ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်

Wednesday, September 17, 2014

CWM Recovery ဆိုတာဘာလဲ?


Clockworkmod Recovery ပါ။
အဲဒါကို တော်တော် များများ မေးကြပါတယ်။

တကယ် တော့ CWM သွင်းလိုက်ရင် ဘာဖြစ်သွားလဲ ဘာတွေကောင်းလာလဲ။ဖုန်းတွေ မှာ recovery mode ကို ကြားဖူး မြင်ဘူး ၀င်ဘူး ကြမယ်ထင်ပါတယ်။
ဖုန်းတွေမှာ Original ပါလာတာက Recovery 3e (stock recovery)ပါ အဲဒါကို CWM recovery (custom recovery)အဖြစ်ပြောင်းလဲလိုက်တာကို CWM သွင်းတယ်လို့ ခေါ်တာပါ။CWM သွင်းလိုက်တဲ့အခါမှာ ဖုန်းရဲ့ Recovery Mode ထဲမှာ လုပ်ဆောင်ချက်တွေ
ပိုလုပ်လို့ရလာပါတယ်။
မူရင်း Stock Recovery မှာဆိုရင်
*reboot
*Wipe data/Factory Reset
*apply update from sdcard
*Wipe Cache Partition .........ဒီလောက်ပဲ ပါတာများပါတယ်။
CWM သွင်းထားတဲ့ custom recovery ဆိုရင်တော့..
*Install Zip from SD card
*Install Zip from External SD card
*Apply Update From From SD card
*Wipe data / cache Partition
*Wipe Dalvik Cache
*Wipe Battery partition
*Backup/Restore............စတဲ့ လုပ်ဆောင်ချက်တွေ ပိုပါလာပါမယ်။အဲဒီတော့ custom rom တွေ တင်နိုင်မယ်။ rom ကို backup restore တွေလုပ်နိုင်မယ်။
အဓိကကတော့ Custom ROM တင်ချင်တဲ့ အခါ google app တွေထည့်ချင်တဲ့ အခါ မှာ CWM recovery သွင်းပြီးမှတင်ရတာများပါတယ်။CWM သွင်းရတာက တော့လွယ်ကူပါတယ်။
သူ.ရဲ့ model အလိုက်recovery.img ရှိရင် ရပါတယ်။


ref;ကိုဇော်သွင် စန္ဒယားနှင့်ကီးဘုတ်

No comments:

Post a Comment