ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်
Showing posts with label General. Show all posts
Showing posts with label General. Show all posts
Saturday, January 3, 2015
ဓါတ်ပုံ ၊ ပန်းချီ ၊ ဂရပ်ဖစ် ၊ အနုပညာရှင် များနှင့် ဆိုင်သည့် Website များ
ပန်းချီကားတွေ လေ့လာနိုင်မယ်။ ပန်းချီပညာနဲ့ ပက်သက်ပြိးလည်း လေ့လာနိုင်ပါတယ်။
ဒိအပြင် photo shop စိတ်ဝင်စား တဲ့ ညိအကို မောင်နှမတို့အတွက် software တွေ toolတွေ ၊ fontstyle အမျိုးအစား တွေကို ဒေါင်းယူနိုင်တဲ့ ဆိုဒ်တွေ ပါပါသေးတယ်။
ဖက်ရှင်နဲ့ ပက်သက်ပြိး စိတ်ဝင် စားသူတွေအတွက်လည်း လေ့လာစရာ ဆိုဒ်တွေ လည်း ပါ ပါတယ်။
ကဲ ကိုယ်ဟာကိုယ်သာ menu လေးတွေဖက်ပြိးသွားကြည့် ကြပါ။
ထုံးစံအတိုင်း အောက်မှာပေးထားတဲ့ ဆိုဒ်တွေကို သိမ်းထားချင်သူတွေအတွက် အောက်မှာ link လေးတွေပေးထားပါ တယ်။
အားလုံးအဆင်ပြေပါစေ။
ဓါတ်ပုံ ပန်းချီ ဂရပ်ဖစ် အနုပညာရှင် များဆိုင်ရာ website များdoc
ဆီဆေးပန်းချီကား လက်ရာကောင်း ကောင်း တွေကိုလေ့လာနိုင်ပါသည်။
ကမ္ဘာကျော် ပန်းချီဆရာတွေရဲ့ လက်ရာတွေကို ပေါများစွာ တွေ့နိုင်ပါသည်။
ပန်ချီကားနှင့်ပက်သက်၍ သိလိုသည်များ ကို လေ့လာနိုင်သည်။
ရှာဖွေရလွယ်ကူတဲ့ အင်တာနက် ပန်ချီပြ တိုက်ကြိး တစ်ခုဖြစ်သည်။
ပန်ချီကားများ၏ ဈေးနှုန်းများ အနုပညာ ရှင်များ၏ ကိုယ်ရေးအကျဉ်းများ စသည်တို့ဖြင့် စုံလင်သည်။
ပန်းချီနှင့် အနုပညာသမိုင်းများကို လေ့လာ နိုင်သည်။
အခရိုင်းလစ် ပန်ချီများကို သုံးသပ်ချက်များ နှင့်တကွ တွေ့နိုင်သည်။
အပြည်ပြည်ဆိုင်ရာ ပြတိုက်များ အဖွဲ့ ရဲ့အင်တာနက်စာမျက်နှာပါ။
ပန်ချီကားများနှင့် အနုပညာရှင်တို့ ၏ ကိုယ်ရေးအကျဉ်းတို့ စုံလင်စွာ ပါဝင်သည်။
ခဲပန်ချီ ရေးဆွဲနည်းများကို လေ့လာနိုင်သည်။
နာမည်ကျော်ပန်ချီကားများစွာ စုံလင်သည်။
ပန်ချီကားကောင်းများ နှင့်အခြားအနု ပညာများ။
ပန်ချီကားများစွာကို သုံးသပ်ချက်များနှင့် တွေ့နိုင်ပါသည်။
ပန်ချီအနုပညာအကြောင်းများရှာဖွေနိုင် သည်။
ပုံဆွဲဝါသနာပါသော ကလေးများအတွက် အလွန်အသုံးတည့်မယ့် အင်တာနက် စာမျက်နှာတစ်ခုပါ။
နာမည်ကြိး ပန်ချီသင်တန်းကျောင်း ဖြစ်သည်။
ရှေးခေတ်နှင့် မျက်မှောက်ခေတ် ပန်းချီ လက်ရာများကိုပါ စုံလင်စွာ တွေ့နိုင်ပါ သည်။
ပြတိုက်များရဲ့ လိပ်စာများကို စုဝေးဖော်ပြ ထားတဲ့ အင်တာနက်စာမျက်နှာ ဖြစ်ပါသည်။
သရုပ်ဖော်ပုံတွေများစွာပါတဲ့ စာမျက်နှာ တစ်ခုပါ။
သရုပ်ဖော်လက်ရာမျိုးစုံကို တွေ့ရနိုင် ပါသည်။
3D ပန်းချီ ဖန်တီးသော ပန်းချီပညာရှင် များက စုဝေးတင်ပြထားတဲ့ စာမျက်နှာ တစ်ခုပါ။
သရုပ်ဖော်ပုံတွေ များစွာပါတဲ့ စာမျက်နှာ တစ်ခုပါ။
ဝက်ဘ်ဒီဇိုင်း ဝါသနာရှင်များလေ့လာသင့် သည်။ဒီဇိုင်းပညာရပ်များကို လေ့လာနိုင် သည်။
ဒီဇိုင်းပိုစတာများ ၅သိန်းကျော်ပါဝင်သော ဒီဇိုင်း ဟင်းလေးအိုးကြိးဖြစ်သည်။
ထိုင်းနိုင်ငံ ၏ ဖက်ရှင်မဂ္ဂဇင်း တစ်စောင် ဖြစ်သည်။
3D ရုပ်ကြွ Fancy ပုံလေးတွေကို စုံလင် စွာ တွေ့နိုင်ပါသည်။
ဂရပ်ဖစ်ဒီဇိုင်း အကြောင်း စုံလင်စွာလေ့လာ နိုင်သည်။
3D ပုံတွေကို စိတ်ကြိုက် လေ့လာစုဆောင်း နိုင်ပါသည်။
ဂရပ်ဖစ်ဒီဇိုင်းပညာနှင့် ပက်သက်လို့ မပြည့်စုံဆုံး ၊ အရိုးရှင်းဆုံး ရှင်းလင်း ထားပါသည်။
နယူးယောက် ဓါတ်ပုံကျောင်းရဲ့ စာမျက် နှာပါ။
ဓါတ်ပုံပညာနှင့်ပက်သက်၍ အကောင်းဆုံး စာမျက်နှာပါ။
အနုသုခုမလက်ရာများနှင့် အနုပညာသ တင်းများ
Fashion consultant Traa Maginnis
ကတည်ထောင်ထားတဲ့ အင်တာနက်စာမျက်နှာပါ။
ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြိး အစုံ အလင်ဆုံး စာမျက်နှာကြိးတစ်ခုပါ။
Fashion TV ၏ ဆိုဒ်ဖြစ်ပါသည်။
ဓါတ်ပုံများကို ရုပ်ရှင်အဖြစ် ဖန်တီးရန်။
အနုပညာကြယ်ပွင့်များ ၊ ကမ္ဘာကျော်ဖန် တီးရှင်များ ရှိတဲ့ နေရာပါ။
မြန်မာ အနုပညာလက်ရာများကို စုံလင်စွာ တွေ့ရသည်။
ရှေးဟောင်းလက်ရာ ဓါတ်ပုံများ ၊ ပန်ချီများကို စုစည်းထားသည်။
အင်္ဂလန်ရုပ်ရှင်မင်းသမီးများ၏ ဓါတ်ပုံ များကို စုစည်းထားပါသည်။
ထင်ရှားကျော်ကြားတဲ့ ဂီတအနုပညာရှင် များ၏ ကိုယ်ရေး အကျဉ်းများကို ကြည့်ရှု နိုင်ပါသည်။
ကျော်ကြားသူတွေရဲ့ သတင်းတွေကို စုံလင်စွာ တင်ဆက်ပေးတဲ့ စာမျက်နှာတစ် ခုပါ။
စာလုံဒီဇိုင်း တစ်သောင်းကျော်ကို လွယ်ကူစွာပင် ရယူနိုင်သည်။
လမ်းညွန်ချက်တော်တော်များများနှင့် ပထဝီ မြေပုံများဆွဲရန် သင့်တော်သည်။
Animation ဝါသနာပါသူများအတွက် ဖြစ်သည်။
ဓါတ်ပုံပြုပြင်ဖန်တီးလိုသူများအတွက် ဖြစ်သည်။
အဝတ်အထည်နှင့် အခြားဖက်ရှင်မျိုးစုံ ရှိသည်။
ကြောင်နှင့် ခွေးများအတွက် ပြုစုရန် လေ့လာနိုင်သည်။
( ဒိဆိုဒ်က တင်မရဘူး)
အိမ်တွင်း ပန်းအလှဆင်နည်း များအကြောင်း စုံလင်သည်။
နာရီဒီဇိုင်းမျိုးစုံကို လေ့လာနိုင်သည်။
screensaver ဒီဇိုင်းမျိုးစုံကို အရည် အသွေးကောင်းကောင်းဖြင့် ကူးယူ နိုင် သည်။
www.free-graphic.com
Clipart များနှင့် ဒီဇိုင်းမျိုးစုံကို ရှာဖွေ နိုင်သည်။
အာဆီယံနိုင်ငံများ၏ အနုပညာလက်ရာ များ။
အနုပညာ စွယ်စုံဆိုဒ်ဖြစ်သည်။
အနုပညာရှင်များ၏သတင်းများ။
ကိုရီးယားအနုပညာရှင်များ၏ စာရင်းကို တွေ့ရပါမည်။
ကိုရီးယားဇာက်ကားများရဲ့ စာရင်းကို လေ့လာနိုင်သည်။
Designer ဖြစ်ချင်သူတွေအတွက် လေ့လာသင့်တဲ့နေရာ။
Photoshop သင်ခန်းစာများကို လေ့လာ နိုင်သည်။
Note : Credit to ဟိန်းလင်း
Friday, September 19, 2014
မြန်မာအမွေအနှစ် များကိုသိရှိစေရန်
မြန်မာအမွေအနှစ် များကိုသိရှိစေရန်
Mediafire မှဖြစ်တတ်တဲ့ error ဖြေရှင်နည်းလည်းအောက်၌ဖော်ပြထားပါသည်
မြန်မာ့စွယ်စုံကျမ်း ၊ စာပေကျမ်းစာတမ်း ၊ ကျောက်စာဆိုင်ရာ စာအုပ်များကို
လူကြီးလူငယ်မရွေးလေ့လာ နိုင်ကြရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
လိုအပ်မယ်ဆိုရင်တဲ့ နှစ်သက်တဲ့ စာအုပ်ကို Download ရယူနိုင်ပါတယ်။
Download ဆွဲဖို့ Link ကို ၀င်တဲ့အခါ အောက်ကပုံအတိုင်းပေါ်လာရင်
* Not Spam * ဆိုတာကို နှိပ်ပေးလိုက်ပါ။
Tuesday, September 16, 2014
Free Email To Money By Using Traffic Exchange ( မြန်မာလို PDF )
မိမိရဲ့ Free Email ကို Traffic Exchange အသုံးပြုပြီး Dollar $ ရရှိအောင် ဘယ်လိုပြောင်းလဲမလဲဆိုတာကိုရေးထားတဲ့စာအုပ်ဖြစ်ပါတယ်။ လုပ်တတ်သလို အကျိုးရှိမယ်ဆိုတာ ရဲရဲကြီးအာမခံပေးလိုက်ပါတယ်။ ကဲ ... စောင့်မျှော်နေသူများ Download ရယူနိုင်ပါပြီ။ Referral ရှာလိုသူများအတွက် အသင့်ရေးပြီးသား Docx File ကိုပါထည့်သွင်းပေးထားပါတယ် 
Download From Mediafire =>http://adf.ly/s7iZH 
regeister လုပ်မယ်ဆိုရင် ကျွန်တော်ရဲ့ ref လေးကနေ လုပ်ပေးကြပါနော် 
Sunday, September 14, 2014
မြန်မာပြည်က ပထမဦးဆုံး ငွေရှာတဲ့ဆိုဒ်လေးပါ
သူငယ်ချင်းတို့ရေ မြန်မာပြည်က ပထမဦးဆုံး ငွေရှာတဲ့ဆိုဒ်လေးပါ စိတ်ဝင်စားရင်အောက်ကလင့်ကနေ မန်ဘာဝင်လိုက်ပါ။ စောစောစီးစီးပိုက်ဆံများများရအောင်လို့
Shwe Verts တွင်ကြော်ငြာများကြည့်ရှု့ရင်း ပိုက်ဆံရှာနိုင်ပါပြီ။ စိတ်ဝင်စားတယ်ဆိုပါက Shwe Verts သို့လှမ်းလာခဲ့လိုက်ပါ။
webside link
Saturday, September 6, 2014
ဓာတ်ပုံရိုက်ကူးရန် လေ့လာလိုသူများအတွက် ညမြင်ကွင်းပုံ ရိုက်ကူးခြင်း
ဓာတ်ပုံရိုက်ကူးရန် လေ့လာလိုသူများအတွက် ညမြင်ကွင်းပုံ ရိုက်ကူးခြင်း
စတင်မလေ့လာခင် ဒါတွေလုပ်ဖို့လိုတယ်။
နေ့လယ်နေ့ခင်းနေရောင်အောက်မှာ ဓါတ်ပုံရိုက်ရတာဟာ ပုံမှန်အားဖြင့်တော့ လွယ်ကူပါတယ်။ ISO ကိုနှိမ့်ပြီး Shutter Speed ကိုအရမ်းမြန်စေတာ ပုံရိပ်တွေဖမ်းယူမယ်ဆိုရင်ဖြင့် သင့်လျော်တဲ့ သို့မဟုတ် လက်ခံနိုင်ဖွယ်ရှိတဲ့ ပုံရိပ်တွေကို ရရှိမှာဖြစ်ပါတယ်။
သို့ပေမဲ့ အမှောင်ကလည်းကျနေမယ်၊ အလင်းရောင်ပေးမယ့် အရာတွေကလည်း မှေးမှိန်နေမယ်ဆိုရင်ဖြင့် Shutter Speed ကိုနှေးကွေးအောင်လုပ်ပြီး ရိုက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာတော့ ဓါတ်ပုံဟာ Image Stabilizer ပါတဲ့ ကင်မရာနဲ့ရိုက်ကူးမယ်ဆိုရင်တောင် မှုန်ဝါးနေတာတွေ့ရမှာဖြစ်ပါတယ်။ Compact လို့ခေါ်တဲ့ ခရီးဆောင်ကင်မရာအသေးလေးတွေမှာတော့ Exposure Options ပေါ်မှာ ထိန်းချုပ်ချိန်ညှိနိုင်မှုတွေမရှိပါဘူး။ ILC DSLR မှာတော့ ဘယ်လို Shutter Speed ကိုသုံးရမလဲဆိုတာကို ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ဒီလိုမျိုး Shutter Speed ကိုချိန်ညှိတာဟာ အလင်းကို ဘယ်လောက်ဝင်ခွင့်ပေးမလည်းဆိုတာကို ဆုံးဖြတ်တာဖြစ်ပါတယ်။ ILC, DSLR တို့ကို Tripod နဲ့တွဲဖက်ပြီး အသုံးပြုလိုက်မယ်ဆိုရင်တော့ဖြင့် အလွန်ကို စိတ်ဝင်စားဖွယ်ပုံတွေ ရနိုင်ပါတယ်။ ဒီသင်ခန်းစာမှာဆိုရင်ဖြင့် ILC, DSLR ကို ဘယ်လိုကိုင်တွယ်အသုံးပြုပြီးတော့ ညပုံရိပ်တွေကို ရယူနိုင်မလဲဆိုတာကို သင်ပြပေးမှာဖြစ်ပါတယ်။ သတိပြုရမှာကတော့ ဒီကင်မရာမှာပါဝင်တဲ့ Feature တချို့ဟာ စာဖတ်သူကိုင်တွယ်နေတဲ့ ကင်မရာမှာပါဝင်ချင်မှ ပါဝင်ပါလိမ့်မယ်။ ဒါကြောင့် လိုအပ်တဲ့အခါမှာ ကိုယ့်ကင်မရာရဲ့ လမ်းညွှန်လက်စွဲစာအုပ်လေးကို ဖတ်ဖို့လိုပါလိမ့်မယ်။
ဓါတ်ပုံရိုက်ကူးရန် လေ့လာလိုသူများအတွက် Lens များနှင့် Exposure တို့အကြောင်း 1
ဒီသင်ခန်းစာကို လေ့လာမယ်ဆိုရင်တော့ Lens ပြောင်းလဲသုံးစွဲနိုင်တဲ့ကင်မရာ (ILC, DSLR) နဲ့သင့်လျော်တဲ့ Lens တွေကို ရယူထားပါ။ ဒီသင်ခန်းစာကို လေ့လာတဲ့အခါမှာတော့ Lens အကြောင်းနဲ့ အသုံးများတဲ့ Exposure mode အကြောင်းတွေကို အတော်အသင့်သိသွားမှာဖြစ်ပါတယ်။ ILC နဲ့ DSLR တွေက Point-and-Shoot နဲ့ မတူတဲ့အချက်တွေများစွာ ရှိပါတယ်။ ပြောင်းလဲတပ်ဆင်သုံးစွဲနိုင်တဲ့ Lens တွေမှာရိုက်ကူးရမယ့် Focus အတွက်သင့်လျော်ရာကို သုံးစွဲနိုင်တဲ့အပြင် ကွဲပြားတဲ့ရိုက်ချက် အခြေအနေတွေအတွက် ကွဲပြားတဲ့ Lens တွေလိုအပ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ Lens တွေရဲ့ အခြေခံအစိတ်အပိုင်းတွေ၊ Optics တွေရဲ့ ကွဲပြားခြားနားမှုတွေနဲ့ ဘယ်အချိန်မှာဘယ်လိုမှန်ဘီလူးတွေကို သုံးစွဲရမယ်ဆိုတာကို လေ့လာနိုင်မှာဖြစ်ပါတယ်။
ကင်မရာကိုင်တွယ်ပုံ
ကင်မရာပုံကောင်းရဖို့အတွက် ကင်မရာကိုင်တွယ်ပုံကလည်း အရေးကြီးတဲ့ အပိုင်းတစ်ခုဖြစ်ပါတယ်။ ကိုင်တွယ်တဲ့ပုံစံမှန်ပါမှ ပုံရိပ်တွေမှာအရိပ်ထသလိုဖြစ်နေတာ (ကင်မရာ Shake) သို့မဟုတ် ပုံရိပ်တွေမှာ အရောင် တောက်ပလွန်းနေတာ (Sharpness) တွေလျော့ကျတာတို့ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
အရှေ့ပိုင်း
Lens ရဲ့အရှေ့ပိုင်းမှာ ပုံမှန်အားဖြင့်တော့ Focal Length နဲ့ Lens ရဲ့ aperture တို့ကို ညွှန်ပြတဲ့စာတန်းကို တွေ့ရှိရမှာဖြစ်ပါတယ်။
ဘေးခြမ်း
Lens ရဲ့ဘေးခြမ်းမှာတော့ Lens ရဲ့ Zoom နဲ့ Focus ချိန်တဲ့ကွင်း Focus Ring တို့ကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအရာတွေဟာ ကိုယ်ရိုက်ကူးမယ့်အရာတွေကို အနီးအဝေးချိန်တဲ့နေရာတွေမှာ သုံးစွဲရမှာဖြစ်ပါတယ်။ တချို့သော Optics အဟောင်းတွေမှာတော့ aperture ring တွေပါရှိပါတယ်။ ဒီအရာတွေက Lens ရဲ့အရွယ်အစားကို ပြောင်းနိုင်ဖို့အတွက် လုပ်ဆောင်ပေးပါတယ်။ Lens ရဲ့ Focal Length ကို ကင်မရာနဲ့ဘေးခြမ်းမှာ နံပါတ်တွေနဲ့ဖော်ပြပေးထားပါတယ်။
ကျောဘက်ခြမ်း
ကျောဘက်ခြမ်းမှာတော့ Lens mount ကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအပိုင်းဟာ ILC နဲ့ Optics ကို တွဲရိုက်ထားတဲ့အပိုင်း ဖြစ်ပါတယ်။ သတိပြုဖို့လိုအပ်တာကတော့ Lens ကိုမသုံးတဲ့အခါမှာ ကင်မရာရဲ့ အရှေ့ပိုင်းနဲ့ နောက်ကျောပိုင်းတွေကို အဖုံးတွေနဲ့ ဖုံးအုပ်ထားဖို့လိုတယ်ဆိုတာပါပဲ။ ဒီလိုလုပ်ထားမှ ဖုန်တွေဝင်တာနဲ့ ခြစ်ရာတွေထင်တာအပြင် ရေငွေ့ရိုက်တာတို့ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Lens တွေရဲ့ အမျိုးအစား
Lens တွေရဲ့အမျိုးအစားတွေကို ပုံမှန်အားဖြင့် နှစ်မျိုးခွဲခြားထားပါတယ်။ Focal Length ကို လိုအပ်သလိုချိန်ညှိနိုင်ဖို့အတွက် Lens ကိုလှည့်ပြီးသုံးနိုင်တဲ့ Lens အမျိုးအစားနဲ့ ပုံရိပ်တွေအတွက် အသေပြုလုပ်ပေးထားတဲ့ Prime Lens တွေပဲဖြစ်ပါတယ်။ ဒီ Lens နှစ်မျိုးကို အပိုင်းလေးပိုင်းခွဲခြားပြီး ကြည့်နိုင်ပါတယ်။ ဒါတွေကတော့ Wide-angle, standard zoom, telephoto နဲ့ specialty တို့ဖြစ်ပါတယ်။
Wide-angle lens
Wide-angle Lens ဟာ ကျယ်ပြောလှတဲ့ မြင်ကွင်းတွေကို ရိုက်ကူးဖို့အတွက်နဲ့ ပုံရိပ်တွေထဲမှာ ဒီမြင်ကွင်းတွေကိုပြသဖို့အတွက် လိုအပ်တဲ့အခါ သုံးစွဲနိုင်ဖို့အတွက် ပြုလုပ်ထားတာဖြစ်ပါတယ်။ Wide-angle Lens တွေဟာ Zoom သို့မဟုတ် Focal Length တွေကို အသေတပ်ဆင်ပေးထားတဲ့ Lens အမျိုးအစားနှစ်မျိုးလုံးမှာ ရှိနိုင်ပါတယ်။ Focal Length အသေတပ်ဆင်ထားတဲ့ Lens တွေမှာတော့ မြင်ကွင်းကျယ်ဟာ အကန့်အသတ်နဲ့သာ ရရှိပါလိမ့်မယ်။ ဥပမာ ၂၈ မီလီမီတာ ၊ ၂၄ မီလီမီတာ နဲ့ ၁၆ မီလီမီတာ
Standard Zoom
ILC, DSLR ကင်မရာများကို ပထမဆုံးအကြိမ်သုံးစွဲတယ်ဆိုရင်တော့ ဒီ Lens ဟာ သင့်အတွက် ပထမဆုံးသုံးရတဲ့ Lens ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ DSLR အများစုနဲ့ mirror မပါတဲ့ ကင်မရာစနစ်တွေမှာတော့ standard zoom တွေကို တွေ့ရမှာဖြစ်ပါတယ်။ Standard Zoom Range တွေဟာ ၂၈ မီလီမီတာနဲ့ ၉၀ မီလီမီတာကြားမှာ ရှိပါတယ်။
Telephoto
Telephoto Lens တွေဟာ ကိုယ်ရိုက်ချင်တဲ့ အဝေးကအရာဝတ္ထုတွေကို အနီးကပ်တွေ့ရသလိုဆွဲယူပြီး ရိုက်ကူးနိုင်ဖို့အတွက် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ Telephoto Lens တွေရဲ့ ပုံမှန် range ကတော့ ၉ မီလီမီတာရှိပါတယ်။ အရွယ်အစားကြီးမားတဲ့ Telephoto Lens တွေကတော့ ၃၀၀ မီလီမီတာ သို့မဟုတ် ၄၀၀ မီလီမီတာအထိ ရိုက်ကူးနိုင်ပါတယ်။
Specialty Lens
Specialty Lens တွေကတော့ တိကျတဲ့ပုံရိပ်တွေကို ထူးခြားစွာပံ့ပိုးပါတယ်။ Macro shoot အနီးကပ်ရိုက်ချက်တွေကို Focus အမြန်ဆုံးဖမ်းတာ၊ Fish-eye- view ဒီဂရီကျယ်မြင်ကွင်း သို့မဟုတ် တိကျသေချာတဲ့ရှုထောင့်တွေကိုရိုက်ကူးတာ စတာတွေမှာ အသုံးပြုပါတယ်။
Crop Factor ဆိုတာဘာလဲ
ကင်မရာကို ၀ယ်ယူလိုက်ပြီဆိုတာနဲ့ crop factor ဆိုတဲ့စကားလုံးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ယခင်အချိန်တွေတုန်းကတော့ Lens တွေဟာ 24x36 မီလီမီတာဖရိမ်တွေကိုသာ ပြုလုပ်နိုင်ကြပါတယ်။ Focal Length တွေဟာ ဒီအတွက်သာချိန်ညှိကြပါတယ်။ သို့ပေမဲ့ အဲဒီအချိန်ကစလို့ ILC တချို့မှာရှိတဲ့ ပုံရိပ်ဖမ်းအာရုံခံကိရိယာတွေဟာ 24x36 မီလီမီတာထက်သေးငယ်ကြပြီး ရုပ်ပုံတွေက ဖော်ပြထားတဲ့အတိုင်း ဖြစ်ကြပါတယ်။
Myanmar Internet Journal မှ  မြင့်ဇော် ရေးသားထားသည်များကို ပြန်လည်မျှဝေပါသည် ...
Portrait ရိုက်ကူး ရေး ဆိုင်ရာ နည်းစနစ်များ
1. PHOTOSHOP
Portrait ရိုက်ပြီး ပါက Post Production တွင် Photoshop ဖြင့် ပြင်ပါ။ ပုံကို နည်းပညာ ပေါင်းစပ်မှု များဖြင့် စိတ်ဝင်စားဘွယ်ရာ ဖြစ်လာအောင် ပြင်နိုင်လျှင် ပြင်ပါ။
2. TEXTURE
အရေး အကြောင်းဟု ဆိုရ မည့် Texture သည် Portrait ပုံ တစ်ပုံ၏ အရေး အကြီးဆုံး အစိတ် အပိုင်း ဖြစ်သည်။ Texture နှင့် နောက်ခံ Background တို့ လိုက်လျှော ညီထွေ ရှိရန် လိုသည်။ တစ်ပုံ လုံးကို Texturizing အရေးအကြောင်း အကွက် အပြောက်တို့ဖြင့် ထုံမွန်းနိုင်လျှင် ပုံ ၏အား ပို တက် လာနိုင် သည်။ အောက်ပုံ ၏မျက်နှာ ပေါ်ရှိ Texture နှင့် အရောင် ၊  Background Texture နှင့် အရောင်တို့  Match up ဖြစ်နေသည်ကို ကြည့်ပါရန်။
3. OVEREXPOSE
Subject ကို  Highlight ပေးထားလျှင်  ဖြစ်စေ High-Key ပြုလုပ်ထားလျှင် Subject သည် soft portrait ဖြစ်လာကာ ကြည့်ရသည်မှာ ငြိမ့်ညောင်း လှပေမည်။ High-Key ပုံ မှာ အနုစိတ်ကလေးများကို ဖယ် ရှားလိုက်သ ည့် အတွက် ပုံ သည် နု ညံ့ ချောမွေ့ လာသည်။ အောက် ပုံ ကို ကြည့် ပါ။
4. UNDEREXPOSE
အကယ်၍ အမှေင် များများ နှင့် Low-Key ရိုက်ထားသည့် ပုံတွင်မူ သဘာဝ အရ ပုံ၏ လင်းနေသည့် အပိုင်း က ကြည့်သူ၏ မျက်လုံး ကို ဆွဲ ခေါ် သွား လိမ့် မည်။ ကြည့်ရ သည်မှာ High-Key ကိုကြည့် ရသည် နှင့် မတူ ဘဲ ကော်ဖီ ပြင်းပြင်း သောက်ရ သကဲ့ သို့ ခတ် မာမာ ကြည့်ရသည့် ပုံ မျိုး ဖြစ်သည်။
5. BACK-LIGHT
Back-Light ဖြင့် ရိုက်သည်အခါ တွင် အောက်ပုံ ကဲ့ ကို့ ဆံ ပင်သည် အဓိက ရောင်ပြန် နေရာ ဖြစ်လိုပါက ဆံပင် နေရာကို ရိုက်သူ နှင့် အလင်း ရောင် အကြားတွင် ထားပါ။ Subject ကို အနည်းငယ် လှမ်းသော နေရာတွင် ထားခြင်းဖြင့် Silhouette ပုံ လည်း ရနိုင်သည်။
6. POSING
ဟန်ပန် အနေအထားဟု ဆိုရမည့် Posing ကို အမြင်ဆန်းအောင် ထူးဆန်းသည့် ပုံ စံမျိုး ဖြင့် Posing လုပ်ခြင်းသည် သက်တောင့် သက်ကာ မရှိစေကာမူ အမြင် ဆန်းသည်။ အောက်ပုံ ကို ကြည့်ပါ။ စင်စစ်အားဖြင့် Posing တစ်ခု ထည်း ကာမက ရိုက်သည့်  ရှု ဒေါင့် အနေအထား လည်း လိုက်လေဆာ ညီထွေ ရှိရန် လို အပ်သည်။
7. CULTURE
Culture ဆိုတာ ကတော့ နေရာတိုင်းတွင် ရျိသည့်အရာဖြစ်သည်။ နိုင်ငံ အနှံ့ အပြား တွင် မဆိုထားဘါ မိမိ ၏ မြို့ ရွာ ၌ ပင် Culture ရှိသည်။ နေရာ အနှံ့ အပြား ခရီးထွက် စဉ် စိတ်ဝင်စားဘွယ်ရာ Cultural များကို ရှာ ဖွေ ပါ။
8. REFLECTIONS
 ပြုတင်းပေါက်၊ မှန် ၊ ရေ တို့ မှ ပြန်လာသည့် အလင်းတန်းများကို Subject အတွက် Reflection အဖြစ် သုံ နိုင်သည်။ အဆိုပါ Light source များမှ  Result နှင့် texture အမျိုးမျိုး ရနိုင်သည်။
9. SHADOWS
အရိပ် ကို ပုံ ၏ အရေးကြိးသည့် အစိတ်အပိုင်း အဖြစ်သုံးပါ။ တစ်ခါ တစ်ရံ တွင် အရိပ်သည် Main subject ထက် ပို၍ပင် ထင်ပေါ် သည့် အနေအထားရောက်လာ တတ်သည်။
10. GET CLOSE
Subject ၏ မျက်နှာ ကို မည်ကဲ့ သို့ crop လုပ် ကာ ဖယ်ထုတ်လိုက် ရမည် ဆိုသည့် နည်း နိသယ မရှိပါ။
Crop လုပ်ပြိးနောင် ပုံ တါင်ုကန် ရစ်ခဲ့မည့် အပိုင်းသည် ကြည့် သူ၏ အာရုံကို ဆွဲ ဆောင်နိုင် မည့် အစိတ် အပိုင်း ဖြစ်ရန်တော့ လိုသည်။
11. (UN)FOCUS
Out-of -Focus ဖြစ်နေသည့် အပိုင်းသည် In-Focus ဖြစ်နေသည့် အပိုင်း ထက် ပို၍ ပင် စိတ်ဝင်စားဘွယ်ရာ ကောင်းတတ်သည်။ မသဲ မကွဲ ဖြစ်နေသည့် အပိုင်းကို ကြည့်သူ ၏ မသိ စိတ်တွင်သိလို သည့် စိတ် ဖြစ်ပေါ် စေအောင် ဆွဲ ဆောင် နိုင်သည်။
12. MOVEMENT
အောက်ပုံ ကဲ့သို့ ပုံတစ်လုံး ၀ါး (Blur)  ဖြစ်နေပါစေ အဆိုပါ Blur သည် Movement ကို ပြနေပေသည်။
အောက်ပုံကဲ့ သို့ အနေအထားတွင် တကယ့် Subject အစစ် ကိုပြသည်ထက် ဤ Subject မည်ကဲ့ သို့ ဖြစ်နေ ပါလိမ့် ဟူသည့် အတွေး ကိုပေးသည်။
13. CAPTURE THE MOMENT
တစ်စုံ တစ်ဦး ၏ သူနှစ်သက် ရာ ကို လုပ်ဆောင် နေစဉ် ထို Moment ကို ဖမ်းထားလိုက်ခြင်း ဖြစ်သည်။ အမျိုးမျိုး သော ဟန်ပန် အနေအထားမျယ ဖြစ်နိုင်သည်။ Street Photography တွင် အဆိုပါ Moment များ ရနိုင်သည်။
14. COLORS
Subject အား အာရုံ စိုက် လာ နိုင်ရေးအတွက် Vibrant and Contrasting Colour များ သုံးရန် လိုသည်။
makeup, clothing, accessories တို့ အပြင် အခြား သင့် လျှော်ရာ များကိုလည်း သုံးနိုင်သည်။
15. GET SERIOUS
Portrait အာလုံးသည် အပြုံးတွေ ဝေ နေရမည်ဟု တသမတ် ထည်း မှတ်၍မရ။ မျက်နှာ အသွင် အပြင်၏ Seriuos Emotion သည်လည်း အဓိက နေရာတွင် ရှိသည်ကို သတိပြုပါ။ အောက်ပုံ ၏ မျက် နှာ တွင် Highly Emotion ကို တွေ့ နိုင်သည်။
16. PROPS
ပတ်ဝန်ကျင်တွင်ရှိနေသည့် ပစ္စည်း ပစ္စယ များ ၏ အထောက်အပံ့ ဖြင့် လည်း စတ်ဝင်စားဘွယ် ဖြစ်လာစေရန်  ဆောင်ရွက် နိုင်သည်။ Sub ject ကို အဆိုပါ ပစ္စည်း များ၏ မည်  သည့်နေရာတွင် - in, on, under, around, etc. ထား၍ အသုံးပြု လျှင် ကောင်းမည်ကို ကြည့်ပါ။
http://akyab-online.blogspot.com မှ ပြန်လည်မျှဝေပါသည် ...
Outdoor Portraits ရိုက် သည့် နည်း လမ်းများ 1
Outdoor Portrait photography
Portrait ရိုက်ရာတွင် ပုံစံ အမျိးမျိုးရှိနိုင်သည်။ ကိုယ်ဟန် အမျိုးမျိုး Lighting အမျိုးမျိုး နည်းအမျိုးမျိုး ရှိနိုင်သည်။ ဤ ရိုက်နည်းတွင် hard and fast rules မရှိ သို့ရာတွင် အရေးကြီးသည့် အချက် အချို့ ကို သတိထားရန်တော့ လိုသည်။
Location
Portrait ရိုက်ရန်အတွက် နေရာ Location ရွေးချက်ရန် စနည်းနာ ထွက်ဘို့ လိုသည်။ နေရာ ရွေးပြီးပါက နောက်ခံ ရှုခင်း အဆင်ပြေမည့် အကွက် အကွင်း Area ရွေးရမည်။ နောက် ခံ background သည် Subject ကို လွမ်းမသွားရန် လိုသည်။ အဆိုပါ နောက်ခံ သည် အဆိုပါ Portrait ၏ Story ကို ပြောပြ သကဲ့ သို့ ဖြစ်နေ ပေလိမ့်မည်။ သို့ သော် နောက်ခံ background အားအလွန်ကောင်းသွားပါက Subject ပေါ်လွင် မှု ပြောက် သွားမည်ကို လည်း သတိ ပြုရမည်။
အောက်ပုံ ကို ကြည့်ပါ။ background သည် Story ဖြစ်သည့် ချယ်ရီ ပွင့် ချိန် ကို ပြော ပြ ရုံ မျှသာ ရှိပြီး ရှေ့ရှိ subject ကို လွှမ်းမိုးခြင်း မရှိသည်ကို တွေ့ နိင်သည်။
Quick tip:  Outdoor Portrair ရိုက်ရာတွင် Backup Plan အမြဲ ထားပါ။ အကြောင်း ကြောင်း ကြောင်း ကြောင့်ရာသီဥတု ဖေါက်ပြန် လာပါက အနီးတွင် Indoor shooting  အတွက် စီစဉ်ထားပါ။
Lighting
Portreitue ကို သဘာဝ အလင်းရောင်ဖြင့် ရိုက်မည် ဆိုပါက ဓါတ်ပုံ သမားများသည် " Golden Hours " ဟု ခေါ်သည့် နံနက် ပိုင်း နျင့် ညနေ ပိုင်းများ အချိန်များကို ရွေး ကြသည်။ အဆိုပါ အချိန်များ သည် အသား ရောင် ကို Warm glow  skin tone မျိုး ပေးသည်။ အဆိုပါ အချိန် များတွင် တိမ်ဖုံးလာပါက ဓါတ်ပုံ ရိုက်ရာတွင် ပို၍ အထောက်အကူ ဖြစ်စေသည်။ ယခင် မှတ်စုများတွင် ရေးခဲ့ လို တိမ် ဖုံး ခြင်းသည် Softbox ကြီးတစ်ခု လို ဖြစ်လာစေသည်။ Soft Light ကို ရစေ နိုင်သည့် အခွင့် အရေး ဖြစ်သည်။ Indoor တွင် ရိုက်လျှင် လည်း Soft Light ရစေရန် ပြုတင်းပေါက် ကြီးကြီး နား တွင် ရိုက်ပါ။ ဤသို့ ဖြင့် Subject ၏မျက်လုံးတွင် Beautiful catchlights များ ပေါ်လာစေနိုင်သည်။
Quick tip:  White Board အကြီး တစ်ခုကို Reflector အဖြစ်သုံးပါက Subject ၏ Uderexposedဖြစ်နေသည့် ဧရိယာ ကို အလင်းရောင် ဖြည့် ပေး လိမ့် မည်။
Eye contact
မျက်လုံးသည် စိတ် ကို မြင်စေ သည့် ပြူတင်းပေါက် ဟု ဆို သည့် အတိုင်း Portraiture ရိုက် ပါပ မျက်လုံးတွင် Focus ဖြတ်ပါ။  အကယ်၍ subject သည် ကင်မရာ ဘက် သို့ တည့်တည့် မလှည့် ပါက ကင်မရာ နှင့်အနီးဆုံး မျက်လုံးကို Focus  ယူပါ။ အုပ် စု ကို ရိုက်ပါက ပုံများများ ရိုက်ပါ သို့ နှင့် မျက်စေ့ မှိတ်နေသူများ ရှိပါက မမှိတ် သည့် ပုံ ကို ရွေး နိုင်မည်။
Quick tip:  ခလေး ငယ်များကို ရိုက်လျှင် သူ၏ မျက်လုံး ကို Contact ရ စေရန် ကစားစရာများ ပြ၍ မြှူ ပေးပါ။
Depth-of-field
Depth of Fielf အတို (Shallow Depth of Fied ) သည် Portraiture ရိုက်ရာတွင် အကောင်းဆုံးဖြစ်သည်။ Shallow Depth of Fied  သည် Subject ကို ပြတ်သား စေပြီး နောက်ခံ Background  ကိုမူ ၀ါး သွား စေသည်။ ဥပမာ 50mm, f 1.8 ကဲ့သို့ prime Lens သည် subject ကိုပြတ်သားစေပြီး နောက်ခံ ကို ၀ါး သွားစေသည့်အတွက်  Background  Distraction ကို ဖြောက် ပစ်လိုက် နိုင်သည်။ Compact Camera များအတွက် မူ  f 3.5 အောက်တွင် ထား၍လည်းကောင်း  snapper's portrait modes  ထား၍ လည်းကောင်း ရိုက်ပါက အဆိုပါ Result မျိုး ဆန်ဆန် ရ နိုင်သည်။
Quick tip:  Compact များအတွက် မူ Zoom ကို အပြည့် ဆွဲ ကာ ရိုက်ခြင်းဖြင့် Subject ကို ပေါ်လာစေကာ Shallow depth of field ကိုလည်း ရနိုင်သည်။
Framing 
Portrait ရိုက်ရာတွင် ဘေးပတ်ဝန်းကျင်ကို ရှောင်လွဲ ၍ မရပါက  Frame အဖြစ် သုံး လိုက်ပါ။ ဥပမာ arches, doorways, corridors, windows, gazebos  စသည် တို့ သည် Frame အဖြစ် သုံ ၍ ရသည့် အရာ များ ဖြစ်သည်။ Frame ထဲတွင် subject ကို ထည့် လိုက်ခြင်းဖြင့် ကြည့်သယ၏ အာရုံ ကို ပို ၍ ဖမ်း စားနိုင်သည်။ လူ များ ကိုလည်း  Frame အဖြစ် သုံး နိုင်သည်။ ဥပမာ - အဖွာ၏ ၇၅ နှစ် မြောက် မွေးနေ့ တွင် အဖွား၏ ပတ်လယ် တွင် မြေး များ ၀ိုင်း နေသည့် ပုံ မျိုး ဖြစ်သည်။ မြေး များ၏ မျက်နှာ Expression သည် မွေး နေ့ အခန်း အနား တွင် ပျော် ရွှင် နေကြသည်ကို ပြော ပြနေသည့် ပုံ ပြင် လေးသဘွယ် ဖြစ်နေ လိမ့်မည်။
Quick tip:  Frame လုပ်ပါက သတိပြုရန်မှာ Frame ကို အနှောက် အယှက် ဖြစ်စေမည့် ဘေးရှိ အရာ အားလုံးကို ဖယ်ရှား ပစ်ရမည်။
http://akyab-online.blogspot.com မှ ပြန်လည် မျှဝေပါသည်။
Dropbox ဆိုတာ
Dropbox  ဆိုတာ
မိမိကွန်ပြူတာမှတင်မဟုတ်ဘဲ cloud server  တစ်ခုခုမှာ သိမ်းဆည်းဖို့ လိုအပ်လာပါတယ်။
သို့ မှသာ မိမိတို့ ရဲ့ တစ်ချို့ သောဒေတာတွေကို မိမိကွန်ပြူတာမှသာမဟုတ် အခြားသော အင်တာနက်ချိတ်ဆက်ထားသော ကွန်ပြူတာများကပါ ယူငင်သုံးစွဲနိုင်မှာပါ။
ဒါကြောင့် အခမဲ့ရနိုင်တဲ့ cloud server တစ်ခုခုကို ရွေးချယ်ရပါမယ်။
အကောင်းဆုံးမဟုတ်တောင် အသုံးများဆုံးသော တစ်ခုကတော့ dropbox ဖြစ်ပါတယ်။
dropbox ဆိုတာ ဘာလဲ
Dropbox ဆိုတာ ကျွန်တော်တို့ ကွန်ပြူတာနှင့် နက်ဝပ် ဆာဗာကို ချိတ်ဆက်ပေးထားတဲ့ ဆင်ခရိုနိုက်ဇင်းဖိုလ်ဒါ တစ်ခုဖြစ်ပါတယ်။
Dropbox ဖိုလ်ဒါထဲကို မိမိတို့ ဒေတာတွေထည့်ထားလိုက်တာနှင့် နက်ဝပ်ထဲဝင်လိုက်တယ်ဆိုရင်ဘဲ
ထိုဒေတာတွေကို ကလောက်ဆာဗာဆီကို ဆင်ခရိုနိုက်လုပ်သွားပါတယ်။
ထိုဒေတာတွေကို ဆာဗာက သိမ်းဆည်းပေးထားပါတယ်။
တကယ်လို့ မိမိတို့ ဒေတာတွေကို လိုအပ်တဲ့အခါ၊ပြန်လည်ဝေမျှလိုတဲ့အခါ မိမိတို့ ရဲ့ dropbox ကိုဖွင့်လိုက်တာနှင့် ပြန်လည်ရရှိနိုင်ပါတယ်။
Dropbox ဆိုတာ ဘယ် platform မှာလုပ်လုပ်သလဲ
Dropbox  က ၀င်းဒိုး၊မက်၊လင်းနက်စ်၊အင်းဒရိုက်တို့ မှာ အလုပ်လုပ်နိုင်ပါတယ်။
Dropbox  ကိုကြည့်တဲ့အခါ နှစ်ပိုင်းရှိပါတယ်။
အဲဒါကတော့ dropbox application နှင့် web interface တို့ ဖြစ်ပါတယ်။
Dropbox  application  ကို မိမိတို့ အသုံးပြုမဲ့ ကွန်ပြူတာသို့ မဟုတ် ဖုန်းထဲကို ထည့်သွင်းထားရပါတယ်။
သို့ မှသာ ထို appကတစ်ဆင့် မိမိနှင့်သက်ဆိုင်တဲ့ web interface ကိုရောက်မှာဖြစ်ပါတယ်။
Web interface
Dropbox  မှာ အညွန်းလေးတွေပါပါတယ်။
အကယ်လို့ မိမိတို့ ဖိုင်တွေ ဆာဗာဆီကိုရောက်သွားပြီဆိုရင် အစိမ်းရောင် အမှန်ခြစ်လေးကို မြင်ရမှာပါ။
အကယ်လို့ မိမိတို့ ဖိုင်တွေကို ဆင်ခရိုနိုက်လုပ်နေဆဲဆိုရင်တော့ အပြာရောင်စက်ဝိုင်းလေးကိုမြင်ရမှာပါ။
အကယ်လို့ မိမိတို့ ဖိုင်တွေကို dropbox ဆီ ဆင်ခရိုနိုက်မလုပ်နိုင်ဘူးဆိုရင်တော့ အနီရောင်အမှားခြစ်လေးကို
မြင်ရပါမယ်။
ဖိုင်တွေကို dropbox server ထံ Upload ပြုလုပ်ခြင်း
ထိုမှတစ်ဆင့် upload ဆိုတဲ့ စာရွက်ပုံစံလေးကို ကလစ်ပါ။
ပြီးလျှင် drag and drop ပြုလုပ်ပြီး upload လုပ်နိုင်ပါပြီ။
အကယ်၍ ဖုန်းကတစ်ဆင့် upload ပြုလုပ်မယ်ဆိုရင်
မိမိတို့ တင်လိုတဲ့ ဖိုင်ကို ကြာကြာနိပ်လိုက်ပါ….ထိုမှတစ်ဆင့် share ကိုနိပ်ပါ။
Dropbox ကိုရွေးချယ်ပါ။
ဆာဗာဆီကို အလိုလို upload ပြုလုပ်ပေးပါလိမ့်မယ်။
ဆာဗာထံမှ မိမိdropbox ကိုဖွင့်ခြင်း
www.dropbox.com  ကိုဖွင့်ပါ။
login ပြုလုပ်ပါ။
မိမိရဲ့  dropbox homepage  ကိုရောက်ပါပြီ။
မိမိ Homepage မှာ မိမိတင်ထားတဲ့ dropbox folder များကိုမြင်ရပါမယ်။
Dropbox  folder များကို share /downloading
 အကယ်၍ မိမိ၇ဲ့ ဖိုလ်ဒါများကို အခြားတစ်ဦးဦုးကို ရှယ်ချင်တယ်ဆိုရင်
မိမိဖိုလ်ဒါနောက်က သံကြိုးပုံစံ ရှယ်လင့်လေးကို ကလစ်ပါ။
New tab ပွင့်လာပြီး မိမိဖိုလ်ဒါကိုရောက်ပါမယ်။
ထိုမှတဆင့် မိမိပို့ လိုတဲ့ မေးလ်လိပ်စာကို ရိုက်ထည့်ပြီး တိုက်ရိုက်ပို့ နိုင်ပါတယ်။
သို့ မဟုတ် public ပြုလုပ်လိုတယ်ဆိုရင်  main search box ထဲက လင့်ကို copy လုပ်ပြီး အခြားကိုယ်မျှလိုတဲ့
နေရာမှာ paste လုပ်ပါ။ ဒါက  download link  ဖြစ်ပါတယ်။
အကယ်၍ မိမိကိုယ်တိုင်အခြားကွန်ပြူတာကနေ download လုပ်ခြင်တာဆိုရင်တော့
မိမိဖိုလ်ဒါပေါ်မှာ right click လုပ်ပါ။ download  ကိုရွေးပါ။
အခြား function  များကတော့ သိပြီးအတိုင်းပါပဲ
ဖိုလ်ဒါများကို ဖယ်ထုတ်ခြင်း ရွေ့ ခြင်း စသည်တို့ ဖြစ်ပါတယ်။
အားလုံး ကိုကျေးဇူးတင်ပါတယ်။
http://drnaywinaung.blogspot.com မှ ပြန်လည်မျှဝေပါသည် ...။
proxy ဆိုတာဘာလဲ
proxy ဆိုတာဘာလဲ
Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က
သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို
ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ
ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့
ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache
လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ
ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update
မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး
ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့
သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။ (ygncache2.mpt.net.mm ပါ)
Anonymous Proxy Server ဆိုတာဘာလဲ
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး
ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို
လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
    Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန်
Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။
Free Proxy Server ဆိုတာဘာလဲ
Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များ များမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြ ပါဘူး။
Proxy Server အမျိုးအစားများ
Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။
HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။
အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို
Chat Program တွေပါ။
SOCKS Proxy
သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို
လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး
အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား
SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။
CGI Proxy
CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။
FTP Proxy
FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight
တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့
Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)
Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး
 အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ် က လဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။
မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။  ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။
    ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web
Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ
Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း
အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်
သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။
    ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေ ကို မဆိုလိုပါ)
    ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့.......
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါ တယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။
စိမ့်စမ်းရေ မှ ပြန်လည်ကူးယူဖော်ပြပါတယ်။
Friday, September 5, 2014
PAIDVERTS မှာ - ငွေရှာနည်း
PAIDVERTS မှာ - ငွေရှာနည်း ၊ ငွေထုတ်နည်း ၊ BAP Point ၀ယ်ထည့်နည်း 3 In 1 PDF ( Re Upload )
PAIDVERTS မှာ ငွေရှာနည်း ၊ ငွေထုတ်နည်း ၊ BAP POINT ၀ယ်ထည့်နည်း စာအုပ် သုံးအုပ်ကို Follower အသစ်များအတွက် တင်ပေးလိုက်ပါတယ်။ ဒီစာအုပ် သုံးအုပ်ကိုသေချာဖတ်ပြီးသွားရင်တော့ PAIDVERTS ကို နားလည်ကျွမ်းကျင်စွာအသုံးပြ
ုတတ်မယ် ၊ ငွေထုတ်တတ်သွားမယ် ၊ Online Payment System ကို အတော်အသင့်နားလည်သွားပါလိမ့်မယ်။ Mediafire ကနေတင်ပေးထားပါတယ်။ အလွယ်ဆုံး DownLink ကနေတင်ပေးထားတာမလို့ ဒေါင်းလို့အဆင်ပြေမယ်ထင်ပါတယ်နော့် .. ဖုန်းနဲ့ဒေါင်းမရရင် ကွန်ပျူတာနဲ့ဒေါင်းပါ။ မဒေါင်းတတ်ရင် ကျွမ်းကျင်သူကိုလုပ်ခိုင်းပါ .. 
PAIDVERTS မှငွေရှာနည်း ~~>DOWNLOAD
PAIDVERTS မှငွေထုတ်နည်း ~~>DOWNLOAD
PAIDVERTS တွင် BAP ၀ယ်ထည့်နည်း ~~>DOWNLOAD