ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်

Saturday, September 6, 2014

Android အကြောင်း သိကောင်းစရာ

Android အကြောင်း သိကောင်းစရာ

Android ဆိုတာဟာ လူသားတွေအတွက်အကျိုးပြုနိုင်မှုပမာဏမြင့်မားတဲ့ နည်းပညာ ထုတ်ကုန်တစ်ခုဖြစ်ပါ
တယ်။ Mobile Handset အများစုဟာ Android OS ကိုအသုံးပြု လာတာကိုတွေ့ရပြီး၊ စစ်တမ်းများအရ သိ
ရှိရတာကတော့ ၂၀၀၉ ခုနှစ်ရဲ့ Q2 အရ Smart Phone အားလုံးရဲ့ Market Share 2.9% ကိုရရှိခဲ့ပါတယ်။

ဒီပမာဏဟာ နည်းပါးတယ်လို့ ထင်ရပေမယ့် ၂၀၀၈ ခုနှစ်မှာစတင် Release ပြုလုပ် ခဲ့တဲ့ Android အတွက်
တော့ မြင့်မားတဲ့ပမာဏတစ်ခုဖြစ်ပါတယ်။ ၂၀၁၀ ရဲ့ Q4 မှာတော့ Market Share 33% ရရှိခဲ့ပြီး ၂၀၁၁ ရဲ့
Q3အရောက် မှာတော့ Market Share 52.5% ထိမြင့်တက်သွားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ရဲ့ Google စစ်တမ်း
များအရတော့ နေ့စဉ် Android Device (၈၅၀,၀၀၀) ကျော် Activiate ပြုလုပ်နေ တယ်လို့သိရပါတယ်။

ပြည်တွင်း မှာလည်း Android အသုံးပြုနှုန်း ဟာ နေ့စဉ်နဲ့ အမျှ မြင့်တက်လာပြီ ဖြစ်တဲ့ အတွက် Android အ
ကြောင်းကို ကျွန်တော်တို့ ဂဃနဏသိရှိဖို့ လိုအပ် လာပြီဖြစ်ပါတယ်။

Android ရဲ့ သမိုင်း

Android ဆိုတာ Mobile Device တွေနဲ့ Tablet Computer တွေမှာ အသုံးပြုတဲ့ Operating System တစ်
ခုဖြစ်ပါတယ်။ Linux Kernel ကို အခြေခံရေးသားထားတဲ့ Android ကတော့ Open Source Platform တစ်
ခုဖြစ်ပါတယ်။ Android ရဲ့သမိုင်းကို တစ်ကျော့ပြန်လှည့်ကြည့်ရမယ် ဆိုရင်တော့ ၂၀၀၃ ခုနှစ်ရဲ့ အောက်
တိုဘာလမှာ Andy Rubin, Rich Miner, Chris White, Nick Sears တို့စုပေါင်းပြီး Android Inc. ကို တည်
ထောင်ခဲ့ပါတယ်။ Android ရဲ့မူလအခြေစိုက်ရာဌာနီကတော့ အမေရိကန်နိုင်ငံ Palo Alto, California ပြည်
နယ် မှာဖြစ်ပါတယ်။

Android Inc. ရဲ့ရည်ရွယ်ချက်ကတော့ အကောင်းဆုံး Smart Phone ဆိုင်ရာ နည်းပညာလုပ်ဆောင်ချက်
တွေကို ဖော်ထုတ်ဖို့အတွက်ဖြစ်ပါတယ်။ ဒီလို ကြိုးစားနေစဉ်အတွင်းမှာပဲ Android Inc. ရဲ့ Founder တစ်
ဖြစ်လဲ Andy Rubin ဟာ လုပ်ငန်းဆိုင်ရာ ဆက်လက်လည်ပတ်ဖို့အတွက် ငွေကြေးပိုင်း ဆိုင်ရာ အခက်အ
ခဲတွေနဲ့ ရင်ဆိုင် လာရပါတယ်။ တစ်ချိန်ထဲ ဆိုသလို ပဲ Android ရဲ့ ပိုင်ရှင်သစ် ဖြစ်လာမယ့် Google ဟာ
Android Inc. ကို ၂၀၀၅ ခုနှစ်ရဲ့သြဂုတ် လ (၁၇) ရက်နေ့မှာ ၀ယ်ယူလိုက်ပါတယ်။ Google Inc ရဲ့ လက်
အောက်ဝင်ကုမ္ပဏီ တစ်ခုဖြစ်လာခဲ့ တဲ့ Android Inc. ဟာ Andy Rubin, Rich Miner, Chris White တို့ကို
Android ရဲ့အဓိက၀န်ထမ်းများအဖြစ် ပြန်လည် ခန့်အပ်ထားခဲ့ပါတယ်။ Google Inc. ရဲ့ Android ၀ယ်ယူ
မှုကိုတော့ လူ အများရဲ့ ပုံသေ တွက်ချက်မှု အရ Google ဟာ Mobile Market အတွင်းကို ၀င်ရောက် လာ
တော့မယ်လို့ အားလုံးကယုံကြည်ခဲ့ကြပါတယ်။

Google Phone ထွက်လာလိမ့်မယ်လို့ တရားသေ တွက်ခဲ့ကြသူများ လည်း ထိုအချိန်က ရှိခဲ့ပါ တယ်။ဒါပေ
မယ့် Google ဟာAndroid ကိုဝယ်ယူပြီး (၂) နှစ်အတွင်းမှာ ဘာထူးခြားမှုကိုမှမပြသခဲ့ပါဘူး။ ၂၀၀၇ ခုနှစ်
ရဲ့ နိုဝင်ဘာလ (၅) ရက်နေ့ အရောက်မှာတော့ လူအများ အံ့အားသင့်စေမယ့် ကိစ္စ ရပ်တစ်ခု ကို Google
ကဖန်တီးလိုက်ပါတယ်။ ဒါကတော့ OHA (Open Handset Alliance) ကို တည်ထောင် ခဲ့ပြီး အခြား နည်းပ
ညာကုမ္ပဏီများနဲ့ ပူးပေါင်း ကာ Mobile နည်းပညာတွေ ကို ဖွံ့ဖြိုးတိုးတက် ဖို့အတွက် စတင်ဆောင်ရွက်ခဲ့
ပါတယ်။

Google Inc. ဟာ OHA ကိုအပြည့်အ၀ အထောက်အကူပြုနိုင်ဖို့အတွက် ၂၀၀၅ ခုနှစ်က ၀ယ်ယူထားတဲ့
Android Inc. ရဲ့နည်းပညာတွေကို OpenSource အဖြစ်ကြော်ငြာလိုက်ပါတယ်။ Open Source ရဲ့သ
ဘောတရားကတော့ မည်သူမဆိုလွပ်လပ်စွာ ရယူ သုံးစွဲနိုင်သော အရင်းအမြစ်တစ်ခုအနေနဲ့ Android
ကိုရှင်သန်စေခဲ့တာဖြစ်ပြီး၊Google ရဲ့ စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်တွေကို ကျွန်တော်တို့ လက်ရှိ အချိန်မှာ
ခူးယူစား သုံးနေကြတာလည်းဖြစ်ပါတယ်။

OHA ရဲ့ ရည်ရွယ်ချက်ကတော့ လူသားများကိုအကျိုးပြုနိုင်တဲ့ Mobile ဆိုင်ရာနည်းပညာများထွက်ပေါ်လာ
စေရန်အတွက်ဖြစ်ပါတယ်။ OHA တည်ထောင်တဲ့နေ့မှာပဲ သူတို့ရဲ့ပထမဆုံး Product ကိုသုံးစွဲသူများထံချ
ပြပေးခဲ့ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဒီနေ့အသုံးပြုရာမှာလွန်စွာ အဆင်ပြေစေတဲ့ Android OS ဖြစ်
ပြီး၊ Linux kernel Vs 2.6 ကိုအခြေပြုထားပါတယ်။

OHA ဟာ Google ဦးဆောင်ထားပြီး ပါဝင်လာတဲ့ နည်းပညာ ကုမ္ပဏီတွေကတော့ Broadcom
Corporation, HTC, Intel, LG, Marvell Technology Group, Motorola, Nvidia, Qualcomm,
Samsung Electronics, Sprint Nextel, T-Mobile နဲ့ Texas Instruments တို့ဖြစ်ပါတယ်။

OHA ရဲ့ စုစည်းမှုဟာ ရပ်တန့်မနေခဲ့ပဲ ၂၀၀၈ ခုနှစ်ရဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ ARM Holdings,
Atheros Communications, Asustek Computer Inc., Garmin Ltd, Huawei Technologies,
PacketVideo, Softbank, Sony Ericsson, Toshiba Corp; နဲ့ Vodafone Group Plc တို့မှထပ်မံပူး
ပေါင်း ပါဝင်ခဲ့ကြပါတယ်။

Android ရဲ့ တိုးတက်မှုကိုကြည့်ရမယ်ဆိုရင်တော့ Google ဟာ ၂၀၀၇ ခုနှစ်မှာ OHA ကိုတည်ထောင် ခဲ့ပြီး
Android ကို Open Source အဖြစ်ကြော်ငြာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်အရောက်မှာတော့Android SDK (Soft
ware Development Kit) Version 1.0 ကို စတင်ဖြန့်ချိပေးခဲ့ပါတယ်။ တစ်ချိန်ထဲဆိုသလိုပဲ T-Mobile က
နေပြီး US မှာ HTC ထုတ်ကုန်သစ်ဖြစ်တဲ့ HTC Dream (G1) Mobile မှာ Android ကိုပထမဆုံး ထိတွေ့ခွင့်
ရခဲ့ပါတယ် အဲ့ဒီကစပြီး Android စနစ်သုံး Mobile Phone တွေ၊ Tablet တွေ မျိုးစုံပေါ်ထွက်လာကြပါတယ်

Android မတိုင်ခင် Mobile Phone OS လောကကို Apple ကထုတ်တဲ့ IOS ၊ RIM ကထုတ်တဲ့ Black Berry
Nokia ကထုတ်တဲ့ Symbian နဲ့ Microsoft ကထုတ်တဲ့ Windows Mobile OS တို့ကကြီးစိုး ခဲ့ပါတယ်။

Android OS ထွက်ပေါ်ပြီးနောက် Mobile လောကမှာ ကြီးမားတဲ့အပြောင်းအလဲဖြစ်သွားပါတယ်။ Android
OS ဟာ နှစ်အနည်းငယ်အတွင်းMobile လောကကိုထိပ်ဆုံးကဦးဆောင်ခဲ့ပါတယ်။ဈေးကွက်ရဲ့ 60% ကို AndroidOS ကယူလိုက်ပါတယ်။

2012 နှစ်ဦးပိုင်းမှာ Android အသုံးပြုသူဟာသန်း ၂၅၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ Android နဲ့ပတ်သတ်လို့
ပြောရရင်မကုန်နိုင်ပါဘူး ဗဟုသုတဖြစ်မယ့်အချက်လေးတွေရွေးနှုတ် ထားတာပါ။ နောက် Post တွေမှာ
Android ဖုန်းသုံးသူတွေအတွက်မသိမဖြစ်အချက်လေးတွေတင်သွားပါမယ်...။

http://easygo2u.blogspot.com မှ ပြန်လည် မျှဝေပါသည် ...။

No comments:

Post a Comment