ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်

Saturday, September 6, 2014

2D ဗွီဒီယိုဖိုင်တွေကို 3D ဗွီဒီယိုဖိုင်ဖြစ်အောင် ပြောင်းပီးကြည့်ရအောင် နှင့် 3d မျက်မှန်လုပ်နည်း(for computer)


ကျွန်တော့်တို့မြင်တွေနေကျ 2D ဗွီဒီယိုဖိုင်တွေကို 3D ဖြစ်အောင်ပြောင်းလဲပေးမယ့် ဆော့ဝဲလေးဖြစ်ပါတယ်


2D to 3D 3D to 2D 3D to 3D 2D to 2D ဆိုပြီး .. Feature တွေ ပါဝင်တဲ့အပြင် Output ကိုလည်း

ကိုယ်လိုချင်သလို ချိန်ညှိနိုင်တဲ့ Function တွေ အများအပြား ပါရှိပါသေးတယ် ..

လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါ...ဒေါင်းပြီးရင်တော့ သာမာန်အတိုင်း Instll လုပ်လိုက်ပါ



Install လုပ်ပြီးရင် ပွင့်လာတဲ့ web page တွေ Box တွေကို ပိတ်လိုက်ပါ..ပြီးရင် crack ဆိုတဲ့ဖိုလ်ဒါထဲက

.dll ဖိုင်ကို C >> Program files >> Aiseesoft Studio >> Aiseesoft 3D Converter ဆိုတဲ့

ဖိုလ်ဒါထဲကို အဆင့်ဆင့်ဖွင့်ဝင်ပြီး ကူးထည့်ပေးလိုက်ပါ

Message Box တစ်ခုပွင့်လာရင် Replace ပါတာကို ရွေးပေးလိုက်ပါ

ပြီးရင် Program ကို ဖွင့်လိုက်ပါRegister မလုပ်ရသေးတဲ့ပုံ တက်လာပါမယ်

 အဲဒီထဲက Register ကို နှိပ်လိုက်ပါ

အောက်ကပုံအတိုင်း ပွင့်လာပါမယ်

အဲဒီထဲက User Name နဲ့ Serial Code အကွက်တွေမှာ

ကိုယ်ကြိုက်တာကိုထည့်ပြီး Register ကို နှိပ်ပေးလိုက်ပါ


Ok ဆိုတဲ့ Box လေးပွင့်လာပြီး Full Version အဖြစ် အသုံးပြုလို့

ရသွားပြီ ဖြစ်ပါတယ် ..


3D Video တွေကို ကြည့်ဖို့ 3D မျက်မှန်တော့ လိုတာပေါ့နော်

3D မျက်မှန်ကိုလည်း အလွယ်တကူဝယ်ယူလို့မရရင် ကိုယ်တိုင်

ပြုလုပ်နိုင်ပါသေးတယ် ...


အကြည်ပေါက် ပလပ်စတစ်စက္ကူ အနီရောင် အပြာရောင်ကို

ဝယ်ယူပြီး ဘယ်ဖက်မျက်လုံးအတွက် အနီရောင် ညာဖက်မျက်လုံးအတွက်

အပြာရောင် အဲဒီလို ပြင်ဆင်လိုက်နိုင်ရင် 3D မျက်မှန်ဖြစ်သွားတာပါပဲ

အောက်မှာ စက္ကူနဲ့လုပ်ထားတဲ့ 3D မျက်မှန်ရဲ့ပုံကို ပြပေးထားပါတယ်
ဘယ်ဖက်က အနီ ညာဖက်က အပြာဆိုတာ မှန်နေရင်ပဲ 3D မျက်မှန်အဖြစ်

အသုံးပြုလို့ရပါပြီ


ကဲ .. အဆင်ပြေပါစေဗျာ

No comments:

Post a Comment