Sony ဖုန်းအသုံးပြုသူတွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ Flashtool Latest
version ပါ။ ယခုထွက်လာတဲ့ ဗားရှင်းမှာ အရင်ဗားရှင်းတွေထက် ပိုပြီးတော့
ကောင်းလာပါတယ်။ Sony Xperia ဖုန်းတော်တော် များများကို Unlock Bootloader
ဖွင့်စရာမလိုပဲ root လုပ်လို့ရနိုင်လာသလို ဒီ Flashtool လေးနဲ့ပဲ Firmware
တွေကို အလွယ်တစ်ကူ Download ဆွဲလို့ရနိုင်လာပါတယ်တစ်ခြား အသုံးဝင်တာတွေလဲရှိပါသေးတယ် Sony
ဖုန်းတစ်လုံး နဲ့ လက်တွေ့လုပ်ပြမှရနိုင်မှာဖြစ်လို့ပါ။ ကဲSonyXperiaသမားတွေ တွေအောက်လင့်မှာယူထားလိုက်ပါ။
ဖုန်းတစ်လုံး နဲ့ လက်တွေ့လုပ်ပြမှရနိုင်မှာဖြစ်လို့ပါ။ ကဲSonyXperiaသမားတွေ တွေအောက်လင့်မှာယူထားလိုက်ပါ။
Flashtool ကို PC မှာ install လုပ်ပြီးပြီ ဆိုရင် Flashtool ကိုဖွင့်ပြီး
Devices / Check Updates ကိုနှိပ်လိုက်ရင် Device Selector ဆိုတဲ့ box
လေးကျလာပါလိမ့်မယ်။
Decive Selector ထဲမှာ ဖုန်း model နံပါတ်ရယ် ဖုန်းနံမည်ရယ် ပါ ပါတယ်
ကိုလိုချင်တဲ့ ဖုန်းနံမည်တွေ့ပြီဆိုရင် ဖုန်းနံမည်လေးပေါ်ကို Click
နှစ်ချက်တောက်လိုက်ပါ။ ကျွန်တော်ကတော့ sony xperia Z ကို ဥပမာထားပြီး
လုပ်ပြပါ့မယ်။
Device Update Chacker ဆိုပြီး ထက်ပေါ်လာပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့
နိုင်ငံအလိုက် ရွေးပြီး Click နှစ်ချက်နှိပ်ပြီးခဏစောင့်ပါ။ ကျွန်တော်ကတော့
မလေးရှား firmware လိုချင်တဲ့အတွက် custommized MY ကိုရွေးလိုက်ပါတယ်။
ဘေးနားလေးမှာ firmware နာမည်လေးပေါ်လာပါလိမ့်မယ်။
အပေါ်ကပုံမှာလို Customized MY ရဲ့ဘေးမှာ 10.5.A.0.230 ဆိုပြီး firmware
နံပါတ်လေးပေါ်လာပြီ ဆိုရင် အဲဒီ Customized MY 10.5.A.0.230 ရဲ့
အပေါ်ကိုထက်ပြီး Click နှစ်ချက်နှိပ်လိုက်ရင် Flashtool မှာ firmware ကို
Download စဆွဲနေပါပြီ ။
Firmware Size ကြီးရင်ကြီးသလောက်ကြာနိုင်ပါတယ်။ တစ်ပိုင်းပြီး တစ်ပိုင်း ဆွဲနေပါပြီ ခဏလေးစောင့်ပေးလိုက်ပါ။
download ပြီးသွားပြီဆိုရင် Decryption လုပ်နေပါပြီ
FILESET တွေကိုDecrypting လုပ်လို့ပြီးသွားရင် Bundler ဆိုတဲ့ box
လေးပွင့်လာပါလိမ့်မယ်။ အဲဒီ Bundler box လေးထဲက ဘယ်ဘက်ကစာလေးတွေကို select
လုပ်ပြီး ညာဘက်ကိုပြောင်းပေးလိုက်ပါ။ ပြီးရင် အောက်နာလေးမှာ Create
ကိုနှိပ်ပါ။
FTF firmware တစ်ခုကို creating လုပ်နေပါပြီ
Flashtool ရဲ့ တာဝန်ကတော့ပြီးဆုံးသွားပါပြီ
အပေါ်ကလိုအဆင့်ဆင့် ပြီးဆုံးသွားပြီဆိုရင် sony xperia Z ကို Flash
လုပ်ဖို့အတွက် FTF firmware လေးရလာပါပြီ firmware
ဘယ်မှာရှိလဲဆိုတာသိချင်ရင် C / Flashtool / Firmwares
ဆိုတဲ့နေရာမှာသွားကြည့်လိုက်ပါ။
No comments:
Post a Comment