ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်

Monday, September 15, 2014

SimCard လိုင်းကဒ်မရှိဘဲ Viber ကိုအသုံးပြုနည်း

မင်္ဂလာပါဗျ ...

Android အတွက် နည်းပညာလေးတစ်ခုပါ ... ကျွန်တော်ဒီနည်းလေးကို အခုမှသိတာဆိုတော့ အသစ်ပေါ့ နော် .... ဒီနည်း ကို သိပီးသားသူများလည်းရှိကြမှာပါ ... သိပီးသားသူများကလည်း ကျွန်တော်ကိုခွင့်လွှတ် ကြပါအုံးဗျ ...


အခုနည်းပညာလေးကတော့ ဖုန်းပြောဖို့အတွက် သင့်မှာ Sim Card လိုင်းကဒ်ရှိစရာမလိုပါဘူး ... အတန် အသင့်ရှိတဲ့ Android ဖုန်းတစ်လုံး ရှိဖို့ပဲလိုပါတယ်{အတန်အသင့်ဆိုပေမယ့် Android 2.2 + လောက်ရှိမှ အဆင်ပြေပါမယ် ... ဆော့ဝဲလ်နှစ်ခုလုံးက Android 2.2 + မှ သုံးလို့ရမှာမို့ပါဗျ ...} ... Wifi မိတဲ့ မည်သည့်နေရာကမဆို အခုနည်းလေးနဲ့ ဖုန်း Sim Card လိုင်းကဒ် မရှိဘဲ Viber နဲ့ ဖုန်းခေါ်နိုင်/လက်ခံနိုင်မှာဖြစ်ပါတယ်ဗျ ...


ဖုန်းလိုင်းကဒ်တွေ ဒီလောက်ပေါပေါများများချထားပေးတာ ဒီနည်းလမ်းဘာလုပ်ရမှာလည်းလို့ အပြစ် မပြောကြပါနဲ့အုံးဗျ .... ကျွန်တော်တို့ဘက်မှာဆိုရင် ခုချိန်ထိ ဖုန်းလိုင်းကဒ်မရသေးတဲ့သူတွေ အများကြီး ရှိပါတယ် ... တစ်ချို့ဆိုရင် ၁၅၀၀ိ/- ကဒ်မဲပေါက်မှ ဟန်းဆက်ဝယ်ပီးကိုင်ကြတဲ့သူတွေရှိသလို ... တစ်ချို့ သူများကတော့ မဲမပေါက်သေးပေမဲ့ တရုတ် ဟန်းဆက် Huawei တွေ ကြိုတင်ဝယ်ထားပြီးဟန်းဆက်ချည်း ပဲ ကိုင်နေတဲ့သူတွေရှိပါတယ်ဗျ ... {အပြင်ကနေ လိုင်းကဒ် ဈေးကြီးပေးပြီး မ၀ယ်နိုင်သေးတဲ့သူများ အတွက်} အဲ့လိုလူမျိုးတွေအတွက် ရည်ရွယ်ပြီး ဒီပို့စ်လေးရှယ်လိုက် ပါတယ်ခင်ဗျာ ...


အခြားနိုင်ငံတစ်ခုရဲ့ ဖုန်းနံပါတ်ကိုယူ ... Viber ကို Activated လုပ်ပြီး အသုံးပြုမှာဖြစ်ပါတယ်ဗျ ... {မှတ်ချက် - Wifi network မိနေဖို့လိုပါတယ် ...}


စလိုက်ရအောင်ဗျ ...

Pinger ဆော့ဝဲလ်လေးနဲ့ UK (or) US ရဲ့ ဖုန်းနံပါတ်တစ်ခု ပြုလုပ်ရပါမယ် ...

ပီရင် Pinger ဆော့ဝဲလ်ရဲ့ UK (or) US Phone No. နဲ့ Viber ကို Register ပြုလုပ်မှာပါခင်ဗျ ...


1/ Pinger ဆော့ဝဲလ်ဒေါင်းရန်
{Android 2.2 +}
2/ Viber v.4.2.1.1 ဆော့ဝဲလ်ဒေါင်းရန်
{Android 2.2 +}


















အရင်ဦးဆုံး မိမိရဲ့ဖုန်းကို  Wifi မိတဲ့နေရာကနေပီ Wifi ချိတ်လိုက်ပါအုံးဗျ ...
- Pinger ဆော့ဝဲလ်ကို Install ပီရင်ဖွင့်ပါ ... Welcome to Pinger! ဆိုတဲ့ 
page မှာ ကျွန်တော်မျှားပြ ထားတဲ့ ကောင် လေးကိုကလစ်ပါ ... ပေါ်လာတဲ့ 
lists ထဲမယ် United States (or) United Kingdom နှစ်ခု ကြိုက်ရာကိုရွေးပါ ... 
ပီရင် အောက်ဘက်မှာ let's do this! ကိုနှိပ်ပေးပါ ...











အချက်အလက်တွေဖြည့်ရမယ့် page မှာဖြည့်ပေးပီ Create account ကိုနှိပ်ပါ ...{
သတိပြုရန် -username ထည့်တဲ့အခါ မယ် ( ဥပမာ - zawmyooo401 ) စာလုံးနဲ့
ဂဏန်းတွဲပီ ဖြည့်ပေးရပါမယ် ...} ဒီအောက်ကပုံ အတိုင်းတွေ့ရင် accept လုပ်ပါ ...
registering လုပ်နေပါလိမ့်မယ် ... finding you a free bonus number
ဆိုပီခဏစောင့်ပါ ... ပီရင်အောက်ပုံ ထဲကအတိုင်း မိမိကြိုက်ရာနံပါတ်ဘေးမှာ ရွေးပေးပီ
get this number ကိုနှိပ်ပါ ...








ခဏလောက်နေရင် confirm ဖြစ်ကြောင်းပေါ်လာပါမယ် confirm နှိပ်ပါ ...
ဒါဆိုရင်တော့ Pinger နဲ့ UK Phone No. တစ်ခုရရှိပါပီဗျ ...



Viber ကိုဖွင့်ပါ ... Continue ကိုနှိပ် ... နိုင်ငံမှာ ခုနက Pinger နဲ့ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို
ထည့်ရပါမယ် ... ကျွန်တော်ကUnited Kingdom ကိုရွေးထားတာဖြစ်တဲ့အတွက် Your country
အကွက်မှာ
United Kingdom(Great Britain) (+44)ကိုရွေးပါမယ် ... ဖုန်းနံပါတ်မှာ ခုနက Pinger နဲ့
confirm လုပ်ထားတဲ့ ဖုန်းနံပါတ်ကိုထည့်ပါမယ် ...
Continue ကိုနှိပ်ပါ ... Ok နှိပ်ပါ . (စကန့် 30 လောက်) ခဏလောက် စောင့်ပေးပါ ... ပီရင်
 အောက်ကပုံလေးအတိုင်းတွေ့ရင်
 Press here to get a call ကိုနှိပ်ပါ ...











Browser တက်လာပီ Viber website ပွင့်လာပါမယ် ... Get Code ကိုနှိပ်ပါ ...
(15 စကန့်လောက်) ခဏစောင့်ပါ .. ပီရင် back key ကိုတစ်ချက်နှိပ်ပီ Get Code
ကိုထပ်နှိပ်ပါအုံး ... (15 စကန့်လောက်) ခဏစောင့်ပါအုံးဗျ ... back key နဲ့
Get Code ကို နောက်တစ်ခါပြန်နှိပ်ရတာက Code ပြန်မပို့မှာစိုးသဖြင့်
 ကျိန်းသေအောင် ကျွန်တော်က နှစ်ခါပြန်နှိပ်တာပါ ... Home key နဲ့ထွက်ပါ ...














Pinger ကိုဖွင့်ပါ ... စာဝင်တာမတွေ့သေးရင် menu ကိုနှိပ်ပီ refresh လုပ်ပေးပါ ...
 ပီရင် အောက်ကပုံ အတိုင်းလေး voice message လေးနှစ်ခုရောက်နေပါမယ်ဗျ ...
အသံဖိုင်နားထောင်ရန် မျှားပြထားတဲ့ Play buttom လေးကိုနှိပ်ပါ ...









အသံနားထောင်ပီ Code ရပီဆိုရင် Viber ကိုပြန်သွားပါမယ် ...Code 4 လုံးဖြည့်ပေးပီ
Continue ကိုနှိပ်ပါ ... Activation လုပ်နေပါမယ် ... ပီရင်တော့ အောက်ကပုံလေးလိုပဲ
Sim card မရှိဘဲနဲ့ Viber ကို UK ဖုန်းနံပါတ်တစ်ခုနဲ့ Activated လုပ်ပီပါပီခင်ဗျာ ...










ဖုန်းထဲမှာ Contacts တွေထည့်ထားသော်လည်း Viber အသုံးပြုထားတဲ့ဘက်မှာ
Contacts တွေမပေါ်ဘူး ဆိုရင်တော့ ဒီလိုလေးလုပ်ပေးပါ ... Viber Out
အကွက်ကိုသွားပါ ... Viber အသုံးပြုထားတဲ့သူ တစ်ယောက်ကိုကလစ်ပေးပါ ...
 အောက်ကပုံလိုတွေ့ပါမယ် ... မျှားပြထားတဲ့ခဲတံပုံလေးကိုကလစ်ပါ ... ပီရင်
09 xxxxxxxxxx ဆိုတာကို +959 xxxxxxxxxx  ပြောင်းပီ Save လုပ်ပေးပါ ...
[(09) နေရာမှာ (+959) ပြောင်းပေးရပါမယ် ...]












ပီရင် Viber အကွက်ဘက်ပြန်သွားကြည့်လိုက်ပါ Viber အသုံးပြုထားတဲ့သူများ
 ပေါ်လာမှာဖြစ်ပါတယ်ဗျ ...
မတွေ့ရင် viber contacts ကို refresh လုပ်ပေးပါ ...























ဒါဆိုရင်တော့ ဖုန်းထဲမှာ Sim Card လိုင်းကဒ်မရှိဘဲနဲ့ wifi မိတဲ့
ဘယ်နေရာကနေမဆို ဖုန်းကို အမုန်း ပြောနိုင်ကြပါပီခင်ဗျာ ...
အားလုံးအဆင်ပြေကြပါစေခင်ဗျာ ....




No comments:

Post a Comment