ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်

Tuesday, September 2, 2014

2014 ရေစိုခံဖုန်း


 
2014 ခုနှစ်အတွင်းမှာပဲ ရေစိုခံဖုန်းတွေများစွာထွက်ပေါ်လာပါတယ်...
အဲဒီအထဲတွင် #SonyZ2 နှင့် #SamsungS5 တို့ က ထင်ရှားပါတယ်။
ဒါပေမယ့် ရေစိုခံယုံ၊ ဖုန်လုံယုံလောက်နှင့် အကြမ်းခံတယ်လို့ မခေါ်နိုင်
ဘူးဆိုတာကို #BARTEC PIXAVI impact X ကပြသသွားခဲ့ပါတယ်။
Aluminium ကိုဆင်မြန်းထားသည့် Impact X သည် IP68 ဖြစ်သည့်အတွက်
ရေလုံဖုန်လုံပါတယ်။ဒါ့အပြင် 2mm အထူရှိသည့် Gorilla GLass တပ်ဆင်
ထားသည့်အတွက် (၆)ပေအမြင့်လောက်ကပြုတ်ကျခြင်းလောက်တော့မမှု
ဘူးလို့ ဆိုပါတယ်။ (-20ံ C မှ +45ံ C အပူချိန်တွင်လည်း အလုပ်လုပ်နိုင်မှာ
ဖြစ်တယ်လို့ ဆိုပါတယ်)။ဒီအချက်သည် မိုင်းတွင်းအလုပ်သမားများ(သို့ )
အခြား အန္တာရယ်ရှိသည့် နေရာများတွင်အလုပ်လုပ်နေသောလုပ်သားများ
အဖို့  ဘေးဒုက္ခကြုံတွေ့ ရသည့်အခါ impact X ကိုအသုံးပြုပြီး အပြင်နှင့်
အဆက်အသွယ်ပြုလုပ်နိုင်ကြမှာဖြစ်ပါတယ်။
၎.၆လက်မအကျယ်မျက်နှာပြင် နှင့် IPS LCD Display,3000mAh ဘက်ထရီ
တပ်ဆင်ထားပြီး 4.2.2 Android Versionမောင်းနှင်မှာဖြစ်ပြီးဈေးနှုန်းအရ
10သိန်းဝန်းကျင်ရှိမယ်လို့ ဆိုထားပါတယ်။
 
 
 

No comments:

Post a Comment