ref;ချမ်းငြိမ်း-မှော်ဝန်း
xmen days of future past ( 2014 ) မြန်မာစာတန်းထိုး
ဒီဇာတ်ကားကိုအရင်က မြန်မာစာတန်းထိုး နဲ့ တင်ပေးဖူးပါတယ်
အဲဒီတုန်းကတော့ သိပ်မကြည်ပါဘူး..အခု အကြည့်ထွက်လာလို့
ထက်တင်ပေးလိုက်ပါတယ်..ဒီဇာတ်ကားကတော့ ပရိတ်သတ်တွေ တော်တော်များများ စောင့်မျှော်နေတဲ့ကားဖြစ်ပြီး၊ စောင့်ရကြိုးနပ်တယ်လို့ ပဲပြောပါရစေ။ အကောင်းဆုံး Superhero ကားမဟုတ်ရင်တောင်မှ အကောင်း ဆုံး X-Menဇာတ်ကားတစ်ကား ဖြစ်သလို၊ လက်ရှိ နွေရာသီရဲ့ အကောင်းဆုံး ဇာတ်ကား ဖြစ်ပါတယ်။
ဒီကားအကြောင်းမပြောခင် တစ်ခုကြို ပြောချင်တာက X-Men: Days of Future Past မကြည့်ခင်၊ X-Men Trilogy နဲ့ X-Men: First Class တို့ကိုတော့ ကြည့်ဖူးထားဖို့လိုပါမယ်။ သာမန်ရုပ်ရှင်ကြည့် ပရိတ်သတ်ဆိုရင် ကြည့်ထားဖို့ပိုလိုပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားနှစ်ကားနဲ့ လက်ရှိ ဇာတ်ကား က အဆက်အစပ်ရှိနေလို့ပါ။ ကာတွန်းကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းတွေသိပြီးသား ဖြစ်မှာပါ။
ဇာတ်လမ်းမပြောခင် Spoiler အနည်းငယ်ပါမယ်လို့ကြိုသတိပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ The Wolverine ဇာတ်ကားအပြီး ကနေဆက်ထားပြီး၊ ဇာတ်လမ်းအစမှာ Trailer မှာပါတဲ့ Sentinel တွေနဲ့ X-Men တွေ တိုက်ခိုက်တဲ့အခန်းနဲ့စထားပါတယ်။ ဒီမှာ X-Men အဖွဲ့က Kitty Pryde ရဲ့ ပါဝါကိုသုံးပြီး သူတို့အဖွဲထဲက တစ်ယောက်ကို အချိန်နောက်ပြန်ပို့ပြီး Sentinel တွေလာတော့မယ်ဆိုပြီး သတိပေးပြီး နေရာပြောင်းခိုင်းပါတယ်။ ဒီလိုနည်းနဲ့ သူတို့ ထွက်ပြေးနေရာကနေ၊ Professor X, Logan (wolverine), Magneto, တို့က Sentinel Program စတင်ခဲ့တဲ့ ၁၉၇၀ ကျော် လွန်ခဲ့တဲ့နှစ် ၅၀ ကို ပြန်သွားပြီးတော့ အတိတ်ကို ပြောင်းလဲဖို့ကြိုးစားပါတယ်။
ဒီအစီအစဉ်မှာ တစ်ခြားဘယ်သူ့ကိုမှ ဒီလောက်အဝေးကြီး ပြန်လွှတ်လို့မရဘဲ၊ Wolverine တစ်ယောက်သာလျှင် သူ့ရဲ့ Healing Power ကြောင့် ဒီ Mission ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို တားဆီးမယ် ဘာကို တားဆီးရမယ်ဆိုတာတော့
ကိုယ်တိုင်ကြည့်ရှုခံစားရတာ ပိုပြီး အရသာရှိပါတယ်။

pcloud ကရော
firedrive က ပါ..၂ နေရာ တင်ပေးထားပါတယ်..
အောက်က Download ကို ကလစ်ပြီး ကြည့်ရှုဒေါင်းယူနိုင်ပါတယ်..
ဖုန်းသမားတွေ ဒေါင်းချင်ရင် အောက်က ပုံလေးမှာပြထားပါတယ်...
အဲဒီ မြှားထားတဲ့ နေရာကို နှိပ်ရင်..အောက်က ပုံအတိုင်းကျလာပါမယ်..
အဲဒီမှာ ကိုယ်ကြိုက်တာရွေးပြီး ကြည့်မယ်ဒေါင်းမယ်ပေါ့...
No comments:
Post a Comment