ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်

Wednesday, September 3, 2014

သာမာန် Mobile Phone Users များ လေ့လာနိုင်ရန် User Guide



Mobile Phone အသုံးပြုသူများ အနက်မှ ဘာဆိုဘာမှာ မသိနားမလည်သေးသော Users များအတွက်အဓိက ထားရည်ရွှယ်ပါသည် Mobile ဖုန်းတစ်လုံးကို စတင်ပြီး ကိုင်တွယ် အသုံးပြုမည်ဟု ရည်ရွယ်ထားပါလျှင် ဆောင်ရန်ရှောင်ရန် အချက်ပေါင်းများစွာရှိပါသည် ထိုအချက်များအနက်မှ တော်တန်ရုံသော ထိန်းသိမ်းစောင့်ရှောက်မှုလေးတွေကိုပြောပြပါ့မည် ၁။ သင့် phone battery အားအကုန်မြန်နေလျှင် သင်ဘာလုပ်မည်နည်း အရင်ဆုံး စစ်ဆေးသင့်တာ Battery Damage ပါ Battery ပူနေခြင်းများ ဖောင်းနေခြင်းများ စားပွဲပေါ်တင်ပြီး လက်နဲ့ လှည့်ကြည့်ပါ တောက်လျှောက်လည်နေလျှင် Battery မကောင်းဘူးဟု ယူဆနိုင်ပါသည် Battery ငုတ်ကြေးပြားလေးများကို လျှာဖြင့်တို့ ကြည်ပါ ချဉ်ချဉ်လေးဖြစ်နေပါက အားရှိနေသည်ဟုယူဆသော်လည်း ပါဝါဖွင့်မရခြင်းသည်လည်း Battery Damage ဟုယူဆနိုင်ပါသည် နောက် battery amp မနေခြင်းသည် Battery ရှိ Amp သိုလှောင်နိုင်မှု ကျဆင်းလာခြင်းကြောင့် battery အားဘယ်လောက်သွင်းသွင်း အားမခံခြင်း တစ်နာရီနှစ်နာရီခန့် အသုံးပြုပြီးအား အကုန်မြန်နေခြင်းများ ဖြစ်နိုင်ပါသည် ထိုသို့ သော အရာမျိုးများဖြစ်လာပါက Battery အသစ်ကိုလဲလှယ်ကြည့်ပါ အစဉ်မပြေဘူးဆိုမှသာ စက်ပြား ဘုတ်ကိုကျွမ်းကျင်သူများထံ စစ်ဆေးပါ ၂။ ဖုန်းပြောနေရင်း ပါဝါကျကျသွားခြင်းများ ထိုကဲ့သို့ ဖြစ်လာလျှင် Mobile phone များတွင် ဖုန်းပြောနေရင်း ပါဝါပိတ်သွား ပြီး reset ပြန်တက်လာပါက အရင်ဆုံး Software ပိုင်း error ကို စစ်ဆေးသင့်ပါတယ် မိမိထည့်သွင်းအသုံးပြုထားသော application များကြောင့်သော် လည်ကောင်း Game များ ကြောင့်သော်လည်ကောင်း Shutdown ကျတက်ပါတယ် နောက်တစ်ခုက ပါဝါ error များဖြစ်သော ပါဝါ ကီး မကောင်းသော်လည်ကောင်း Sensor ကြောင့်သော်လည်ကောင်းပါဝါပြန်မတက်လာသောပြဿနာများကြုံရတက်ပါသည် ထို့ ကြောင့် အဲ့ဒီပြဿနာများဖြစ်လာပါက ကျွမ်းကျင်သူများနှင့် တိုက်ရိုက်ဆွေးနွေးသင့်ပါသည် ၃။ မိမိအသုံးပြုနေသော ဖုန်တစ်လုံးသည် တစ်ဖြည်းဖြည်းနှေးကွေးလာပြီး အရင်ကလောက်မသွက်လက်တော့ရင် မိုလ်ဘိုင်းဖုန်းဆို သည်မှာ CPU Prosesscor များကိုထည့်သွင်းအသုံးပြုထားသောကြောင့် သူ၏စွမ်းဆောင်ရည်မှာ အချိန်ကာလ ကြာလာသည်နှင့်အမျှ တစ်ဖြည်းဖြည်းကျဆင်းလာနိုင်ပါသည် ထိုကဲ့သို့ သောပြဿနာများကြုံလာလျှင် မိမိဖုန်းအတွင်းရှိ Ram များကို စစ်ဆေးခြင်း Memory များကိုလျှော့ချခြင်း နောက်ကွယ်တွင် Run နေသည့် app များ၏ data များကိုစစ်ဆေးခြင်းများပြုလုပ်သင့်ပါသည် တစ်ချို့ သောသူများသည် မိမိ အသုံးပြုထားသော data များနေခြင်း မမှတ်မိခြင်းတို့ ကြောင် Factory reset ချခြင်းကိုပြုလုပ်ကျပါသည် ထိုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ မိမိဖုန်းများအတွင်းမှ မလိုအပ်သော အရာများကို ဖယ်ရှားရှင်းလင်းပေးပြီး စက်ရုံမှ စထွက်လာသည့် ပုံစံ မိမိဖုန်းအသစ်ဝယ်တုန်းက အတိုင်းပြန်ဖြစ်သွားပါသည် မှတ်ချက်မှာ root လုပ်ထားသော အရာသည်ပျက်ပြယ်သွားခြင်း မရှိပါ Mobile Phone တစ်လုံးတွင် Software Error and Hardware Error များ မျာစွာရှိသည့် အနက် တစ်ချို့တစ်ချို့သော User Error များ အနက်မှ တစ်ချို့ကိုတင်ပြရခြင်းဖြစ်ပါသည် ဒီပြင့် Error အမျိုးမျိုး ကြုံလာပါက အခက်အခဲရှိသူများအဖို့ လက်တလော အဆင်ပြေနိုင်ရန် မေးမြန်းနိုင်ပါတယ် ခင်ဗျာ။ Huawei Mobile Service Center Akkadian Rays Akkadian

No comments:

Post a Comment