ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်

Saturday, September 13, 2014

HTC One (M8) ကို Root လုပ်နည်း



၂၀၁၄ ခုနှစ် မတ်လ တုန်းက အသစ်ထွက် ရှိလာတဲ့ Screen ၅ လက်မနဲ့ HTC One (M8) ကို Root
လုပ်ရတာ အရင် HTC ဖုန်းတွေလောက် မလွယ်တဲ့ အတွက် Android Exploit Hacker တွေ အတော်
ခေါင်းခဲ ခဲ့ရပါတယ်။

ဒါပေမယ့် HTC ဖုန်း hacker တစ်ဦးက HTC One (M8) ကို အလွယ်တကူ root လုပ်နိုင်စေမယ့် Exploit
ကို ရှာဖွေတွေ့ ရှိခဲ့ပြီး WeakSauce ဆိုတဲ့ app ကို ထုတ်လုပ်လိုက် ပါတော့တယ်။

ဒီ WeakSauce ဆိုတဲ့ app ကိုအသုံးပြု ပြီး HTC ဖုန်းကို အလွယ်တကူ root လုပ်နိုင်မှာပါ။ Bootloader
လည်း unlock လုပ်ထား စရာ မလိုပါဘူး။ လုပ်နည်းကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုပါ။

အရင်ဆုံး လိုအပ်တဲ့ ဖိုင်ဖြစ်တဲ့ WeakSauce for Android ကို ရယူပါ။

firedrive

download ရယူပြီးလျှင် ဖုန်းမှာ သွင်းလိုက်ပါ။ ပြီးလျှင် WeakSauce application ထဲကိုဝင်ပါ။

အောက်ပုံ အတိုင်း ပေါ်လာရင် Agree ကိုနှိပ်ပါ။


ပြီးလျှင် Super Su for Android ကို အောက်ကလင့်မှာ ရယူပါ။

Google Play
firedrive

ပြီးရင် Super SU for Android ကို ဖုန်းမှာ သွင်းလိုက်ပါ။ ပြီးရင် Super SU ထဲဝင်လိုက်တာနဲ့ SU
Command ကို အလိုလျောက် သွင်းသွားပါမယ်။ ဒါပြီးတာနဲ့ ဖုန်းက root access ရနေပါပြီ။

သင့်ဖုန်းကို root checker ဆော့ဝဲတစ်ခုခု (သို့မဟုတ်) root access တောင်းတဲ့ ဆော့ဝဲတစ်ခု ခုနဲ့
စမ်းကြည့်လိုက်ပါ။ သင့်ရဲ့ HTC One (M8) ဟာအောင်မြင်စွာ Root လုပ်ပြီး ပြီ ဖြစ်ပါတယ်။

သက်နိုင်စိုး (Myanmar Mobile App Store)

https://www.facebook.com/thetnaing.mmas?ref=tn_tnmn

Myanmar Mobile App Store မှကူးယူမျှဝေသည်။

No comments:

Post a Comment