Galaxy S4 ကို Error ကင်းကင်းနဲ့ Root လုပ်တဲ့နည်းလေး တင်ပေးချင်ပါတယ်။ Root လုပ်တော့မယ်ဆိုရင် မိမိအသုံးပြုမယ့် Computer မှာ Samsung USB Driver ကိုတော့ Install ကြိုလုပ်ထားရပါမယ်။ Driver ရှိပြီးသားဆိုရင် လိုအပ်တဲ့ File တွေကို Download လုပ်ပါ။
1. Odin-v3.07__ DOWNLOAD
2. CF Auto Root__ DOWNLOAD
3.Sansung driver DOWNLOAD
အားလုံးဒေါင်းပြီးရင် Odin Software ကို ဖြည်ပြီး Computer မှာ Run ပါ။ Odin ၏ PDA ဆိုသောနေရာတွင် CF Auto Root ကို ထည့်ပါ။
ဖုန်း၏ USB Debugging နှင့် Unknown Sources ကို On ပေးပါ။
ဖုန်းကို Power ပိတ်ပြီး Vol Down + Home + Power သုံးခုအား တစ်ပြိုင်တည်းဖိထားပါ။ Warning Screen ပေါ်လာရင် Vol Up တစ်ချက်နှိပ်ပါ။ ဒါဆို Download Mode ထဲ ရောက်ပါပြီ။
Download Mode ထဲ ရောက်ရင် USB Cable ကို အသုံးပြုပြီး ဖုန်းနှင့် Computer ကို ချိတ်ဆက်ပါ။ ID:COM အကွက်လေးမှာ အရောင်တက်လာရင် Start ကိုနှိပ်ပါ။
ဖုန်းက Auto Restart ဖြစ်သွားပါလိမ့်မယ်။ SuperSu လေးတွေ့ရင် Root ပေါက်ပါပြီ။
No comments:
Post a Comment