ဓာတ်ပုံရိုက်ကူးရန် လေ့လာလိုသူများအတွက် ညမြင်ကွင်းပုံ ရိုက်ကူးခြင်း
စတင်မလေ့လာခင် ဒါတွေလုပ်ဖို့လိုတယ်။
နေ့လယ်နေ့ခင်းနေရောင်အောက်မှာ
ဓါတ်ပုံရိုက်ရတာဟာ ပုံမှန်အားဖြင့်တော့ လွယ်ကူပါတယ်။ ISO ကိုနှိမ့်ပြီး
Shutter Speed ကိုအရမ်းမြန်စေတာ ပုံရိပ်တွေဖမ်းယူမယ်ဆိုရင်ဖြင့်
သင့်လျော်တဲ့ သို့မဟုတ် လက်ခံနိုင်ဖွယ်ရှိတဲ့ ပုံရိပ်တွေကို
ရရှိမှာဖြစ်ပါတယ်။
သို့ပေမဲ့ အမှောင်ကလည်းကျနေမယ်၊
အလင်းရောင်ပေးမယ့် အရာတွေကလည်း မှေးမှိန်နေမယ်ဆိုရင်ဖြင့် Shutter Speed
ကိုနှေးကွေးအောင်လုပ်ပြီး ရိုက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
အဲဒီလိုအခြေအနေမှာတော့ ဓါတ်ပုံဟာ Image Stabilizer ပါတဲ့
ကင်မရာနဲ့ရိုက်ကူးမယ်ဆိုရင်တောင် မှုန်ဝါးနေတာတွေ့ရမှာဖြစ်ပါတယ်။ Compact
လို့ခေါ်တဲ့ ခရီးဆောင်ကင်မရာအသေးလေးတွေမှာတော့ Exposure Options ပေါ်မှာ
ထိန်းချုပ်ချိန်ညှိနိုင်မှုတွေမရှိပါဘူး။ ILC DSLR မှာတော့ ဘယ်လို Shutter
Speed ကိုသုံးရမလဲဆိုတာကို ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ဒီလိုမျိုး Shutter
Speed ကိုချိန်ညှိတာဟာ အလင်းကို ဘယ်လောက်ဝင်ခွင့်ပေးမလည်းဆိုတာကို
ဆုံးဖြတ်တာဖြစ်ပါတယ်။ ILC, DSLR တို့ကို Tripod နဲ့တွဲဖက်ပြီး
အသုံးပြုလိုက်မယ်ဆိုရင်တော့ဖြင့် အလွန်ကို စိတ်ဝင်စားဖွယ်ပုံတွေ
ရနိုင်ပါတယ်။ ဒီသင်ခန်းစာမှာဆိုရင်ဖြင့် ILC, DSLR ကို
ဘယ်လိုကိုင်တွယ်အသုံးပြုပြီးတော့ ညပုံရိပ်တွေကို ရယူနိုင်မလဲဆိုတာကို
သင်ပြပေးမှာဖြစ်ပါတယ်။ သတိပြုရမှာကတော့ ဒီကင်မရာမှာပါဝင်တဲ့ Feature
တချို့ဟာ စာဖတ်သူကိုင်တွယ်နေတဲ့ ကင်မရာမှာပါဝင်ချင်မှ ပါဝင်ပါလိမ့်မယ်။
ဒါကြောင့် လိုအပ်တဲ့အခါမှာ ကိုယ့်ကင်မရာရဲ့ လမ်းညွှန်လက်စွဲစာအုပ်လေးကို
ဖတ်ဖို့လိုပါလိမ့်မယ်။
ကင်မရာကိုအထိုင်ချခြင်း
1)
Tripod (သုံးချောင်းထောက်) ကို ညီညာတဲ့မျက်နှာပြင်မှာ ချထားလိုက်ပါ။
လိုချင်တဲ့အမြင့်ရောက်ရှိတဲ့အထိ Tripod ကိုချိန်ညှိပါ။ Tablet top tripod
တွေဟာ point - and - shoot ကင်မရာတွေ သုံးစွဲဖို့အတွက်
ထုတ်ပေးထားတာတွေ့ရပါတယ်။ ဒါတွေဟာ ILC, DSLR တွေနဲ့တွဲဖက်ပြီး
သုံးစွဲဖို့အတွက် မသင့်လျော်ပါဘူး။ ကောင်းမွန်တဲ့ Tripod တွေဟာ
ဒီသင်ခန်းစာလေ့လာဖို့အတွက် ပိုသင့်လျော်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။
2)
ကင်မရာကို Shutter priority သို့မဟုတ် Manual Mode
တစ်ခုခုကိုပြောင်းလိုက်ပါ။ ဒီလိုပြုလုပ်လိုက်ခြင်းအားဖြင့် Shutter Speed
ကိုထိန်းချုပ်ဖို့အတွက် ဖြစ်ပါတယ်။ Shutter Speed ကို
ထိန်းချုပ်လိုက်ခြင်းအားဖြင့် ရှည်လျားတဲ့ Exposure ရိုက်ချက်တွေကို
သင်ရိုက်ကူးချင်တဲ့အခါ ရိုက်ကူးနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
ပုံကိုရိုက်ကူးခြင်း
1) ပုံကိုရိုက်ကူးဖို့ လုပ်လိုက်တာနဲ့တစ်ပြိုင်နက်တည်းမှာ Exposure ကိုလည်း ချိန်ညှိဖို့ပြင်ထားပြီး ဖြစ်ရပါမယ်။
2)
Command Wheel (သို့မဟုတ် Dial) ကိုလှည့်လိုက်ပါ။
အဲဒီလိုလှည့်လိုက်တဲ့အခါမှာ Shutter Speed ရဲ့နံပါတ်အောက်မှာ (") ပါလာတာကို
တွေ့ရပါလိမ့်မယ်။ အဲဒီလိုတွေ့ရတဲ့အဓိပ္ပာယ်က တစ်စက္ကန့်ကို
အခုချိန်မှာကျော်နေပြီဆိုတာပါပဲ။ ဥပမာပြောရမယ်ဆိုရင်ဖြင့် ၃၀"
ဆိုတဲ့အဓိပ္ပါယ်က ၃၀ စက္ကန့်လို့ဆိုလိုတာဖြစ်ပါတယ်။ ၃၀ ရဲ့အဓိပ္ပာယ်ကတော့ ၁။
၃၀ စက္ကန့်လို့ ပြောဆိုတာပါ။
အကြံပြုချက်။ ။ Exposure ကို
အချိန်ကြာကြာထားမယ်ဆိုလျှင်တော့ ISO Sensitivity Setting ကို
အနိမ့်ဆုံးမှာထားပြီး ရိုက်ရပါမယ်။ ဒီလိုလုပ်တာဟာ Shutter ကို
အချိန်ကြာကြာဖွင့်စေတာတင် မဟုတ်ဘဲ Noisy Shot ကိုပါနည်းပါးအောင်
ပြုလုပ်ပေးမှာဖြစ်ပါတယ်။
၃) အကယ်၍ Shutter priority
ကိုအသုံးပြုနေမယ်ဆိုရင် ကင်မရာရဲ့ Aperture ကို
အလိုအလျောက်ချိန်ညှိတဲ့အနေအထားမှာထားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ Manual Mode
မှာထားပြီး သုံးချင်တယ်ဆိုရင်တော့ Exposure Meter ကသင့်တော်တဲ့ Exposure
ကိုဖတ်တဲ့အချိန်အထိ Aperture ကိုချိန်ညှိပေးဖို့ လိုအပ်ပါတယ်။
4)
အခုအချိန်မှာတော့ ဓါတ်ပုံရိုက်ကူးဖို့အသင့်ဖြစ်ပါပြီ။ Shutter ခလုတ်ကို
Shutter အလုပ်လုပ်ဖို့အတွက် ဖိနှိပ်လိုက်ပါ။ ဒီလိုနှိပ်လိုက်တဲ့အခါမှာ
ကင်မရာက အနည်းငယ်လှုပ်သွားမှာဖြစ်ပြီး ပုံရိပ်ကိုတော့ ၀ါးသွားမှာမဟုတ်ပါဘူး။
အကယ်၍ သင့်ကင်မရာမှာ အဝေးထိန်းခလုတ်ပါလာပါက Shutter
ဘယ်လိုလုပ်တယ်သိအောင်လို့ အဝေးထိန်းစနစ်ကို အသုံးပြုပြီးလေ့လာသင့်ပါတယ်။
ဒါမှမဟုတ်ရင်တော့ အချိန်မှတ်တဲ့ (Timer) mode ကိုသုံးစွဲပြီး သင့်လက်ကနေ
Shutter ကိုဖိလိုက်ချိန်မှ လွှတ်လိုက်တဲ့ အချိန်အထိကို သိအောင်ပြုလုပ်ပေးပါ။
5)
ဓါတ်ပုံရိုက်ပြီးတဲ့အခါမှာတော့ ပုံကိုစစ်ဆေးကြည့်ပါ။ Exposure
သုံးတာမှန်ရဲ့လားလို့ စစ်ကြည့်ပါ။ ပုံက အရောင်တောက်ပလွန်းနေရင်တော့ Shutter
Speed ကို ပိုပြီးမြန်မြန်ထားပြီးရိုက်ကြည့်ပါ။
သိပ်မသေချာသေးဘူးဆိုရင်တော့ Shutter ကိုအချိန်ကြာကြာဖွင့်ပြီး ရှုခင်း(သို့)
မြင်ကွင်းကို ထပ်မံရိုက်ကြည့်ပါ။
Bulb (B) နှင့် Sence Mode ကိုသုံးခြင်း
အကယ်၍
Exposure ရိုက်ချက်ကို အချိန်ကြာကြာအသုံးပြုချင်တယ်ဆိုရင်တော့ Sensor ကို
ကင်မရာကလက်ခံသလောက်အထိ ဆွဲဆန့်ထားရပါလိမ့်မယ်။ ဥပမာပြောရင် ၃၀ မိနစ်အထိပါ။
Buld (B) Mode ကိုသုံးရပါလိမ့်မယ်။ ဒီ Option ကိုသုံးနေစဉ်မှာ သင်ဟာ
Shutter ကို သင်အလိုရှိတဲ့ကြာချိန်အထိ ဖွင့်ထားနိုင်မှာဖြစ်ပါတယ်။
သို့ပေမဲ့ Shutter ခလုတ်ကို ဖိနှိပ်ထားဖို့တော့ လိုအပ်ပါတယ်။ ဒီကိစ္စမှာတော့
Shutter Lock Function ကို အဝေးထိန်းခလုတ်သုံးပြီး
လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ Shutter ကို
အဆုံးအထိဖွင့်ထားဖို့ လိုအပ်ပါတယ်။ အကယ်၍ Shutter Speed Setting ကို
အသုံးပြုဖို့ စိတ်ရှုပ်တယ်ဆိုရင်တော့ Scene Mode ကိုအသုံးပြုနိုင်ပါတယ်။ ဒီ
Mode ကိုသုံးတဲ့အခါမှာ Shutter Speed နဲ့ Aperture ကို
အကောင်းဆုံးအခြေအနေအထိ အလိုအလျောက်အနေအထားရအောင် ဒီ Mode
ကပေါင်းစပ်ပေးပါလိမ့်မယ်။ Exposure ကို အချိန်ကြာကြာအသုံးပြုခြင်းဖြင့်
အလင်းတန်းတွေကို ရှည်လျားတဲ့ပုံစံနဲ့ရရှိမှာ ဖြစ်ပါတယ်။
ဒီလိုရိုက်ကူးပုံတွေက ညပိုင်းမှာ ကားမောင်းနှင်နေတဲ့ပုံတွေလို
ညမြင်ကွင်းတွေအတွက် အသုံးဝင်လှပါတယ်။ ပုံသေအဖြစ်ရှိနေတဲ့ မြင်ကွင်းတွေကို
ရိုက်ကူးမယ်ဆိုရင်တောင်မှ အလင်းတန်းတွေ ရှည်လျားလှပတဲ့ပုံတွေကို
ဖန်တီးနိုင်မှာဖြစ်ပါတယ်။ သို့ပေမဲ့ ဒီလိုရိုက်ကူးဖို့အတွက် 200m lens ကို
အသုံးပြုရပါလိမ့်မယ်။ Shutter ကိုဖွင့်ပြီး ဓါတ်ပုံရိုက်တဲ့အခါမှာ Zoom
Lens ကအလင်းတွေကို ပြေးနေတဲ့လိုင်းပုံတွေအဖြစ် ရရှိအောင်ကူညီပါလိမ့်မယ်။
ညမြင်ကွင်းပုံတွေက Shutter အမြန်နှုန်းနဲ့ Aperture
တွေရဲ့ပေါင်းစပ်မှုကွဲပြားရင် ကွဲပြားသလို မတူကွဲပြားတဲ့ပုံတွေ
ထွက်ရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကွဲပြားတဲ့ Shutter အမြန်နှုန်းနဲ့
Aperture တွေကို ပုံစံမျိုးစုံနဲ့ပေါင်းစပ်ပြီး
ထပ်ပြန်တလဲလဲရိုက်ကူးခြင်းအားဖြင့် ပုံကို ဘယ်လိုလှအောင်ရိုက်မယ်ဆိုတာကို
သိမြင်လာပါလိမ့်မယ်။
Myanmar Internet Journal မှ မြင့်ဇော်ရေးသားထားသည်များကို ပြန်လည်ကူးယူမျှဝေပါသည်။
Saturday, September 6, 2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment