုင်းပဲ လုပ်သွားလိုက်ပါတယ်..။

အပေါ်ပုံမှာ အောက်ဆုံးက အဝိုင်းကတော့ Font ရွေးပေးရင် ရပါပြီ..။ အောက်ကပုံမှာ ပြထားတာကတော့ မိမိအသုံးပြုမယ့် စာလုံးရဲ့ နောက်ခံ အရောင်ကို ရွေးပေးဖို့ပါ..။ နောက်ခံ အဖြူရောင် မသုံးချင်တဲ့ သူများကတော့ အောက်ကပုံအတိုင်း နောက်ခံအရောင်တွေကို ရွေးယူလို့ ရပါတယ်..။

အပေါ်ပုံအတိုင်း ပြင်ဆင်ပြီးသွားရင်တော့ Calculate Effect ကို နှိပ်ပေးလိုက်ရင် ခဏနေကြာတဲ့အခါ အောက်ကပုံအတိုင်း ကျနော် ရွေးယူထားတဲ့ စာလုံး ဒီဇိုင်းတခု ပေါ်လာပါပြီ..။ အဲ့ဒါကို အောက်ဆုံးမှာ ပြထားတဲ့ ပုံလေးတွေ အတိုင်း Save လိုက်ရင် မိမိတို့ရဲ့ ကွန်ပျူတာထဲကို ရောက်လာပါပြီ..။

ပုံပေါ်မှာ Right Click >> Save image as ကို နှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း ပုံသိမ်းဖို့ နေရာပေးပြီး Save ကိုနှိပ်လိုက်ရင် ဒီစာလုံး ဒီဇိုင်းပုံလေးကို ရသွားပါပြီ..။ အားလုံးပဲ 3D Text စာလုံးလေးတွေ ဖန်တီးရင်း ပျော်ရွှင်နိုင်ကြပါစေဗျာ..။


 
 ကျေးဇူးတင်ပါတယ် လွင်မင်းဗိုလ်

No comments:

Post a Comment