Tuesday, September 2, 2014
Huawei Ascend Mate 7
Huawei မှ စက်တင်ဘာ 4 ရက်နေ့ တွင် Ascend Mate 7 ကိုထုတ်ဖော်
ပြသတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ထိုသတင်းတွေနှင့်အတူ
ဘေးဘောင်အလွန်ပါးလွှာသည့် Ascend Mate 7 ၏ဓါတ်ပုံလဲထွက်ပေါ်လာ
ပါတယ်။ Berlin တွင်ကျင်းပမည့် IFA ပွဲတွင်ထုတ်ဖော်ကြေငြာမည့် ထိုဖုန်းတွင်
FingerPrint Scanner ပါဝင်လာမှာဖြစ်ပြီး မျက်နှာပြင်အကျယ် ၆လက်မခန့် 
ရှိမယ်လို့ ဆိုထားပါတယ်။2GB ဒါမှမဟုတ် 3GB RAM ထည့်သွင်းထားမှာဖြစ်ပြီး
Kirin 920 processor,quad-core 1.8GHz Chip တို့ တပ်ဆင်ထားမယ်လို့ 
ဆိုထားပြီး 13MP နှင့် နောက်ကင်မရာ 5MP တပ်ဆင်ထားမယ်လို့ လဲသိရ
ပါသေးတယ်။ဒါကြောင့် HTC One max ကိုပြန်မြင်ရသလို ခံစားကြရမှာ
ဖြစ်ပြီး NOTE 4 နှင့်လဲဒီဇိုင်း ကိုနှိုင်းယှဉ်ကြည့်ရတော့မှာဖြစ်ပါတယ်။
Labels:
ဖုန်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment